ကုန်အမှတ်တံဆိပ်တစ်ခု ဖန်တီးတဲ့အခါ လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများနှင့် လိုက်နာရမည့်အချက်များ။

15-Feb-24 အခြား
ကုန်အမှတ်တံဆိပ်တစ်ခု ဖန်တီးတဲ့အခါ လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများနှင့် လိုက်နာရမည့်အချက်များ။

ကျွန်တော်က စီးပွားရေးလုပ်ငန်းတစ်ခုစတင်ဖို့ ကြိုးပမ်းနေသူတစ်ယောက်ပါ။ 
ကျွန်တော့်လုပ်ငန်းအတွက် ကုန် အမှတ်တံဆိပ်တစ်ခု စဉ်းစားနေတာကြာပါပြီ။
သူများမှတ်ပုံတင်ပြီးသားတွေနဲ့ တူမှာကိုလည်း စိုးရမ်ပါ တယ် ။ ဒါကြောင့်
 ကုန်အမှတ်တံဆိပ်အသစ်တစ်ခု စတင်ဖန်တီးတဲ့အခါ ဘယ်လို 
စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့လိုသလဲဆိုတာ သိလိုပါတယ် ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မသုံးရဘူးလို့ ဥပဒေက တားထားတာ ရှိတယ်။ နောက်တစ်ခုက 
ကိုယ်ကမသုံးသင့်ဘူးလို့ ကိုယ့်ဟာကိုယ် စဉ်းစားရမှာ ရှိတယ်။
 နောက်တော့ ဘာကိုဘယ်လိုသုံးသင့်သလဲဆိုတာ သုံးမျိုးပေါ့နော်။
 အခု ဒီမေးခွန်းရဲ့ ပိုင်ရှင်က သူ့ရဲ့လုပ်ငန်းလို့ ပြောထားလို့ ဒါသည်
 ဝန်ဆောင်မှုလုပ်ငန်းလည်း ဖြစ်နိုင်တယ်။ ကုန်ပစ္စည်း ထုတ်လုပ်တဲ့
လုပ်ငန်းလည်း ဖြစ်နိုင်တယ်။ အဲဒီမှာ ကျွန်တော်ပြောချင်တာကတော့
ကိုယ့်ကုန်အမှတ်တံဆိပ်တစ်ခုကို စပြီးတော့ ဖန်တီးတော့မယ်လို့
 သူပြောတယ်ပေါ့နော်။ 
ဖန်တီးတော့မယ်ဆိုရင် တချို့က ဘာလုပ်ကြသလဲဆိုရင် စာအုပ်
စာတမ်းတွေ ရှာတယ်။ သူများဆိုင်းဘုတ် တွေကြည့်တယ်။
နာမည်ကြီးတာတွေ ကြည့်တယ်။ ဝက်ဆိုဒ်တွေမှာ ကြည့်တယ်။
ကြည့်ပါ ၊ကြည့်ပြီးရင် အဲဒါနဲ့ မတူအောင်လုပ်ပါ။ သူတစ်ပါးဟာနဲ့
 တူခြင်းအားဖြင့် ကိုယ့်ရဲ့ပစ္စည်း ကိုယ့်ရဲ့ဟာသည် ကိုယ်ပိုင်အစစ်
 မဟုတ် တော့ဘူး။ သူတစ်ပါးက အနည်းဆုံး တစ်ခြမ်းတစ်ဝက်
ပိုင်တဲ့ပစ္စည်း ဖြစ်သွားပြီး ကိုယ်ထုတ်လုပ်မဲ့ပစ္စည်း ၊ကိုယ်ဝန်ဆောင်မယ့်
ပစ္စည်းက ကိုယ့်တစ်ယောက်ထဲနဲ့သာဆိုင်တဲ့ နာမည်သီးသန့်တော့
 ဖြစ်စေချင်တယ်။  သဘောက ဦးချိန်တီမိသားစုက ထုတ်တဲ့
 ချောင်းဆိုးပျောက်ဆေးက ဦးချိန်တီ။ ဦးချိန်တီမဟုတ်ဘဲနဲ့
 ဦးဝင်းဦး တို့၊ ဦးကျော်ဟိန်းတို့ သွားသုံးလိုက်ရင် သူ့ပစ္စည်းဖြစ်မယ်။
 အဲသလိုပေါ့နော်။ ကိုယ့်ရဲ့ကိုယ်ပိုင်ပစ္စည်းနာမည်ကို သုံးစေချင်တယ်။ 
နောက်တစ်ခုက ဘာလဲဆိုရင် လုပ်ငန်းမတူဘူး။ နာမည်တူနေတယ်ဆိုရင်
 ဒီဇိုင်းတို့ ၊ ဖောင့်တို့ ၊ အသွင် အပြင်တို့ မတူအောင် သုံးပါ။
 ဥပမာတစ်ခုပြောမယ်ဆိုရင် ယုဇနလက်ဖက်နဲ့ ယုဇနဆောက်လုပ်ရေးနဲ့ 
ယုဇန ချင်းတော့တူတယ်။ ဒီ ယုဇနဆိုတဲ့နာမည်ကို ငါဘဲပိုင်တယ်၊ 
သူပဲပိုင်တယ် ငြင်းနေမဲ့အစား ဘယ်လိုမှ မှားစရာ မရှိတဲ့ဟာကို
 မတူအောင်လုပ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ကိုယ်နဲ့လုပ်ငန်းတူတဲ့
ပစ္စည်းတွေ ၊ ထုတ် လုပ်နေတဲ့ ဝန်ဆောင်နေတဲ့ လူတွေရဲ့
 နာမည်နဲ့သော်လည်း ကောင်း၊ နာမည်ရဲ့ ဖောင့်တွေနဲ့ လုံးဝမတူတာတွေ သုံးပါ။
 အဓိကက ဘာလဲဆိုတော့ ပန်းချီဆရာတွေ၊ ဒီဇိုင်းဆရာတွေကလည်း
 နည်းနည်းပါးနပ်ဖို့လိုတယ်။ သူများ နာမည်ကြီးပြီးသား တံဆိပ်တွေကို
 ဒီအတိုင်းထည့်ပြီးတော့  ဗမာနာမည်လေး တပ်လိုက်တာမျိုးတွေ
 မဖြစ်စေချင်ဘူး။ တစ်ခါ တည်း ကုန်အမှတ်တံဆိပ်က သူ့ရဲ့နာမည်
တင်မကဘူး။ သူ့ရဲ့ Feature ကော ၊ Logo တို့ ၊ Device တို့နဲ့ပါ
 တူရင်လည်း တရားစွဲခံရတာတွေရှိတယ်။ အဓိကတော့ ဘာကို
 သုံးရမလဲဆိုရင် ဘယ်သူ့ ဟာနဲ့မှ မတူတဲ့ နာမည်လည်း ဖြစ်ချင်ဖြစ်မယ်။
 အရုပ်၊ အရောင်၊တံဆိပ်လည်း ဖြစ်ချင်ဖြစ်မယ်။ အဲဒီလိုတီထွင်တာက 
ကိုယ့်အတွက် ရေရှည်ခံတဲ့ အမှတ်တံဆိပ် ဖြစ်လာမယ်လို့ ဖြေချင်ပါတယ်။

#DVBLawLab #ကုန်အမှတ်တံဆိပ်  #မူပိုင်ခွင့်

Credit- ဥပဒေရေးရာ

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate