ဂရန် သက်တမ်းကုန်ဆုံးနေတဲ့ ဂရန်တစ်ခုကို မိမိ နာမည်ဂရန်အမည်ပေါက်ဖြစ်အောင် ဆောင်ရွက်ချင်သော်လည်း အမည်ပေါက်ပိုင်ရှင် မရှိတော့ရင် ဘယ်လိုဆက်လက်လုပ်ဆောင်ရမလဲ.--------/

ဂရန် သက်တမ်းကုန်ဆုံးနေတဲ့ ဂရန်တစ်ခုကို မိမိ နာမည်ဂရန်အမည်ပေါက်ဖြစ်အောင်  ဆောင်ရွက်ချင်သော်လည်း  အမည်ပေါက်ပိုင်ရှင် မရှိတော့ရင် ဘယ်လိုဆက်လက်လုပ်ဆောင်ရမလဲ.--------/

ဂရန် သက်တမ်းကုန်ဆုံးနေတဲ့ ဂရန်တစ်ခုကို

မိမိ နာမည်ဂရန်အမည်ပေါက်ဖြစ်အောင် 

ဆောင်ရွက်ချင်သော်လည်း 

အမည်ပေါက်ပိုင်ရှင် မရှိတော့ရင် ဘယ်လိုဆက်လက်လုပ်ဆောင်ရမလဲ.-------- /

နစ်(၃၀) ဂရန်မြေကွက် တစ်ကွက် ဝယ်ထားတာ(၁၀) နစ်ကျော်ပါပြီ /

အခုချိန်မှာ ဂရန်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်လို့ 

မူရင်းအမည်ပေါက်ကနေ မိမိအမည်ပေါက်ဖြစ်အောင် ပြောင်းလိုပါတယ် /

မူရင်းအမည်ပေါက်တဲ့သူ အိမ်ပြောင်းသွားတဲ့အတွက်ရှာရခက်နေပါတယ် /

အကယ်၍ ရှာမတွေ့တော့ရင် ဘယ်လိုလုပ်ရမလဲ။ 

ကိုယ်ဝယ်ယူထားတဲ့စာချုပ်က သာမာန်အရပ်စာချုပ်နဲ့ဝယ်ထားတာလား /

မှတ်ပုံတင်စာချုပ်နဲ့ဝယ်ထားတာလားဆိုတာ ကြည့်ရပါမယ်

မှတ်ပုံတင်စာချုပ်နဲ့ဝယ်ထားတယ်ဆိုရင်တော့ အမည်ပေါက်ပိုင်ရှင် မလိုတော့ပါဘူး 

မှတ်ပုံတင်စာချုပ်နဲ့တွဲပြီးတော့ သက်ဆိုင်ရာသို့ မိမိ မှတ်ပုံတင်စာချုပ်ဖြင့်

ဝယ်ထားကြောင်းတင်ပြ၍ ဂရန်သက်တမ်းတိုးပေးရန်နှင့် 

အမည်ပြောင်းလဲပေးရန် တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်

သက်ဆိုင်ရာမှ ဂရန်သက်တမ်းပြတ်တောက် ကာလများအတွက်

 သတ်မှတ်ထားသောဒဏ်ကြေးများပေးဆောင်စေ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ 

ဂရန်သက်တမ်းတိုးပေးကာ အမည်ပေါက်ပြောင်းလဲပေးမှာဖြစ်ပါတယ်.

အရပ်စာချုပ်နဲ့ဝယ်ထားတာဆိုရင်တော့ 

အရပ်စာချုပ်သည် မရွှေ့မပြောင်းနိုင်သောပစွည်းနှင့်ပတ်သတ်ရင် 

သက်ဆိုင်ရာတရားရုံးများမှာသက်သေခံတင်သွင်းလို့မရပါဘူး

ဂရန်သက်တမ်းကုန်ဆုံးနေတဲ့ ဂရန်တွေအတွက်တော့ 

ဂရန်လုပ်ထုံးလုပ်နည်းများအရ သက်ဆိုင်ရာဂရန်သက်တမ်းမကုန်ဆုံးမီ (၃) လကြိုတင်၍

  ဂရန်သက်တမ်းတိုး လျှောက်ထားခြင်းမရှိလျှင် လုပ်ထုံးလုပ်နည်းများအရ

 ဂရန် ပျက် သွားပြီဟု ယူဆရပါမယ်.

ထို့ကြောင့် အဆိုပါမြေသည် နိုင်ငံတော်မှ စီမံခန့်ခွဲပြီး

 ပြန်လည်ချထားပေးနိုင်သောမြေအဖြစ်သို့ အလိုလို ပြန်လည်ရောက်ရှိသွားပါတယ်

ဒါကြောင့်အဆိုပါ မြေသည် ဂရန်ရမြေ မဟုတ်တော့ပါဘူးအရင်က ဂရန်ရထားပြီးသား 

မြေဟုသာသတ်မှတ်ပါတယ်..

အဲ့တော့ သူသည်  အရပ်စာချုပ်နဲ့ ဒီမြေပေါ်မှာ လက်ရှိထား ရယူသုံးစွဲကြောင်း 

အထောက်အထားတင်ပြ၍ သက်ဆိုင်ရာသို့ဂရန်အသစ်တစ်ခု ထုတ်ပေးရန်လျှောက်ထားရမှာဖြစ်ပါတယ်

 

DVBlawlab ကူးယူဖော်ပြပါသည်။

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!