“ဂရန်သက်တမ်းတိုးလျှောက်ထားခြင်း”

“ဂရန်သက်တမ်းတိုးလျှောက်ထားခြင်း”

“ဂရန်သက်တမ်းတိုး လျှောက်ထားခြင်း”
ဂရန်သက်တမ်းတိုး လျှောက်ထားခြင်းကို ရန်ကုန်မြို့တော် စည်ပင်သာရေးနယ်နိမိတ် အတွင်းနေထိုင်သူ ဖြစ်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနသို့ လျှောက်ထားရပါမည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဝဘ်ဆိုဒ်တွင် အွန်လိုင်းမှ လည်းလျှောက်ထားနိုင်ပါသည်။ အွန်လိုင်းမှ လျှောက်မည်ဆိုပါက စာရွက်စာတမ်း အထောက်အထားများ ကို ပီဒီအက်ဖ် ဖိုင်လုပ်ပေးရပါသည်။
အောက်ပါ စာရွက်စာတမ်း အထောက်အထားတို့ဖြင့် လျှောက်ထားရမည်ဖြစ်ပါသည်။

(၁) လျှောက်ထားသူ၏ မှတ်ပုံတင်မူရင်း မိတ္တူ ( ဂရန်အမည်ပေါက်သူ ကိုယ်တိုင်လျှောက်လျှင် ပိုမြန်ပါသည်။)
(၂) မူရင်းမြေဂရန် နှင့် ပူးတွဲပါမြေပုံ
(၃) ပိုင်ဆိုင်ကြောင်း အထောက်အထား ဆက်စပ်စာချုပ်များ
(၄) မြေခွန်ကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက်( နောက်ဆုံးလမြေခွန်ပြေစာမိတ္တူ)
(၅) ရပ်ကွက်အတူနေ နှစ်ဦး၏ထောက်ခံချက်
(၆) ပြင်ဆင်သတ်မှတ်သည့် မြေငှားခကို ပေးဆောင်နိုင်ကြောင်း ဝန်ခံချက်၊
(၇) မြေငှားစာချုပ်ပါ စည်းကမ်းချက်တို့ကို လိုက်နာနိုင်ကြောင်း ဝန်ခံချက်တို့ဖြစ်သည်

ဌာနမှ ကြေငြာစာ(၂) စောင် ထုတ်ပေးသည့်အခါတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတို့တွင် သတ်မှတ်ရက်အတိုင်း ကပ်ထားပေးရပါမည်။  မြေရာဇဝင် တွင် ကန့်သတ်ချက်မရှိပါက အမှုတွဲအား ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ပြီးဂရန်သက်တမ်း ထပ်မံတိုးမြှင့်ပေးမည် ဖြစ်ပါသည်။
မြေပုံကူးလျှောက်ထားခြင်း
မြေငှားစာချုပ် ဂရန် လျှောက်ထားခြင်း
အိမ်တိုင်ရာရောက် ဝန်ဆောင်မှုအားနှုန်းထား သတ်မှတ်ခြင်း
မြေပုံကူး ဝန်ဆောင်ခများနှင့် ကြာမြှင့်ချိန်
အမည်ပြောင်းအမှုတွဲများစာရင်း
စသည်တို့နှင့်ပတ်သက်သော နှုန်းထားများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

အုပ်စု (၁) ဒလ ၊ ဆိပ်တို၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံ(အရှေ့ ၊ ဆိပ်ကမ်း ၊ တောင် ၊ မြောက်)၊ မင်္ဂလာဒုံ
၁၀၀၀၀

အုပ်စု (၂) အင်းစိန် ၊ မြောက်ဉက္ကလာ ၊ တောင်ဉက္ကလာ ၊ သင်္ဃန်းကျွန်း ၊ သာကေတ ၊ ဒေါပုံ ၊ ကြည့်မြင်တိုင် ၊ အလုံ
၂၀၀၀၀

အုပ်စု (၃) ကမာရွတ် ၊​ မရမ်းကုန်း ၊ လှိုင် ၊ တာမွေ ၊ မင်္ဂလာတောင်ညွှန့် ၊ ပုဇွန်တောင် ၊ ဗိုလ်တထောင် ၊ စမ်းချောင်း
လမ်းမတော် ၊ ပန်းပဲတန်း ၊ လသာ၊ ကျောက်တံတား ၊ ဒဂုံ ၊ ဗဟန်း ၊ ဆိပ်ကမ်း ၊ ရန်ကင်း
၃၀၀၀၀
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ လျှောက်ထားနိုင်သော လျှောက်လွှာ အမျိုးအစားတို့မှာ အောက်ပါ အတိုင်းဖြစ်ပါသည်။
မြေပုံကူး
မြေတိုင်း
အမည်ပြောင်းဂရန်သစ်
ဂရန်မိတ္တူ
ဂရန်ခွဲ
ဂရန်သက်တမ်းတိုး
၃ (က) လက်မှတ်
အတည်ပြု / တိုင်းခွဲ
အမည်ပေါက်မှန် မမှန် စိစစ်ခြင်း
လိုင်စင်သက်တမ်းတိုး
မြေချပါမစ်
မြေကွက်ခွဲစိတ် / ပေါင်းစည်း
မြေခွန်/ မြေငှားခစည်းကြပ်
မြေခွန် /မြေငှားခ ပြင်ဆင်  တို့ဖြစ်ကြပါသည်။ လျှောက်လွှာပုံစံများကို ဝဘ်ဆိုဒ်တွင် တင်ထားပြီးဖြစ်၍ အလွယ်တကူလျှောက်ထားနိုင်ပါကြောင်း မျှဝေအပ်ပါသည်။
ဆရာကြီးမိုးထက်(၁၃.၉.၂၀၂၀) ရက်နေ့ ည(၁၂) နာရီ(၅) မိနစ်
 Credit - ဥပဒေရေးရာ

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate