ငွေပေးတဲ့ အခါတွေမှာ ကျုပ်က စာချုပ်နဲ့ သေသေချာချာ ပေးတာ ၊၊ ငွေပြန် မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ် နှင်းခြင်း ဖောက်ဖျက်မှုနဲ့ တရားစွဲလို့ရမရ သိချင်လို့ပါ ။

ငွေပေးတဲ့ အခါတွေမှာ ကျုပ်က စာချုပ်နဲ့ သေသေချာချာ ပေးတာ ၊၊ ငွေပြန် မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ် နှင်းခြင်း ဖောက်ဖျက်မှုနဲ့ တရားစွဲလို့ရမရ သိချင်လို့ပါ ။

မိတ်ဆွေကြီး ကိုချစ်တီး ပါလား ၊ မတွေ့တာ အတော်ကြာ ပြီနော် ၊ ဝလို့ဖြိုးလို့ 

ဝမ်းဗိုက် ကြီးတောင် ရွှဲလို့ပါလား ၊ ကျန်မားရေးလည်း ဂရုစိုက် ဦးနော်

 

ကိုချစ်တီး ။ ။ အခု လိုမျိုး သတိပေးတာ ကျေးဇူးတင် ပါတယ်ဗျာ ၊ အရောက် အပေါက် 

နည်းသွားတာကအလုပ် တွေများ နေလို့ပါ ။

 

ကျွန်ပ် ။ ။ အလုပ်များ နေတဲ့ ကြားက ပေါက်ချ လာတယ် ဆိုတော့ အရေးကိစ္စပေါ်ပြီးနဲ့ တူတယ် ။

 

ကိုချစ်တီး ။ ။ ကိစ္စရှိမှ ပေါ်လာတယ်လို့ အပြစ်တင်ရင်လည်း ခံရမှာပါ ၊ တိုင်ပင် စရာရှိလို့ပါ ။

 

ကျွန်ပ် ။ ။ ကဲ ပြောဗျာ ၊ ဘာများ တိုင်ပင် ချင်လို့လဲ ။

 

ကိုချစ်တီး ။ ။ ကျုပ် အရပ်ထဲမှာ ငွေတိုး ပေးတယ်ဆိုတာ ခင်ဗျာ သိမှာပါ ၊ ငွေတိုး ပေးတယ် 

ဆိုပေမယ့် ငွေပေးတဲ့ အခါတွေမှာ ကျုပ်က စာချုပ်နဲ့ သေသေချာချာ ပေးတာ ၊ ဥပမာ- 

ကိုမြကို ငွေတစ်သောင်း ချေးတယ် ဆိုပါတော့ဗျာ ၊ အတိုးက ၆ ကျပ်တိုး ယူပါတယ် ၊ 

တစ်လ ၆၀၀ ကျပ် ၊ သုံးလအတွက် ချေးတာဖြစ်လို့ အတိုး ၁၈၀၀ ကျပ် ကျပါတယ် ။ 

ငွေချေးအပ်တဲ့ အခါမှာ ( ယုံကြည် အပ်နှံခြင်း စာချုပ် ) လို့ ခေါင်းစဉ် တပ်ပြီး ဘယ်နေ့ 

ဘယ်ရက်က ငွေ ၁၁၈၀၀ ကျပ် ( တစ်သောင်း တစ်ထောင် ရှစ်ရာ ကျပ်တိိတိ ) ကို ကိုမြကို 

ခေတ္တအပ်နှံထားတယ် ဆိုတဲ့ အကြောင်း ၊ ပြန်မပေးရင် ရာဇဝတ်ကြောင်းအရ တရားစွဲ

ဆိုခြင်း ခံရမယ်ဆိုုတာကို သိရှိသဘောတူ တဲ့အကြောင်း

ရေးသား ချက်အပေါ်  ကိုမြ ကို လက်မှတ် ထိုးခိုင်းတယ် ။ ကိုမြမှ မဟုတ်ပါဘူး ။ 

ငွေချေး လာတဲ့ သူတိုင်းကိုကျုပ်က ဒီအတိုင်း လုပ်ထားတာ သူတို့ကလည်း လိုလို လားလား 

လက်မှတ် ထိုးပေး ကြတာ ချည်းပါပဲ ။

 

ကျွန်ပ် ။  ။ အခု ဘာများ ပြသနာရှိ လာလို့လဲ ။

 

ကိုချစ်တီး ။ ။ ခုထိတော့ မရှိ သေးပါဘူး ၊ ဒါပေမယ့် ဒီလို လုပ်ထား တာဟာ ဥပဒေအရ 

ခိုင်မာမှု ရှိ မရှိ ၊ ငွေပြန် မပေးနိုင်ရင် ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည် အပ်နှံ့ခြင်း 

ဖောက်ဖျက်မှုနဲ. တရားစွဲလို့ရမရ သိချင်လို့ပါ ။

 

ကျွန်ပ် ။ ။ ခင်ဗျား မေးခွန်းက ကျုပ်ကို ချည်လာတဲ့ မေးခွန်း  ကြီးပါလား ။ ဒီလိုဆို

ကျုပ်ကလည်း မေးခွန်  ပြန်မေး ရတာပေါ့ဗျာ ။ ငွေချေးတဲ့ ကိစ္စမှာ ငွေချေး တယ်လို့ 

ဘာဖြစ်လို့ စာချုပ် မချုပ်တာလဲ ။

 

ကိုချစ်တီး ။ ။ နံပါတ် ( ၁ ) အချက်က ကျုပ်မှာ ငွေချေးစားခွင့် လိုင်စင် မရှိဘူး ။ နံပါတ်( ၂ ) 

အချက်က ငွေချေးပြီး ပြန်မဆပ်ရင်  မြီစားတွေကို တရားမကြောင်း နဲ့သာ တရားဆွဲ နိုင်မှာ

ဖြစ်တဲ့အတွက် ရာဇဝတ် ကြောင်းအရ တရားစွဲ နိုင်အောင် အခုလိုမျိုး လုပ်ရတာပါ ။ 

ဒါမှလည်း ငွေယူထားတဲ့ သူတွေ ကြောက်ပြီး ပြန်ဆပ် ကြအောင် လို့ပါ ။

 

ကျွန်ပ် ။ ။ ကောင်းပါပြီ ။ ခင်ဗျားကို 

ကျွန်တော် မေးခွန်ဆက် မေးမယ် ။ ငွေကို ဦးမြကို ဘာအတွက် ကြောင့် အပ်ရတာလဲ ။ ခင်ဗျား အိမ်ဟာ 

ငွေသိမ်း ရလောက် အောင်လုံခြုံမှုု မရှိဘူးလား ။ ဒါမှမဟုတ် ဘဏ်တိုက်မှာ ငွေတွေ အပ်နှံ ထားရင်ကော 

မရနိုင်ဘူးလား ။ ခင်ဗျား နေထိုင်တဲ့ အရပ်ဒေသဟာ ဘဏ်တိုက်မရှိတဲ့ အရပ် ဒေသမျိုးလား ။

 

ကိုချစ်တီး ။ ။ ခင်ဗျားရဲ့ မေးခွန်း တွေက ကျုပ်ရဲ့ ယုံကြည် အပ်နှံခြင်း စာချုပ်ကို

စိန်ခေါ်လာ သလိုပါပဲလား ။

 

ကျွနိုပ် ။ ။ လူတစ်ယောက်က လူတစ်ယောက်ကို အကြောင်းမဲ့ သက်သက် ငွေအပ်တယ်ဆိုတာ

ဖြစ်နိုင်သလား ။ ဆွေမတော် မျိုးမတော်တဲ့ သူထံ အကြောင်းမဲ့ ငွေအပ်နှံတယ် ဆိုတာကော 

ဖြစ်နိုင်သလား ။ လူကို ယုံတာနဲ့ငွေကို အပ်နှံလေ့ ရှိသလား ။ ဒီလို အပ်နှံရလောက် အောင် ခင်ဗျာမှာ

 ငွေတွေ ပေါများ နေသလား ၊ ပိုလျှံ နေသလား ။

 

ကိုချစ်တီး ။ ။ ခင်ဗျားရဲ့  မေးခွန်းတွေက ငွေတိုး ချေးစားတဲ့ ကျုပ်ရဲ့ လုပ်ငန်းကို ထိုးနှက် လာသလို ပါပဲလား ။

 

ကျွနိုပ် ။ ။ ယုံကြည် အပ်နှံခြင်း ဖောက်ဖျက်မှု မြောက်ဖို့က ငွေရယူ ထားတဲ့သူဟာ မရိုးမဖြောင့်တဲ့ 

သဘောနဲ့  အလွဲ သုံးစားပြုမှ ပြစ်မှု မြောက်မှာပါ ။ အဓိက ပြောချင်တာက ( ချေးငွေ အဖြစ် ငွေကိုထုတ်ပေး 

လျှင် တရားခံအား ပစ္စည်းကို အပ်နှံခဲ့သည် ဟုဆိုနိုင်သည် မဟုတ်၍ ဥပဒေ အရ အရေး မယူနိုင် ) လို့ အဆုံး 

အဖြတ်ပြု လမ်းညွှန်မှု ပေးထားတဲ့ စီရင်ထုုံးတစ်ခုရဲ. ဆုံးဖြစ်ချက် ဥပဒေ အကြောင်း ကလေးကိုပဲ 

ကိုးကား အကြံပြုပါရစေဗျာ။

 

ရည်ညွှန်း စီရင်ထုံး

ဝေါယုံဖိန်းနှင့် အစိုးရ

အတွဲ ( ၉၆ ) ၊ အောက် မြန်မာ ပြည်စီရင်ထုံး ၊ ၄၆ ။

ရေးသားသူ ဆရာ ဦးကျော်ဇေယျ 

ကူးယူ ဖော်ပြ ပါသည် ။ 

# ဥပဒေရေးရာ

Related Posts

  ငွေယုံကြည် အပ်နှံခြင်း ကတိစာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူ သူများ သတိထား

ငွေယုံကြည် အပ်နှံခြင်း ကတိစာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူ သူများ သတိထား

ဒီလို စာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူသူများ သတိထား "စာချုပ်တွင်  ကွက်လပ်များ ထား၍ လက်မှတ်ထိုးလက်ဗွေနှိပ်ခြင်း မပြုပါနှင့် ။ငွေယုံကြည် အပ်နှံခြင်း ကတိ စာချုပ်များ ချုပ်ဆို၍ ရာဇသတ်ကြီးပုဒ်မ - ၄၂၀ အရ လိမ်လည်မှုဖြင့်တရားစွဲဆို နေကြခြင်း ။ဥ...

လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိတာကို မပေးပဲတိမ်းရှောင်နေတဲ့ အတွက် သူ့အိမ်မှာရှိတဲ့ ပစ္စည်းကို ၀င်သိမ်းလို့ ရပါသလား။

လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိတာကို မပေးပဲတိမ်းရှောင်နေတဲ့ အတွက် သူ့အိမ်မှာရှိတဲ့ ပစ္စည်းကို ၀င်သိမ်းလို့ ရပါသလား။

မေး - ကျွန်တော်က လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိပါတယ်။တောင်းလို့လည်း မရဘူး။ ရှောင်တိမ်းနေပါတယ်။အဲဒါ သူ့အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ၀င်သိမ်းလို့ ရပါသလား။ သိပါရစေ။  ဖြေ - ဖွင့်ပြောလို့မရတဲ့ ကိစ္စဆိုတော့ ဥပဒေနဲ့ မကင်းတဲ့...

တိုင်ချင်ရာ တိုင်လို့ ပြောနေတဲ့ ချေးငွေ ပြန်မပေး သူကို တရားစွဲလို့ ရ ၊ မရ

တိုင်ချင်ရာ တိုင်လို့ ပြောနေတဲ့ ချေးငွေ ပြန်မပေး သူကို တရားစွဲလို့ ရ ၊ မရ

တိုင်ချင်ရာ တိုင်လို့ ပြောနေတဲ့ ချေးငွေ ပြန်မပေး သူကို တရားစွဲလို့ ရ ၊ မရ==================================== ဒါမျိုး ကျတော့ ငွေလို ချင်တဲ့ သူက နည်းနည်း အကင်းပါး ရတယ် ။ တန်းမစွဲ ရဘူး ။ ဒါမျိုး ကျတော့ သူက ကိုယ့်ဆီက ငွေချေး ထားတယ် ပြန် မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate