ပါမစ်ပျောက် နှင့် လျှောက်ထားရယူထားသည့်

ပါမစ်ပျောက် နှင့် လျှောက်ထားရယူထားသည့်

ဂရန် ကိုဝယ်လျှင်သတိထားပါ။

မြေချပါမစ်ပျောက်ဆုံးသွားသဖြင့် ပါမစ်ပျောက်

ဖြင့် ဂရန်သစ်လျှောက်ထားရာတွင် လျှောက်ထားသူသည်လိမ်လည်လျှောက်ထားပြီး ဂရန်သစ်ထုတ်ယူသွားသော်လည်း၊ မြေချပါမစ် မူရင်းကိုင်ဆောင်ထား သူက ဂရန်သစ်လျှောက်ထားလာပါက

ပါမစ်မူရင်း တင်ပြနိုင်သူကို ဂရန်သစ်ထုတ်ပေးသည်ကိုတွေ့ရသည်။

ပါမစ်ပျောက်ဖြင့် ဂရန်သစ်လျှောက်ထားသွားသူ လက်ဝယ်ရှိ နစ် ၆၀ မြေဌားဂရန် ကိုပယ်ဖျက်ပြီး ပါမစ်မူရင်းတင်ပြနိုင်သူကိုသာဂရန်သစ်ထုတ်ပေးရန် ဆောင်ရွက်ပုံအဆင့်ဆင့်ကို ဤသို့တွေ့မြင်ရသည်။

ပါမစ်ပျောက်ဖြင့် နစ် ၆၀ မြေဌားဂရန် လျှောက်ထားခြင်းအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပြီး ကန့်ကွက်မှု မရှိ၍လျှောက်ထားသူအား နစ် ၆၀မြေဌားဂရန် ခွင့်ပြုထုတ်ပေးထားသော်လည်း၊ ပါမစ်မူရင်း ရှိသူမှ နစ် ၆၀ မြေဌားစာချုပ်(ဂရန်) အတိုင်း လျှောက်ထားလာခြင်း၊ ပါမစ်မူရင်းတင်ပြ၍ ကန့်ကွက်ခြင်းများဖြစ်ပေါ်လာပါက ယင်းပါမစ်မူရင်းအား မှန်ကန်မှု ရှိ၊မရှိ စိစစ်ပြီးမှန်ကန်မှု ရှိပါက မူလပါမစ်ပျောက်ဖြင့် ထုတ်ပေးခဲ့သည့် နစ် ၆၀ မူရင်းဂရန်ကိုပြန်လည်အပ်နှံရန် ကာယံကံရှင်သို့ အကြောင်းကြားခြင်း၊ အပ်နှံပါက နည်းလမ်းတကျပယ်ဖျက်ခြင်း၊အပ်နှံခြင်း မပြုပါက ကော်မတီဝင်များ အစည်းအဝေးသို့ တင်ပြပြီး ရုံးတွင်းအမိန့်စာထုတ်ပြန်၍ ယင်းဂရန်ကို ပယ်ဖျက်သွားရန် နှင့် ထိုသို့ပယ်ဖျက်ကြောင်းကို သီးခြားသတင်းစာ ကြော်ငြာရန်တို့ဖြစ်ပါတယ်။

ပါမစ်ပျောက်ဖြင့် နစ် ၆၀ မြေဌားဂရန် လျှောက်ထားရာတွင် တင်ပြကန့်ကွက်ခြင်း ပေါ်ပေါက်ခဲ့ပါက ယခုထုတ်ပေးထားသည့် ဂရန်အား ပယ်ဖျက်မည်ကို သိရှိပါသည်၊ ဝန်ခံချက်ထိုးခိုင်းပါမည်။

တံဆိပ်အခွန်ခွဲဝေ စည်းကြပ်မှုမှတ်ပုံတင် စာရင်း၌ အမည်ပေါက်မပါဝင်ကြောင်းစိစစ်တွေ့ရှိပါက သက်ဆိုင်ရာ ဌာနများသို့ တရားဝင်မေးမြန်းအတည်ပြုချက်ရယူ ဆောင်ရွက်ရပါသည်။ဥပမာ-အိုးအိမ်သို့မေးမြန်းခြင်း။

ပါမစ်ပျောက်ဖြင့် နစ် ၆၀ ဂရန်လျှောက်ထားခြင်းတွင် လျှောက်ထားသူတင်ပြသည့် ပါမစ်အမည်ပေါက်နှင့် အခွန်ခွဲဝေစည်းကြပ်မှုမှတ်ပုံတင်စာရင်း၌မှတ်သားထားသည့်အမည်ပေါက်ကွဲလွဲပါက လျှောက်ထားခြင်းအား ဆက်လက်ဆောင်ရွက်ပေးခြင်းမပြုဘဲ ရပ်ဆိုင်းထားရပါမည်။

ပါမစ်ပျောက်ဖြင့် နစ်၆၀ ဂရန်လျှောက်ထားခြင်းတွင် လျှောက်ထားသူက ပူးတွဲတင်ပြလာသော တရားရုံးစီရင်ချက်၊ အမိန့်၊ဒီကရီ အထောက်အထားများအရ ပါမစ်မူရင်းကိုလျှောက်ထားသူက မတရားလက်လွှတ် ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း ပေါ်ပေါက်လျှင် လိုအပ်သည့် စိစစ်မှုများကို ဌာနကစိစစ်ပြီးနောက် ပါမစ်ပျောက်လျှောက်ထားမှုဖြစ်သော်လည်း ပါမစ်ပျောက်ဆုံးကြောင်း တင်ပြလျှောက်ထားခဲ့ပြီး ယခုဂရန်သစ်ထုတ်ယူ့ခြင်းနှင့် ပတ်သတ်၍ တစ်ဦးတစ်ယောက်မှ ယင်းမြေကွက်၏ ပါမစ်မူရင်းတင်ပြလျှောက်ထားလာခြင်း၊ ပါမစ်မူရင်း ရိုက်နှက်ခြင်းမပြုဘဲ ထုတ်ပေးရန်နှင့် ပါမစ်မူရင်းပယ်ဖျက်ရေး ကော်မတီဝင်များ အစည်းအဝေးသို့ တင်ပြရမည်ဖြစ်ပါသည်။

ကော်မတီအစည်းအဝေးမှ ခွင့်ပြုချက်ရရှိပါက ပါမစ်မူရင်း ရှိသူကိုသာ ဂရန်သစ်ထုတ်ပေးပါသည်။ ထို့ကြောင့် ယနေ့အချိန်အခါတွင် ပါမစ်ပျောက်ဖြင့် ဂရန်သစ်လျှောက်ထားလာသူများကိူ သေချာစွာစိစစ်ဆောင်ရွက်ပေးနေသည်ကိုတွေ့ရပါသည်။

ထို့ကြောင့် နစ် ၆၀ ဂရန် အသစ်များကို ထပ်ဆင့်ပြန်လည်ဝယ်ယူသူများအနေဖြင့် ပါမစ်မူရင်းဖြင့်

ဂရန်သစ်လျှောက်ထားခြင်း ဟုတ်၊မဟုတ် လေ့လာစိစစ်ပြီးမှဝယ်ယူသင့်ကြောင်း အကြံတင်ပြလိုက်ရပါသည်။

ရေးသူဆရာ လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

(ကူးယူဖော်ပြပါသည်။ )

 

အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ

Related Posts

အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲ

အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲ

မြေဝယ်ချင်ပါတယ်။ အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲဆရာ။ ကိုယ်တိုင်ဆောင်ရွက်လို့ရပါသလား။ ရပါတယ်။ ဝယ်ချင်တဲ့ မြေခြံနဲ့ ပက်သက်ပြီး YGN, MDY ဆို မြို့တော်စည်ပင်၊ နယ်ဆို ထွေအုပ်နဲ့ မြေစာရင်း စတဲ့ နေရာတွေမှာ ကိုယ်ဝယ်ချင်တဲ့ ပါမစ်၊ဂရမ်၊...

စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား

စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား

စာချုပ်စာတမ်းများကို မှတ်ပုံတင်ရန်လိုကြောင်း ပြောနေကြပါသည် ။ စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား ။ ဘယ်ရုံးမှာ မှတ်ပုံတင်ရမလဲ ။ စာချုပ်စာချုပ်ရုံးဆိုတာ ဘယ်ရုံးကို ပြောတာပါလဲ ။===================စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ရန် လိုအပ်ပါတယ်။ လိုတ...

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲ

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲ

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သိချင်လို့ပါ ဆရာ''''အကိုက မြေကွက်ဝယ်ထား လို့လား''''ဟုတ်ကဲ့ ဆရာ၊ အိမ်ကတော့ ပျဉ်ထောင်အိမ်လေးတော့ပါတယ် ပြောတယ်။ မြေကွက်က ဂရန်မြေ ကွက်ဆိုတော့ ဝယ်ထားရင်ကောင်း မလားလို့''''ဂရန် ဓာတ်ပုံမိတ္တူ ပါမလာဘူး လား'''...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate