ဝယ်ထား သည့် ပါမစ် မြေကွက်မှာ ဂရန်သစ် လျှောက်ထားသူ ရှိနေလျှင် ဘယ်လို လုပ်ပါ့မလဲ

" ဝယ်ထား သည့် ပါမစ် မြေကွက်မှာ ဂရန်သစ် လျှောက်ထားသူ ရှိနေလျှင် ဘယ်လို လုပ်ပါ့မလဲ"
အိမ် ၊ ခြံ ၊ မြေ အရောင်း အဝယ် လောကတွင် အိမ် ၊ ခြံ ၊ မြေ များ ရောင်းကြ ဝယ်ကြသောအခါ
ရောင်းသူ ဝယ်သူများမှာ မြေကွက် ဖြစ်စေ ၊ မြေနှင့် အိမ်ဖြစ်စေ ၊ တိုက်ခန်း ဖြစ်စေ ၊ ယင်းမြေနှင့် အိမ် ၊
တိုက်ခန်းတို့ နှင့်ပတ်သက်၍ မှန်ကန်မှု ရှိမရှိ စုံစမ်းကြ လေ့ရှိသည် ။
အဓိက အားဖြင့် ရောင်းမှား ဝယ်မှား ဖြစ်မှာ စိုးရိမ်သည့်အတွက် စေ့စပ် သေချာအောင် ဆောင်ရွက်
ကြခြင်း ဖြစ်သည် ။ ယင်းသို့ တက်စွမ်း သလောက် လေ့လာသည့် ကြားမှာပင် မမျှော်လင့်သော အခက်အခဲ
များနှင့် ကြုံတွေ့ ကြလေ့ ရှိကြသည် ။ မကြာ သေးမီက အိမ် ခြံ မြေ ဝယ်ရောင်း အမျိုးသမီး တစ်ဦး
ကျွန်ုပ်ထံ ရောက်လာသည် ။ သူဝယ် ထားသည့် ပါမစ်မြေ ကွက်မှာ အတု-အစစ် သိလို၍ရန်ကုန်မြို့ မြို့ရွာနှင့်
အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနသို့ သွားရောက်ကာ တာဝန်ရှိ သူများထံတွင် ပြသစစ် ဆေးရာ မှန်ကန်ကြောင်း
သိခဲ့ရသည် ။ ထိုမျှနှင့် အားရကျေနပ်မှု မရှိသဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ၊
မြို့ပြ စီမံကိန်း နှင့် မြေစီမံခန့်ခွဲမှု ဌာနတွင်လည်း နာမည်ပေါက် မှန်ကန်မှု ရှိ / မရှိ သွားရောက် စစ်ဆေးရာ
အမည်ပေါက် မှန်ကန်ကြောင်း ပြန်ကြားစာ ရရှိခဲ့သည် ။
ထို့ကြောင့် ယင်း မြေကွက်ကို ဝယ်ယူပြီး မိမိ အမည်ပေါက် ဖြစ်ရန် နှစ် ၆၀ ဂရန်သစ် ထုတ်ပေးရန်
မြေယာ ဌာနတွင် လျှောက် ထားခဲ့သည် ။ ပါမစ်မှ ဂရန်သစ် လျှောက်ထားပြီး ၁၄ ရက်ခန့် အကြာတွင်
ယခင်က မူလ အမည်ပေါက် ပိုင်ရှင်က ၂၀၁၀ ခုနှစ်က ဂရန်သစ် လျှောက်ထားသည့် မှတ်ချက်ရှိ၍ ရှင်းလင်းရန်
စည်ပင် မြေယာဌာနမှ အကြောင်းကြားစာ ရောက်လာသဖြင့် ဘယ်လိုဆောင် ရွက်ရမည် မသိ၍ ကျွန်ုပ်ထံ
ရောက်လာ မေးမြန်းခြင်း ဖြစ်သည် ။ ဒီလို ဂရန်သစ် လျှောက်တဲ့ အခါမှာ ပါမစ်တစ်ခုထဲတွင်
ဂရန်လျှောက် သူနှစ်ဦး ပေါ်တတ်ကြောင်း သိရသည် ။ ယင်းသို့ ဖြစ်ရခြင်းမှာ မူလ ဂရန်သစ် လျှောက်ထားသူ က
လျှောက်ထားသည့် မြေကွက်ပေါ်တွင် တစ်သက်လုံး နေရန် ရည်ရွယ်၍ ဂရန်သစ် လျှောက်ထားသည်ကို
တွေ့ရသည်။
နောက်ပိုင်းတွင် မိသားစု စီးပွားရေး အတွက် ဖြစ်စေ ၊ စျေးကောင်း ရ၍ ပြန်ရောင်း ရသည့် အခါမျိုးတွင်
ဖြစ်စေ ၊မိမိ ယခင်က ဂရန်သစ် လျှောက်ထား ဖူးကြောင်း ပြောဆိုရန် မေ့နေတက် ကြသည် ။ "ဂရန် မထုတ်ရ သေးတာပဲ ၊
အရေးမကြီး ပါဘူးလေ"ဟူသော အထင်ဖြင့် မေ့မေ့ လျော့လျော့ နေတတ် ကြသည် ။ ပါမစ်မူရင်းကို အခြားသူ
တစ်ဦးဦးသို့ ရောင်းချ ပြီးသော်လည်း မိမိလျှောက် ထားခဲ့သည့် ဂရန်အသစ် အမှုတွဲမှာ အရေးမပါဟု
ယူဆကြ သဖြင့် မြေကွက် အရောင်းအဝယ် လုပ်သည့် အခါမိမိထံမှ ဝယ်ယူသူကို ဂရန်သစ် လျှောက်ထားသည့်
အကြောင်း မပြောဘဲ နေခဲ့မိသည် ။
ထို့အတူ" ဂရန်လျှောက် ထားစဉ်က ဂရန်သစ်လျှောက် အမှုတွဲ အမှတ်ပါသည့် ဝန်ဆောင်ခ ပေးသွင်းသည့်
ပုံစံ လျှောက်လွှာ " တို့ကိုပါ ပေးအပ်ရန် မေ့တတ် ကြသည် ။ " သတိမမူတော့ ဂူမမြင် ၊ သတိမူတော့ မြူစင်၍
ဂူမြင်သည် "ဆိုသော ဆိုရိုးစကား အတိုင်း မူလ အမည်ပေါက်ထံ မှထပ်မံ ဝယ်ယူသူက ဂရန်သစ် လျှောက်သည့်အခါ
ယခုလို ဂရန်သစ် လျှောက်ထားသည့် မှတ်ချက်ကြီး က ပေါ်လာ တော့ဌာနက လာရောက် ရှင်းလင်းချက် ရေးသာတင်
ပြပါဆိုပြီး ခေါ်ယူတော့ စိတ်ညစ်စရာ တွေနဲ့ ကြုံရတာပေါ့ ။ ဒီလို ကြုံရတဲ့အခါ မူလရောင်းသူ အမည်ပေါက် သို့မဟုတ်
စာချုပ် အဆက်ဖြင့် ဂရန်လျှောက် ဖူးသူကို ပြန်ပြီးခေါ်၍ မြို့တော်ခန်းမ လက်ထောက် ဌာနမှူးရှေ့မှာ မိမိလျှောက်
ခဲ့သည့် ဂရန်သစ် အမှုတွဲ ပိတ်သိမ်းပေးဖို့ အခြားသူ တစ်ဦးဦးအား ရောင်းချထားခြင်း ကြောင့် မိမိ လျှောက်ထားချက်
ရုတ်သိမ်း ကြောင်းစာ တင်ခဲ့ရတယ် ။
ကိုယ်တိုင် လာရောက် အမှုပိတ်သိမ်း သူမှန်ကန်ကြောင်း ၎င်းအရာရှိ ရှေ့မှာ လက်မှတ် ထိုးရတယ် ။
အမှုပိတ် သိမ်းတဲ့ အမှုတွဲ တင်ပြချက်နှင့် အတူ ပိတ်သိမ်း သူရဲ့ မှတ်ပုံတင်မိတ္တူ ၊ ပါမစ်မိတ္တူ တစ်စုံစီကို ပူးတွဲတင်
ပြရတယ် ။အဲဒီ တင်ပြချက် တွေကို အရာရှိရှေ့မှာ ဒီအတိုင်း ထားခဲ့လို့ မရဘူး ။ ဝင်စာ လက်ခံတဲ့ သူထံမှာ တင်ခဲ့
ရတယ် ။အဲဒီ ဝင်စာ လက်ခံသူက ဝင်စာအမှတ် ( ) နဲ့ နေ့စွဲကို ပြောပြတယ် ။ ဥပမာ ဝင်စာအမှတ် ၉၉၉ / နေ့စွဲ
၂၉ - ၅ - ၂၀၁၄ လို့ပြောရင်မှတ်သား ထားရတယ် ။ အဲဒီ ဝင်စာအား ဂရန်သစ် လျှောက်ထားတဲ့ မြေကွက်ပေါ်မှာ ရှိတဲ့
မှတ်ချက်ကို ဖျက်ပေး လိုက်တယ် ။
အဲဒီ အခါမှ ဂရန်သစ် လျှောက်ထား သူအတွက်
- ဌာနက မြေတိုင်း ကွင်းဆင်း စစ်ဆေးခြင်း
- သတင်းစာ ကြော်ငြာ ပေးခြင်း ၊
- ဂရန်သစ် ထုတ်ပေးသည့် ဘုတ်အဖွဲ့သို့ တင်ပြခြင်း ၊
- ခွင့်ပြုချက် ရလျှင် မြေကွက် တန်းဖိုး ငွေသွင်းခြင်း ၊
ယင်းနောက်
- တာဝန် ရှိသူ အဆင့်ဆင့် လက်မှတ် ရေးထိုး ပေးပြီး
- ဂရန်သစ် ထုတ်ပေးဖို့ အဆင်သင့် ဖြစ်တဲ့နေ့မှာ
လျှောက်ထား သူထံကို အကြောင်းကြား ပါတယ် ။
ရုံးက အကြောင်း ကြားစာ ရောက်မလာမီ မိမိကိုယ်တိုင်
မြို့တော် ခန်းမမှာ မကြာခဏ သွားစုံစမ်း လို့လည်း
ရပါတယ် ။
မြတ်ဗုဒ္ဓ ဟောတယ် မဟုတ်လား ။ "အတ္တာဟိ..အတ္တနော နာထော" တဲ့လေ ။ " ကိုယ့်ကိုယ် ကိုပဲ အားကိုး ရာပါ "
ဆိုတော့ အမြန်ရအောင် ခဏခဏ သွားစုံစမ်း ပေါ့ ။ ဤသို့ ဆောင်ရွက် ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို
ကျွန်ုပ်က ပြောပြလိုက် သည့်အခါ လာရောက် မေးသူ အမျိုးသမီး မှာလည်း သဘောပေါက် နားလည်ပြီး
ကျေးဇူး တင်ကြောင်း ပြော၍ ပြန်သွား လေတော့သည် ။
credit - Shwe Sethtagan Journal
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...