ပါမစ်ပျောက် နှင့် လျှောက်ထားရယူထားသည့်

    ပါမစ်ပျောက် နှင့် လျှောက်ထား ရယူထားသည့် ဂရန်ကို ဝယ်လျှင် သတိထားပါ ။

 

          မြေချပါမစ် ပျောက်ဆုံးသွားသဖြင့် ပါမစ်ပျောက်ဖြင့် ဂရန်သစ် လျှောက်ထားရာတွင် လျှောက်ထားသူသည် လိမ်လည် လျှောက်ထားပြီး ဂရန်သစ် ထုတ်ယူသွားသော်လည်း ၊ မြေချပါမစ် မူရင်း ကိုင်ဆောင်ထားသူက ဂရန်သစ် လျှောက်ထားလာပါက

ပါမစ်မူရင်း တင်ပြနိုင်သူကို ဂရန်သစ် ထုတ်ပေးသည်ကို တွေ့ရသည် ။

           ပါမစ်ပျောက်ဖြင့် ဂရန်သစ် လျှောက်ထားသွားသူ လက်ဝယ်ရှိ နှစ် ၆၀ မြေဌားဂရန် ကို ပယ်ဖျက်ပြီး ပါမစ်မူရင်း တင်ပြနိုင်သူ

ကိုသာ ဂရန်သစ် ထုတ်ပေးရန် ဆောင်ရွက်ပုံ အဆင့်ဆင့်ကို  ဤသို့ တွေ့မြင်ရသည် ။

 

           ပါမစ်ပျောက်ဖြင့် နှစ် ၆၀ မြေဌားဂရန် လျှောက်ထားခြင်းအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပြီး ကန့်ကွက်မှု မရှိ၍ လျှောက်ထားသူအား နှစ် ၆၀ မြေဌားဂရန် ခွင့်ပြုထုတ်ပေးထားသော်လည်း ၊ ပါမစ်မူရင်း ရှိသူမှ နှစ် ၆၀ မြေဌားစာချုပ် ( ဂရန် ) အတိုင်း လျှောက်ထားလာခြင်း ၊ ပါမစ်မူရင်း တင်ပြ၍ ကန့်ကွက်ခြင်းများ ဖြစ်ပေါ်လာပါက ယင်းပါမစ်မူရင်းအား မှန်ကန်မှု ရှိ ၊ မရှိ စိစစ်ပြီးမှန်ကန်မှု ရှိပါက မူလပါမစ်ပျောက်ဖြင့် ထုတ်ပေးခဲ့သည့် နှစ် ၆၀ မူရင်းဂရန်ကို ပြန်လည်အပ်နှံရန် ကာယံကံရှင်သို့  အကြောင်းကြားခြင်း ၊ အပ်နှံပါက နည်းလမ်းတကျ ပယ်ဖျက်ခြင်း ၊ အပ်နှံခြင်း မပြုပါက ကော်မတီဝင်များ အစည်းအဝေးသို့ တင်ပြပြီး ရုံးတွင်းအမိန့်စာထုတ်ပြန်၍ ယင်းဂရန်ကို ပယ်ဖျက်သွားရန် နှင့် ထိုသို့ ပယ်ဖျက်ကြောင်းကို သီးခြားသတင်းစာ ကြော်ငြာရန်တို့  ဖြစ်ပါတယ် ။

 

          ပါမစ်ပျောက်ဖြင့် နှစ် ၆၀ မြေဌားဂရန် လျှောက်ထားရာတွင် တင်ပြကန့်ကွက်ခြင်း ပေါ်ပေါက်ခဲ့ပါက ယခု ထုတ်ပေးထားသည့် 

ဂရန်အား ပယ်ဖျက်မည်ကို သိရှိပါသည် ၊ ဝန်ခံချက် ထိုးခိုင်းပါမည် ။

         တံဆိပ်အခွန်ခွဲဝေ စည်းကြပ်မှု မှတ်ပုံတင်စာရင်း၌ အမည်ပေါက် မပါဝင်ကြောင်း စိစစ် တွေ့ရှိပါက သက်ဆိုင်ရာ ဌာနများသို့ တရားဝင် မေးမြန်း အတည်ပြုချက် ရယူ ဆောင်ရွက် ရပါသည် ။ ဥပမာ - အိုးအိမ်သို့ မေးမြန်းခြင်း ။

         ပါမစ်ပျောက်ဖြင့် နှစ် ၆၀ ဂရန် လျှောက်ထားခြင်းတွင် လျှောက်ထားသူ တင်ပြသည့် ပါမစ်အမည်ပေါက် နှင့် အခွန်ခွဲဝေစည်းကြပ်မှု မှတ်ပုံတင်စာရင်း၌  မှတ်သားထားသည့် အမည်ပေါက် ကွဲလွဲပါက လျှောက်ထားခြင်းအား ဆက်လက် ဆောင်ရွက်ပေးခြင်း မပြုဘဲ ရပ်ဆိုင်းထားရပါမည် ။

 

           ပါမစ်ပျောက်ဖြင့် နှစ်၆၀ ဂရန် လျှောက်ထားခြင်းတွင် လျှောက်ထားသူက ပူးတွဲ တင်ပြလာသော တရားရုံးစီရင်ချက် ၊ အမိန့် ၊ဒီကရီ အထောက်အထားများ အရ ပါမစ်မူရင်းကို လျှောက်ထားသူက မတရားလက်လွှတ် ဆုံးရှုံးခဲ့ရခြင်း ဖြစ်ကြောင်း ပေါ်ပေါက်လျှင် လိုအပ်သည့် စိစစ်မှုများကို ဌာနက စိစစ်ပြီးနောက် ပါမစ်ပျောက် လျှောက်ထားမှု ဖြစ်သော်လည်း ပါမစ်ပျောက်ဆုံးကြောင်း တင်ပြလျှောက်ထားခဲ့ပြီး ယခု ဂရန်သစ် ထုတ်ယူခြင်း နှင့် ပတ်သတ်၍ တစ်ဦးတစ်ယောက်မှ ယင်းမြေကွက်၏ ပါမစ်မူရင်း တင်ပြလျှောက်ထားလာခြင်း ၊ ပါမစ်မူရင်း ရိုက်နှက်ခြင်း မပြုဘဲ ထုတ်ပေးရန် နှင့် ပါမစ်မူရင်း ပယ်ဖျက်ရေး ကော်မတီဝင်များ အစည်းအဝေးသို့ တင်ပြရမည် ဖြစ်ပါသည်။

 

         ကော်မတီ အစည်းအဝေးမှ ခွင့်ပြုချက် ရရှိပါက ပါမစ်မူရင်း ရှိသူကိုသာ ဂရန်သစ် ထုတ်ပေးပါသည် ။ ထို့ကြောင့် ယနေ့အချိန်အခါတွင် ပါမစ်ပျောက်ဖြင့် ဂရန်သစ် လျှောက်ထားလာသူများကို သေချာစွာ စိစစ်ဆောင်ရွက်ပေးနေသည်ကို တွေ့ရပါသည် ။

ထို့ကြောင့် နှစ် ၆၀ ဂရန် အသစ်များကို ထပ်ဆင့် ပြန်လည်ဝယ်ယူသူများ အနေဖြင့် ပါမစ်မူရင်းဖြင့် ဂရန်သစ် လျှောက်ထားခြင်း ဟုတ် ၊မဟုတ် လေ့လာစိစစ်ပြီးမှ ဝယ်ယူသင့်ကြောင်း အကြံပြု တင်ပြလိုက်ရပါသည် ။

 

ရေးသူ ဆရာ လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
 

#Crd to owner

   Credit (  ဥပဒေရေးရာ )

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate