အခွန်တော်စာချုပ်ခေါင်းအလွတ်သို့မဟုတ်အခွန်တော်စာချုပ်ခေါင်းကွက်လပ်မဖြည့်၊ငွေကိန်းဂဏန်းမဖြည့်ပေါ်တွင်လက်မှတ်/လက်ဗွေရေးထို့ခတ်နှိပ်ခြင်းကြောင့်ဆိုးကျိုး။
အခွန်တော်စာချုပ်ခေါင်းအလွတ်သို့မဟုတ်အခွန်တော်စာချုပ်ခေါင်းကွက်လပ်မဖြည့်၊ငွေကိန်းဂဏန်းမဖြည့်ပေါ်တွင်လက်မှတ်/လက်ဗွေရေးထို့ခတ်နှိပ်ခြင်းကြောင့်ဆိုးကျိုး။
==================================================
လူတစ်ဦးနှင့်တစ်ဦး၊အဖွဲ့အစည်းတစ်ဖွဲ့နှင့်တစ်ဖွဲ့၊ကုမ္ပဏီတစ်ခုနှင့်တစ်ခု၊တို့စီးပွားရေးအရဆက်ဆံကြရာတွင်ခင်မင်မှုအရလည်းကောင်း၊ယုံကြည်မှုအရလည်းကောင်း၊
လတ်တစ်လောငွေကြေးရလို၍လည်းကောင်း၊အနိင်အထက်ပြုခြိမ်းခြောက်၍လည်းကောင်း၊စသည်ဖြင့်အခွန်တော်စာချုပ်ခေါင်းအလွတ်သို့မဟုတ်အခွန်တော်စာချုပ်ခေါင်းကွက်လပ်မဖြည့်၊ငွေကိန်းဂဏန်းမဖြည့်သည့်အခွန်တော်စာချုပ်ခေါင်းအလွတ်ပေါ်တွင်လက်မှတ်ရေးထိုးခြင်း၊လက်ဗွေခတ်နှိပ်ခြင်းများကြောင့်ပြုလုပ်မိခဲ့သူလူတစ်ဦးတစ်
ယောက်၊အဖွဲ့တစ်ဖွဲ့၊ကုမ္ပဏီတစ်ခုတို့သည်ဆုံရှုံးမှုများ၊ပြဿနာများ၊မှုခင်းများ၊ဖြစ်ခဲ့ရခြင်း၊ထောင်တန်းကျခဲ့ခြင်းများစွာနှင့်ကြုံတွေ့ရသည့်အဖြစ်အပျက်များစွာရှိခဲ့ကြပါသည်။
ထိုသို့ဖြစ်ပျက်ခဲ့အဓိကအကြောင်းတစ်ရပ်သည်နောက်ဆက်တွဲပေါ်ပေါက်လာမည့်ဆိုးကျိုးများ၏အတိမ်အနက်များကိုပေါ့ပေါ့တန်တန်တွက်ဆပြီးပြုလုပ်ခဲ့ကြသောကြောင့်ဖြစ်ပါသည်။ပြုလုပ်သူဘက်မှမိမိလက်မှတ်ရေးပေးလိုက်သည့်စာချုပ်ခေါင်းအလွတ်သို့မဟုတ်အခွန်တော်စာချုပ်ခေါင်းကွက်လပ်မဖြည့်၊ငွေကိန်းဂဏန်းမဖြည့်သည့်စာချုပ်
ခေါင်းအလွတ်ပေါ်တွင်စာများဖြည့်စွက်ရေးသားခြင်း၊ငွေကိန်းဂဏန်းအမြောက်အများဖြည့်စွက်ခြင်းများပြုလုပ်လိမ့်မည်မဟုတ်ဟုတ်ထင်ထားခဲ့သော်လည်းမပေးနိင်၊မဆပ်နိင်လို့ပြဿနာဖြစ်ပြီဆိုတာနှင့်ကွက်လပ်ဖြည့်ခြင်း၊ငွေကိန်းဂဏန်းများဖြည့်လိုက်ခြင်းကြောင့်အပေါ်ယံအကြမ်းပြင်းကြည့်လိုက်သည်နှင့်မိမိလက်မှတ်နှင့်လက်ဗွေများပါရှိမှန်ကန်နေသည့်အတွက်ထိုစာချုပ်ကိုအမှန်ချုပ်ဆိုသည်၊အမှန်ငွေများယူသည်သည်၊ဟုယူဆကြမည်ဖြစ်ပါသည်။
တရားရုံးသို့ရောက်ရှိ၍အမှုရင်ဆိုင်ဖြေရှင်းကြရသည့်အခါတွင်တစ်ဘက်မှစာသားဖြည့်စွက်သည့်စာချုပ်၊တင်ပြစွပ်စွဲမှုအပေါ်မိမိဘက်ကအဖြစ်မှန်အတိုင်းအခွန်တော်စာချုပ်ခေါင်းအလွတ်သို့မဟုတ်ကွက်လပ်မဖြည့်ထားသည့်၊ငွေကိန်းဂဏန်းမဖြည့်စွက်သည့်စာချုပ်ပေါ်တွင်ယုံကြည်မှုအရလက်မှတ်ရေးထိုးလက်ဗွေခတ်နှိပ်ပေးခဲ့ရခြင်းဖြစ်ပါသည်
ဟုလည်းကောင်း၊ခြိမ်းခြောက်၍လက်မှတ်ထိုးလက်ဗွေနှိပ်ပေးခဲ့ရပါသည်ဟုလည်းကောင်း၊ထုချေ၍အနိင်မရနိင်ပါ။အမှုမလွတ်နိင်ပါ။ထိုသို့ထုချေခဲ့လျှင်သက်သေခံအက်ဥပဒေအရသက်သေပြရန်တာဝန်သည်မိမိအပေါ်ကျရောက်၍စာချုပ်အလွတ်သို့မဟုတ်ကွက်လပ်မဖြည့်သည့်စာချုပ်ပေါ်တွင်လက်မှတ်/လက်ဗွေနှပ်ပေးသူဘက်မှထိုသို့ပြုလုပ်ရသည့်အကြောင်းရင်းမှန်ကိုထင်ရှားအောင်မပြနိင်သ၍စွပ်စွဲသူဘက်မှတင်ပြချက်မှန်သည်ဟုသာတရားရုံးကသုံးသပ်မည်ဖြစ်ပါသည်။
ထိုအပြင်တရားရုံးကအခွန်စာချုပ်ခေါင်းအလွတ်သိ့မဟုတ်ကွက်လပ်မဖြည့်သည့်စာချုပ်ပေါ်တွင်လက်မှတ်ရေးထိုးပေးသူ၏အသက်အရွယ်၊ပညာအရည်အချင်း၊အလုပ်အကိုင်တို့အရထိုသို့ပြုလုပ်မှု၏ကောင်းကျိုးဆိုးကျိုးသိနိင်မှုရှိမရှိအခြေအနေများကိုလည်းထည့်သွင်းစဉ်းစားမည်ဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေအခွန်တော်စာချုပ်ခေါင်းအလွတ်ပေါ်တွင်သို့မဟုတ်ကွကက်လပ်မဖြည့်သည့်စာချုပ်ပေါ်တွင်လက်မှတ်/လက်ဗွေနှိပ်ခြင်းသည်ဆိုးကျိုးများသာဖြစ်၍အများပြည်သူများအနေဖြင့်ရှောင်သင့်၊ရှားသင့်ပါကြောင်းဥပဒေဗဟုသုတရစေရန်တင်ပြလိုက်ပါသည်။
အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ
- ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
- စာချုပ်ရေးပုံရေးနည်း
- စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
- ကားအမည်ပြောင်းသက်တမ်းတိုးရန်
- စာချုပ်စာတမ်းများမှတ်ပုံတင်ရန်အတွက် တင်ပြသည့်စာချုပ်စာတမ်းနှင့်အတူလိုအပ်သည့်မူရင်းစာရွက်စာတမ်းများ................................................... အရောင်းအဝယ်စာချုပ်.....
- လယ်မြေကို ဂရန်မြေအဖြစ်လျှောက်
- ပုံစံ_၇ရှိသောလယ်ယာမြေကိုပေါင်နှံ_ငှားရမ်းခြင်းအတွက်သတိပြုရမည့်အချက်များ
- စာချုပ်ချုပ်မည်ဆိုလျှင် အရှုပ်အရှင်း အလျဉ်းမရှိ ဆိုသည့် ကိစ္စ
- စက်မှုဂရန် လျှောက်ချင်ပါတယ် ဘယ်ကနေစတင်လုပ်ဆောင်ရမှာလဲ သူ့ရဲ့လုပ်ငန်းစဉ်တွေကဘာလဲ
- အသေးစားငွေချေးလိုင်စင်
Related Posts

အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲ
မြေဝယ်ချင်ပါတယ်။ အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲဆရာ။ ကိုယ်တိုင်ဆောင်ရွက်လို့ရပါသလား။ ရပါတယ်။ ဝယ်ချင်တဲ့ မြေခြံနဲ့ ပက်သက်ပြီး YGN, MDY ဆို မြို့တော်စည်ပင်၊ နယ်ဆို ထွေအုပ်နဲ့ မြေစာရင်း စတဲ့ နေရာတွေမှာ ကိုယ်ဝယ်ချင်တဲ့ ပါမစ်၊ဂရမ်၊...

စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား
စာချုပ်စာတမ်းများကို မှတ်ပုံတင်ရန်လိုကြောင်း ပြောနေကြပါသည် ။ စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား ။ ဘယ်ရုံးမှာ မှတ်ပုံတင်ရမလဲ ။ စာချုပ်စာချုပ်ရုံးဆိုတာ ဘယ်ရုံးကို ပြောတာပါလဲ ။===================စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ရန် လိုအပ်ပါတယ်။ လိုတ...

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲ
'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သိချင်လို့ပါ ဆရာ''''အကိုက မြေကွက်ဝယ်ထား လို့လား''''ဟုတ်ကဲ့ ဆရာ၊ အိမ်ကတော့ ပျဉ်ထောင်အိမ်လေးတော့ပါတယ် ပြောတယ်။ မြေကွက်က ဂရန်မြေ ကွက်ဆိုတော့ ဝယ်ထားရင်ကောင်း မလားလို့''''ဂရန် ဓာတ်ပုံမိတ္တူ ပါမလာဘူး လား'''...