စာချုပ်စာတမ်းများကို မှတ်ပုံတင်ရန်လိုကြောင်း ပြောနေကြပါသည် ။ စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား ။ ဘယ်ရုံးမှာ မှတ်ပုံတင်ရမလဲ ။ စာချုပ်စာချုပ်ရုံးဆိုတာ ဘယ်ရုံးကို ပြောတာပါလဲ ။

စာချုပ်စာတမ်းများကို မှတ်ပုံတင်ရန်လိုကြောင်း ပြောနေကြပါသည် ။ စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါသလား ။ ဘယ်ရုံးမှာ မှတ်ပုံ တင်ရမလဲ ။ စာချုပ်စာချုပ်ရုံးဆိုတာ ဘယ်ရုံးကို ပြောတာပါလဲ ။
စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ရန် လိုအပ်ပါတယ် ။ လိုတယ်ဆိုတဲ့ အကြောင်းကို ၂၀၁၈ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဌာန်းလိုက်တဲ့ စာချုပ်စာတမ်းများ မှတ်ပုံတင် ဥပဒေပေါ့ ။ အဲ့ဒီမှာ ပုဒ်မ ( ၁၆ ) ဆိုလို့ရှိရင် အောက်ပါ စာချုပ်စာတမ်းများကို ဥပဒေနဲ့အညီ မှတ်ပုံတင်ရမည် ဆိုရင် မရွှေ့ မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို အပိုင်ပေးတဲ့ စာချုပ် ၊ အရောင်းအဝယ် လုပ်တဲ့ စာချုပ် ၊ ကြော်ငြာတဲ့ စာချုပ် စသည် အားဖြင့်ပေါ့ ။ နောက်ကတ္တိမ မွေးစားတဲ့ စာချုပ် စသည်အားဖြင့် အဲ့ဒီစာချုပ်တွေ အားလုံးကို မှတ်ပုံတင်ရမယ်လို့ ( က ) နေ ( ဆ ) အထိ ပြဋ္ဌာန်းထားပါတယ် ။
နောက်တစ်ချက်က အဲ့ဒီ ဥပဒေပုဒ်မ ( ၁၇ ) မှာပဲ စာချုပ်စာတမ်းများကို မှတ်ပုံတင်လိုက တင်နိုင်ပါတယ် ။ မတင်ပဲလည်း နေနိုင်တယ်ဆိုတဲ့ စာချုပ်မျိုးပေါ့ ။ အဲ့ဒါတွေက ဘယ်လိုစာချုပ်မျိုးလဲ ဆိုတော့ တန်ဖိုးငွေ ကျပ် တစ်သိန်းအောက် မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို ရောင်းချတဲ့ စာချုပ်တွေဟာ မှတ်ပုံတင်ရုံးမှာ တင်နိုင်ပါတယ် ။ မတင်ဘဲလည်း နေနိုင်ပါတယ် ။ နောက် အပေါင်တန်ဖိုးငွေ ကျပ်တစ်သိန်း အောက်မှာရှိတဲ့ ပေါင်နှံတဲ့ စာချုပ်စာတမ်းတွေ ဆိုရင်လည်း မှတ်ပုံမတင်ဘဲ နေနိုင်ပါတယ် ။
နောက်တစ်ခါ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို တစ်နှစ်ပဲ ငှားရမ်းတယ် ဆိုရင် မှတ်ပုံမတင်ပဲ နေနိုင်ပါတယ် ။ သေတမ်းစာတွေကို မှတ်ပုံမတင်ပဲ နေနိုင်ပါတယ် ၊ နောက်တစ်ခါ မိသားစုစီမံခန့်ခွဲမှု စာချုပ်စာတမ်းတွေကို လည်း မှတ်ပုံမတင်ပဲ နေလို့ရပါတယ် ။ တင်လိုကလဲ တင်နိုင်တယ် ။ တရားရုံးက ချမှတ်တဲ့ ဒီဂရီတွေ ၊ အမိန့်တွေ အနုညာတခုံလူကြီးက ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်တွေကို မှတ်ပုံတင် တင်လိုက တင်နိုင်ပါတယ် ။ မတင်ဘဲလည်း နေနိုင်ပါတယ် ဆိုပြီးတော့ပေါ့ ။ ပုဒ်မခွဲ ( က ) နေ ( ည ) အထိ အချက် ( ၁၀ ) ချက် ပြဋ္ဌာန်းထားတာ ရှိပါတယ် ။
စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ဖို့ကတော့ အခုကတော့ သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာန ။ မြို့နယ်တွေမှာတော့ အဲ့ဒီအတိုင်းပဲ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးကို တာဝန်ပေးထားပါတယ် ။ ဥပမာ - ရန်ကုန်တိုင်း ဆိုရင်တော့ ရန်ကင်းမြို့နယ်မှာရှိတဲ့ ရန်ကုန်မြို့ စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံး ဆိုတာ ရှိပါတယ် ။ အဲ့ဒီရုံးမှာ သွားပြီးတော့ တင်ရမှာပါ ။ နယ်တွေမှာကတော့ လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်း ဦးစီးဌာနတွေကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံးအဖြစ် တာဝန်ပေးထားတာရှိပါတယ် ။ အဲ့ဒါကြောင့်မို့လို့ သက်ဆိုင်ရာ မြို့နယ်တွေက လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်း ဦးစီးဌာနမှာ သွားပြီးတော့ မှတ်ပုံတင် နိုင်ပါတယ် ။
DVBlawlab ( Zawgyi )
( တည်နေရာ ရန်ကင်း မိုးကောင်းဘုရား မှတ်တိုင်အနီး ကံဘဲ့ဘူတာရုံလမ်း )
Credit ( ဥပဒေရေးရာ )
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...