"စာချုပ်စာတမ်း မှတ်ပုံတင်လိုလျှင်" စာချုပ်မှတ်ပုံတင် ချုပ်ချင်လျှင် အခွန်တော် တံဆိပ်ခေါင်း ကပ်။

“စာချုပ်စာတမ်း မှတ်ပုံတင်လိုလျှင်” စာချုပ် မှတ်ပုံတင် ချုပ်ချင်လျှင် အခွန်တော် တံဆိပ်ခေါင်း ကပ်။
အခွန်တော် တံဆိပ်ခေါင်း ကပ်ဖို့ မြေကွက်တန်ဖိုး သိရမယ် ။
မြေကွက်တန်ဖိုး သိဖို့က ရာဖြတ် တင်ရမယ် ။
ရာဖြတ်တင်ဖို့က မြေပုံမြေရာဇဝင် လိုပါတယ် ။
အရောင်းအဝယ် စာချုပ် ချုပ်ပြီးဆိုလျှင် - ( ပထမအဆင့် အနေနဲ့ ) စာချုပ်စာတမ်း မှတ်ပုံတင်ရုံးကို သွားရပါမည် ။
ရန်ကုန်နဲ့ မန္တလေးမှာဆို " စာချုပ်စာတမ်း မှတ်ပုံတင်ရုံး " ဆိုပြီး သီးသန့် ရှိတယ် ။ အခြားမြို့တွေမှာဆို မြေစာရင်းရုံးကို သွားရလိမ့်မယ်။
လိုအပ်မည့် စာရွက်စာတမ်း တွေကတော့
၁ ။ စာချုပ်နှင့် မြေပုံမြေရာဇဝင်
၂ ။ မြေငှားဂရန် နှင့် ဆက်စပ်စာချုပ် ( မိတ္တူ )
၃ ။ ရောင်းသူရဲ့ မှတ်ပုံတင် ( မိတ္တူ )
၄ ။ ဝယ်သူရဲ့ မှတ်ပုံတင် ( မိတ္တူ )
၅ ။ ဝယ်သူရဲ့ အိမ်ထောင်စုစာရင်း ( မိတ္တူ )
# ၎င်း ( ၅ ) မျိုးကို မိတ္တူ ( ၆ )စုံ ဆွဲရမယ် ။ ( ၆စုံ ဆိုတာ စစ်ဆေးမည့် အဖွဲ့က ၆ဖွဲ့ မို့ပါ )
၆ ။ မြေကွက်နှင့် အိမ် ဖြစ်လျှင် ( ရှေ့ဖက်မှ ) ( ဓာတ်ပုံ ၂ ပုံ )
၇ ။ မြေကွက်နှင့် အိမ် ဖြစ်လျှင် ( အနောက်ဖက်မှ ) ( ဓာတ်ပုံ ၂ ပုံ )
အဲ့ဒီ ၇ မျိုး ပါကို ပါရမယ် ။ ဝယ်သူ ကိုယ်တိုင် ပါရမယ် ။ ဝန်ခံချက်ပုံစံမှာ လက်မှတ်ထိုး ရမယ် ။ အများအားဖြင့် ရက်ချိန်း
( ၂ ) ပတ်ဝန်းကျင်လောက် ပေးလိမ့်မယ် ။
( ဒုတိယ အဆင့် အနေနဲ့ ) လုပ်ဆောင်ရမှာ တွေကတော့ ....
၁ ။ ရာဖြတ် တန်ဖိုး သိရလျှင် ဝယ်သူ နေထိုင်ရာ မြို့နယ် အခွန်ဦးစီး ဌာနကိုသွား ။
၂ ။ ရာဖြတ် တန်ဖိုးရဲ့ % ကို တွက် ။ ကျသင့်ငွေကို တံဆိပ်ခေါင်း အခွန် အဖြစ် ဝယ် ။ ချလန် တစ်စောင် ရလိမ့်မယ် ။
၃ ။ ရာဖြတ် တန်ဖိုး အတွက် ငွေဖြူ / ဝင်ငွေရလမ်း ဖော်ပြနိုင်တဲ့ငွေ / အခွန် စည်းကြပ်ပြီးသောငွေကို ပြရမယ် ။
ချလန် တစ်စောင် ထပ်ရမယ် ။
၄ ။ မပြနိုင်လျှင် ဝယ်ယူတဲ့ ပစ္စည်းတန်ဖိုး ( ရာဖြတ် တန်ဖိုး ) က
သိန်း ၁၀၀၀ အောက် - ၃ %
သိန်း ၁၀၀၀ - ၅၀၀၀ ကြား - ၅ %
သိန်း ၅၀၀၀ - ၁၀၀၀၀ ကြား - ၁၀ %
သိန်း ၁၀၀၀၀ - ၁၅၀၀၀ ကြား - ၂၀ %
သိန်း ၁၅၀၀၀ အထက် ဆို - ၃၀ % အဝယ်ခွန် ပေးဆောင် ရမယ် ။
၅ ။ စုစုပေါင်း ချလန် ၂စောင် ဖြစ်မယ် မြို့နယ် အခွန်ဦးစီးဌာနက ညွှန်တဲ့ ဘဏ်ကိုသွား ။ ငွေသွင်း ။
၆ ။ ငွေသွင်းပြီးရင် ချလန် မူရင်း၂စောင် ပြန်ရလာမယ် ။ မိတ္တူ ၂ စုံ ကူး ။ မြို့နယ် အခွန်ဦးစီးဌာနကို ပြန်ပေး ။
၇ ။ အခွန်တံဆိပ်ခေါင်း ယူဖို့ ရက်ချိန်း ပေးလိမ့်မယ် ။
၈ ။ ထိုချိန်းတဲ့ရက် မြို့နယ်အခွန်ဦးစီးဌာနကို သွား ၊ အခွန်တံဆိပ်ခေါင်း ယူ ။ ၅ % အတွက် တံဆိပ်ခေါင်း ရမယ်။
ကျန်တာ အတွက် မရ ။
(တတိယအဆင့်အနေနဲ့)
၁ ။ အခွန်ရုံးက ထုတ်ပေးတဲ့ အခွန်တော်ခေါင်း ၊
၂ ။ ဂရန် မူရင်း / မိတ္တူ ၊ ဆက်စပ်စာချုပ် မူရင်း / မိတ္တူ ၊ အခွန်ဆောင်ရမယ့် အရောင်းအဝယ် စာချုပ် ၊ မြေခွန် ကွာတားကြေး ပြေစာ ၊ ရာဖြတ်က စာရွက် ။
၃ ။ ရောင်းသူ ၊ ဝယ်သူ ၊ သက်သေ၂ဦးရဲ့ မှတ်ပုံတင် မူရင်း ၊ မိတ္တူ ။
အထက်ပါ စာရွက်စာတမ်းတွေနဲ့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး ကိုသွား-
- မူရင်း နဲ့ မိတ္တူတွေ တိုက်စစ် ၊
- ပြည့်စုံလျှင် လက်ဗွေနိုပ် ( ရောင်းသူ ၊ ဝယ်သူ ၊ သက်သေ အမှတ် ၁ )
- အလုံးစုံ ပြည့်စုံလျှင် စာချုပ်စာတမ်း မှတ်ပုံတင် ဦးစီးအရာရှိက လက်မှတ်ထိုး ။
- စာရေးမက ယာယီစာချုပ်နံပါတ် ထုတ်ပေး / ရက်ချိန်းပေး ။
- စာချုပ်စာတမ်း မှတ်ပုံတင်ရုံးကို အခွန်ပြေစာ နံပါတ် ၃ ( အခမ - ၃ ) ရမှ ရုံးကနေ " မှတ်ပုံတင်ပြီးပြတ်သွားတဲ့ အရောင်းအဝယ် စာချုပ် " ပြန်ပေး ပါလိမ့်မယ် ။
# Crd to owner
Credit ( ဥပဒေရေးရာ )
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...