မြေအရောင်းအဝယ်စာချုပ်လိုက်လံ အကျိုးဆောင်ရင်းတခါတရံ အဌားစာချုပ်များပြု လုပ်ပေးရလေ့ရှိပါတယ်။ အဌားပြု လုပ်ရာတွင် အိမ်ရှင်တော်တော်များများမှာ ကာလရှည်မဌားလိုကြပေ အကြောင်းပြချက်မှာနှစ်ကြာသွားပါကအပိုင်စီး သွားမည်ဟုစိုးရိမ်

မြေအရောင်းအဝယ်စာချုပ်လိုက်လံ အကျိုးဆောင်ရင်းတခါတရံ အဌားစာချုပ်များပြု လုပ်ပေးရလေ့ရှိပါတယ်။  အဌားပြု လုပ်ရာတွင် အိမ်ရှင်တော်တော်များများမှာ ကာလရှည်မဌားလိုကြပေ အကြောင်းပြချက်မှာနှစ်ကြာသွားပါကအပိုင်စီး သွားမည်ဟုစိုးရိမ်

မြေအရောင်းအဝယ်စာချုပ်လိုက်လံအကျိုးဆောင်ရင်း

တခါတရံအဌားစာချုပ်များပြု လုပ်ပေးရလေ့ရှိပါတယ်။ 

အဌားပြု လုပ်ရာတွင် အိမ်ရှင်တော်တော်များများမှာ

ကာလရှည် မဌားလိုကြပေ

အကြောင်းပြချက်မှာ နှစ်ကြာသွားပါကအပိုင်စီး

သွားမည်ဟုစိုးရိမ်တတ်သကဲ့သို့

၁၂ နှစ်ကျော်ပါက အိမ်ဌားမှာပိုင်သွားမည်ထင်နေသည်။ 

ရှေးယခင်ကတော့ စဘော်ငွေ / လခပေးစနစ်ဖြင့်

ဌားရမ်းတတ်ရာလခကိုအိမ်ရှင်လက်မခံပါက

ဌားရမ်းခကြီးကြပ်ရေးဝန်ထံပေးသွင်းပြီးဆက်လက်

နေထိုင်ကြရာအိမ်ဌားတာဝန်ဖောက်ဖျက်မှသာ

ဖယ်ရှားပေးဖို့ရန်တရားစွဲဆိုရသည်။ 

ယခုအခါတွင် စဘော်မယူတော့ဘဲလချုပ် / နှစ်ချုပ်

စသည်ဖြင်ကာလတို / ရှည်ဌားရမ်းလေ့ရှိပါသည်။ 

အိမ်ရှင်အိမ်ဌားမူခင်းလည်းနည်းပါးသွားပါသည်။ 

(အထူးမှတ်သားရန်မှာ)

၁၂ နှစ်ကျော်ပါက အိမ်ဌားကပိုင်ရှင်မဖြစ်ပါ။ 

အဆိုပါကိစ္စမကြာခဏ စီနီယာဆရာများ ရေးသားတတ်သည်ကိုဖတ်ရှု လေ့လာရပါသည်။ 

၁၉၆၀ ပြည့် မြို့ပြဆိုင်ရာ ဌားရမ်းကြီးကြပ်ရေးအက်ဥပဒေပုဒ်မ၂(ဆ) အရ

အိမ်ဌားဟူသောစကားရပ်တွင်အဌားချထားမှု

(OR)

အဌားစာချုပ် ကုန်ဆုံးပြီးနောက်မိမိအားဌားရမ်းထားသည့်

ဥပစာတွင် အိမ်ရှင်၏သဘောတူညီချက်အရဖြစ်စေ

သဘောတူညီချက်မရဘဲဖြစ်စေ လက်ရှိနေထိုင်မြဲ

နေထိုင်သူပါဝင်သည်ဟု

1963  B.L.R  909

1977  B.L.R  63  စီရင်ထုံးများက လမ်းညွှန်ထားပါတယ်။ 

၁၂ နှစ်ကျော်နေထိုင်ရင် ဖယ်ထုတ်ဖို့တရားစွဲဆိုလို့

မရတော့ဘူးဆိုတာဆန့်ကျင်လက်ရှိထားခြင်း

(adverse possession) ကိုပြောခြင်းသာဖြစ်ပြီး

အိမ်ရှင်အိမ်ဌားကိစ္စနဲ့ မသက်ဆိုင်ပါဘူး

အိမ်ဌားကိုလခမယူတော့ဘဲစာချုပ်စာတမ်းဖြင့်

အခမဲ့နေထိုင်ခွင့်ပြု ခဲ့ရင်တော့ လိုင်စင်စီဆိုတဲ့

အခမဲ့ထားသူအား နှင်လိုမှု ကိုသတ်မှတ်ကာလ

အတွင်းတရားစွဲဆိုရမှာဖြစ်ပါတယ်။ 

ပိုင်ဆိုင်ခွင့်တစ်စုံတရာမရှိဘဲ ပစ္စည်းတွင်လက်ရှိဖြစ်သူသည်

ထိုပစ္စည်းတွင်ဆိုင်ရေးဆိုင်ခွင့် (interest)

ရှိ၍ ထိုဆိုင်ရေးဆိုင်ခွင့်ကို အမွေဆက်ခံခွင့်ရှိသည်။ 

ထိုဆိုင်ရေးဆိုင်ခွင့်မှာ ပိုင်ရှင်အစစ်မှတစ်ပါးခပ်သိမ်း

သောသူတို့အပေါ် ခိုင်မာသည်ဟု

1997  B.L.R 85 မှာပြောထားပါတယ်

မိမိပိုင်မြေကွက်တွင် ဝင်ရောက်နေထိုင်၍ လက်ရှိဖြစ်တဲ့သူဟာ

ကာလကြာရှည်ရင်ဆိုင်ရေးဆိုင်ခွင့်ရှိသွားမည့်အချက်ဖြစ်ပါတယ်

အဲဒီလိုဆန့်ကျင်နေထိုင်တာကလည်းနေထိုင်သူဟာလက်ရှိသည်တစ်ဆက်တည်းဖြစ်ရမည် 

ထင်ထင်ရှားရှားအများသိရမည် တစ်အငြင်းပွားသူ

(ပိုင်ရှင်)သိရှိအောင် လုပ်ရန်မလိုသို့သော်ပုန်းရှိုး

ကွယ်ဝှက်နေထိုင်မှု မျိုးမဟုတ်စေရ

တစ်ဖက်မှသတိပြု လျှင်မည်ကဲ့သို့ဖြစ်ပျက်နေသည်ကို

သိမြင်စေနိုင်ရမည်ဟု1961 B.L.R 111 ကဆိုထားပါတယ်

မိမိမြေကွက် ဥပစာမှာပိုင်ရှင်ကဲ့သို့ ထင်ထင်ရှားရှား

ဝင်ရောက်နေသူဟာ ဆန့်ကျင်လက်ရှိထားသူဖြစ်သွားပါမယ်

ဆန့်ကျင် လက်ရှိထားသူကို ကာလစည်းကမ်းသတ်

ဥပဒေပထမဇယားအမှတ်စဉ် ၁၄၄ အရ  ၁၂ နှစ်

အတွင်းတရားစွဲဆိုရမယ်လို့ 1984 B.L.R 139

ကလမ်းညွှန်ထားတာပါ 

တရားမမှုတစ်မှု ကိုစွဲဆိုမယ်ဆိုရင်သတ်မှတ်ထားတဲအချိန်အတွင်း

စွဲဆိုရမှာဖြစ်တဲ့အတွက်မိမိဥပစာအတွင်းသို့

ဝင်ရောက်ကျူးကျော်နေထိုင်သူကို

နှင်ထုတ် / ဖယ်ရှား / လက်ရောက်ရလိုမှု များ

စွဲဆိုမှု ဆိုတာဟာလည်း

သတ်မှတ်အချိန်ကာလအတွင်း စွဲဆိုရန်

ဥပဒေက ပြဌာန်းထားခြင်းသာဖြစ်ပါတယ်

သတ်မှတ်ကာလကျော်လွန်ရင်တော့

မိမိအမှု ဟာရှုံးနိမ့်မှ ာဖြစ်ပါတယ်

နှစ်ကာလကြာရှည် နေထိုင်တဲ့အိမ်ဌားကတော့

အိမ်ဌားသာဖြစ်ပါတယ်  ၁၂နှစ်ကျော်နေတာနဲ့

ပိုင်ရှင်မဟုတ်ရကြောင်းရေးသားလိုက်ရပါသည်။  

 

B.L.R(နှစ်အလိုက်စီရင်ထုံးဖွဲ့မှု များ)

TH Law firm limited

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate