ပါမစ် မြေကွက်ကို ဝယ်လျှင် တရားဝင် ပိုင်ဆိုင် ခွင့်ရ ပါသလား ။ မှတ်ပုံတင် အရောင်း အဝယ် စာချုပ်ချုပ် ဆိုနိုင်ပါ သလားဟု မေးလာသဖြင့် ဤဆောင်းပါးကို ဗဟုသုတအဖြစ် ရေးသား လိုက်ပါ သည်။

ပါမစ် မြေကွက်ကို ဝယ်လျှင် တရားဝင် ပိုင်ဆိုင် ခွင့်ရ ပါသလား ။ မှတ်ပုံတင် အရောင်း အဝယ် စာချုပ်ချုပ် ဆိုနိုင်ပါ သလားဟု မေးလာသဖြင့် ဤဆောင်းပါးကို ဗဟုသုတအဖြစ် ရေးသား လိုက်ပါ သည်။

        ပါမစ် မြေကွက်ကို ဝယ်လျှင် တရားဝင် ဆိုင်ခွင့် ရပါသလား ။ မှတ်ပုံတင် အရောင်း အဝယ် စာချုပ်ချုပ် ဆိုနိုင် ပါသလား ဟုမေးလာသဖြင့် ဤဆောင်းပါးကို ဗဟုသုတ အဖြစ် ရေးသား လိုက်ပါသည် ။ ပါမစ် မြေအကြောင်း မတင်ပြမှီ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ဥပဒေအရ သတ်မှတ် ထားသော မြေ အမျိုးအစား များကို သိထားရန် လိုအပ် ပါသည်။


" မြေ အမျိုးအစား "
=======
ဥပဒေ နှင့် အညီ သတ်မှတ် ထားသည့် မြေ အမျိုးအစား များမှာ -
၁ ။ ဘိုးဘွား ပိုင်မြေ ( မြေပိုင် မြေ )
၂ ။ မြေငှား ဂရန်မြေ
၃ ။ စကွာတာ မြေ
၄ ။ လိုင်စင်မြေ
၅ ။ ပါမစ် မြေ
၆ ။ ဂရန်ရှိ မြေပိုင်မြေ
၇ ။ အခွန်လွတ် သာသနာ့ ဂရန်မြေ
၈ ။ သိမ် ဂရန်မြေ
၉ ။ ကျူးကျော် မြေ နှင့်
၁ဝ။ စနစ်တကျ ကျူးလွန် ခြင်းမြေ ဟု သတ်မှတ် ခွဲခြား ထားပေသည် ။
"  ပါမစ်မြေ ဆိုသည်မှာ "
===========
        အဓိပ္ပာယ် ဖွင့်ဆို ချက်နှင့် ပတ်သက်၍ ပါမစ်မြေ ဆိုသည်မှာ စည်ပင် ပြန့်ပြောမှု မရှိသေးသည့် နေရာများတွင် စည်းကမ်း ချက်ဖြင့် သုံးစွဲ ခွင့်ပြုထားသည့် '' အိမ်ရာ ဆောက်လုပ် နေထိုင်ခွင့် ''ချပေး ထားသော မြေအမျိုး အစားဖြစ် သည်ဟု အဓိပ္ပာယ်ဖွင့် ဆိုထားပါသည်။ ထို့ကြောင့် ဘိုးဘွား ပိုင်မြေ ၊ မြေငှား ဂရန်မြေ များကဲ့သို့ မြေ ပိုင်ဆိုင်မှုကို အခြေ မတည်ဘဲ အိမ်ရာ ဆောက်လုပ် နေထိုင်ခွင့်အတွက် ချပေးထားသော မြေ အမျိုးအစား ဖြစ်သည် ။


" လွှဲပြောင်း ရောင်းချခြင်း "
===========
          ❖ မြေ ချပါမစ် ( အိမ်ရာ ဆောက်လုပ် နေထိုင် ခွင့်လက်မှတ် ) တွင် အိမ်ရာ မြေကွက်ရ သူသည် မြေကွက်ကို ခွဲစိတ်ခြင်း ၊ တစ်ဆင့် လွှဲပြောင်း ရောင်း ချ ၊ ပေါင်နှံ ၊ ပေး ကမ်းခြင်း လုံးဝ မပြုရဟု ဖော်ပြ ထားပါသည် ။


         ❖ သို့ရာတွင် ငွေ အရင်းအနှီး မြှုပ်နှံလို သူများ အနေဖြင့် ဂရန် မြေ အဖြစ် အမည်ပေါက် သွားပါက မြေတန်ဖိုး အဆမတန် ကွာခြား သွားသဖြင့် ပါမစ်မြေ များကိုသာ သင့်တင့် ဈေးပေး၍ အရောင်း အဝယ် ကတိစာချုပ် ချုပ်ဆိုကာ လွှဲပြောင်း ရယူထား ကြပေသည်။


        ❖ ထို့ နောက် မှ မြေငှား ဂရန်ကို လျှောက် ထားရ ယူလေ့ ရှိကြသည် ။


" မြေငှား ဂရန် အသစ် ထုတ် ပေးခြင်း "
================
           ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီက မြေငှား စာချုပ်အသစ် ( မြေငှား ဂရန် ) ထုတ်ပေးရန် နှင့် ပတ်သက်၍ အောက်ပါ အတိုင်း သတ်မှတ်ထား ပေသည် ။
မြေငှား ဂရန်ထုတ်ပေး သော မြေ အမျိုးအစား များမှာ
လိုင်စင် မြေ ၊ စကွာတာ မြေ နှင့် ပါမစ် မြေ တို့ဖြစ်ကြောင်း သတ်မှတ်ထား ပေသည် ။
ဂရန်မြေ ထုတ်ပေး ရန်အတွက် အောက်ပါ အချက် များကို ပူးတွဲတင်ပြ လျှောက်ထား ရပေသည် ။


၁ ။ လျှောက်ထား သူသည် နိုင်ငံသား ဖြစ်ရ ပါမည် ။ ( နိုင်ငံသား ကတ်ပြား မိတ္တူတင် ပြရပါသည် )
၂ ။ ပါမစ်မြေ ( အိမ်ရာ ဆောက်လုပ် နေထိုင် ခွင့်လက်မှတ် )
၃ ။ ပါမစ် မြေ အမည်ပေါက် သို့မဟုတ် ဥပဒေ နှင့် အညီ ဆက်ခံ သူမှ တရားရုံးတွင် ပြုလုပ်ခဲ့သော ကျမ်းကျိန်လွှာ
၄ ။ လွှဲပြောင်း ထားခြင်း ဖြစ်ပါက ကတိ စာချုပ်များ ( ဥပမာ - အရောင်းအဝယ် ၊ ပေးကမ်း ၊ စွန့်လွှတ် ၊ လှူဒါန်း စသော လွှဲပြောင်း ခြင်း များ )
၅ ။ အမှု အခင်း ဖြစ်ခဲ့ပါက ပိုင်ဆိုင် ခွင့်နှင့် ပတ်သက်သည့် တရား ရုံး၏ အမိန့် ဒီကရီ ။
၆ ။ အဆောက်အအုံ ရှိကြောင်း အထောက် အထားများ ပါရှိရ ပေသည် ။
ထိုကြောင့် ဤ နေရာတွင် ပါမစ် မြေများကို ကတိ စာချုပ်များဖြင့် အရောင်း အဝယ် လွှဲပြောင်းခြင်း ပြုနိုင် ကြောင်း ကို တွေ့ရှိရမည် ဖြစ် ပေသည် ။


" မှတ်ပုံတင် အရောင်းအဝယ် စာချုပ် ပြုလုပ် ချုပ်ဆိုခြင်း "
=========================
           စာချုပ် စာတမ်း မှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၁၇တွင် တန် ဖိုး ငွေ ၁ဝဝ အထက်ရှိသော မရွှေ့မပြောင်း နိုင်သည့် ပစ္စည်း အ ရောင်း စာချုပ်သည် မှတ်ပုံ မတင်က တရားမ ဝင်ကြောင်း ပြဋ္ဌာန်း ထားပေသည် ။


❖ ပါမစ် မြေကွက်
( အိမ်ရာ ဆောက်လုပ် နေထိုင်ခွင့် လက်မှတ် မြေကွက် ) သည် လွှဲပြောင်း ရောင်းချ ပိုင်ခွင့် မရှိသဖြင့် စာချုပ် စာတမ်း မှတ်ပုံတင်ရုံးက မှတ်ပုံတင် အ ရောင်းစာချုပ်ကို ချုပ်ဆို ပေးခြင်း မရှိပေ ။


❖ ထို့ကြောင့် နှစ်ဘက် သဘောတူ အရောင်းအဝယ် ကတိစာချုပ် အဖြစ်သာ ချုပ်ဆိုကြပြီး မြေ ဂရန်သစ်များ
လျှောက်ထား လေ့ရှိပေသည်။


❖ မြေဂရန် လျှောက်ထားရာတွင် အဆိုပါ မြေကွက် ပေါ်တွင် အဆောက်အဦး ဆောက်လုပ်ထား ပြီးဖြစ်ရန် လိုအပ် သဖြင့် အဆောက် အအုံဆောက် လုပ်ထား လေ့ရှိပေသည်။


❖ ထို့ကြောင့်အ ရောင်းအဝယ်ပြုရာတွင် ပါမစ်မြေ နှင့် အဆောက်အအုံတွဲဖက် ရောင်းကြ သည်။


❖ ဤတွင် အ ဆောက်အအုံ ပိုင်ဆိုင်မှုအတွက် ပါမစ်မြေ အမည်ပေါက် သူနှင့် ဝယ်သူတို့ အဆောက်အအုံ အရောင်း အဝယ် မှတ်ပုံတင် စာချုပ် ချုပ် ဆိုနိုင်ပေသည် ။


ဤသည် နှင့် ပတ်သက်၍ '' ဦးလှရွှေ နှင့် ဒေါ်အုံးမြင့် ၁၉၉၂ ခုနှစ် ၊  မြန်မာနိုင်ငံ တရားစီ ရင်ထုံး စာမျက်နှာ ၁၃၇ ''တွင်  -
ဦးလှရွှေ က ဒေါ်အုံးမြင့် အပေါ် မြေ နှင့် အိမ်အပေါ်  ပိုင်ဆိုင်ကြောင်း မြွက်ဟ ကြေညာမှုစွဲ ဆိုရာ တိုင်းတရားရုံး တော်က ပယ်ချခဲ့သဖြင့် တရားရုံး ချုပ်သို့ အယူခံ ဝင်လာခြင်း ဖြစ်သည် ။
တရားရုံး ချုပ်က သုံးသပ် ဆုံးဖြတ် သည်မှာ


❖ အချင်းဖြစ် မြေသည် နိုင်ငံတော် ပိုင်မြေ ဖြစ်ပြီး နေထိုင်ခွင့် ချပေးထား ချက်အရ နေထိုင်ခွင့်ရရှိနေကြပြီး တရားဝင် ပိုင်ဆိုင်မှုအတွက် လွှဲပြောင်းခွင့် မရှိသော မြေဖြစ်ကြောင်း အငြင်း မထွက်ပေ။


❖ ဦးလှရွှေက အချင်း ဖြစ်မြေကို ပိုင်ဆိုင်ကြောင်းအား အခြေပြု၍ စွဲဆိုခြင်းဖြစ်ရာ မူလရုံး၏ သုံးသပ်သည့်အတိုင်း အစိုး ရ မြေကို ဦးလှရွှေက ပိုင်ဆိုင်ခွင့်မရ နိုင်ပေ။


❖ အိမ်ကိုရောင်းချသော အိမ် အရောင်းအဝယ် စာချုပ်တွင် တန် ဖိုးငွေ ကျပ် ၃ဝဝဝ ဖြင့် အရောင်း
အဝယ်ပြုကြောင်း ပေါ်ပေါက် သည်။


❖ တန်ဖိုး ငွေကျပ် ၁ဝဝ ကျော်သဖြင့် ပစ္စည်းလွှဲ ပြောင်းရေး အက်ဥပဒေ ပုဒ်မ ၅၄နှင့် စာချုပ် စာတမ်း မှတ်ပုံတင် အက်ဥပဒေ ပုဒ်မ၁၇ တို့နှင့် အညီ မှတ်ပုံတင် ပြုလုပ်ခဲ့ခြင်း မရှိသဖြင့် အထမြောက် သော အရောင်း အဝယ် လည်းမ ဟုတ်ပေ ။ အဆိုပါ ဥပဒေများတွင် နေခွင့် လက်မှတ်အရ နေထိုင်သော မြေပေါ်ရှိ အဆောက်အအုံ နှင့် စပ်လျဉ်း၍ မှတ်ပုံတင် ရန်မလိုဟု ပြဋ္ဌာန်းချက် ပြုထား ခြင်းမရှိပေ ။


❖ ထိုကြောင့် မူလရုံးက ဦးလှ ရွှေသည် အစိုးရပိုင် မြေကို မိမိမြေ အဖြစ် လည်းကောင်း ၊ ဥပဒေ ပြဋ္ဌာန်းချက် နှင့် အညီ ချုပ်ဆို ထား ခြင်း မရှိသော အရပ် စာချုပ်ပေါ်တွင် အခြေပြု၍ လည်းကောင်း ၊ အချင်းဖြစ် မြေ နှင့် အိမ်ကို မိမိ ပိုင်ဆိုင် ကြောင်းမြွက်ဟ ကြေညာမှု စွဲဆိုခွင့် မရှိဟု ဆုံးဖြတ် ချက်မှာ မှန်ကန်၍ အတည်ပြု ကြောင်း ဆုံးဖြတ်ခဲ့ ပေသည် ။


❖ သို့ဖြစ်၍ အိမ်ရာဆောက် လုပ်နေ ထိုင်ခွင့် လက်မှတ် ပါမစ်မြေ ကိုဝယ်လျှင် ဥပဒေ နှင့် အညီပိုင်ဆိုင် ခွင့်မရသေးပါ။


❖ အရောင်း အဝယ် ကတိ စာချုပ်ချုပ် ဆို၍ ဂရန်သစ် လျှောက်ထား ခွင့်ရှိပေသည် ။


❖ သို့သော် “ ပါမစ်မြေပေါ်ရှိ အဆောက်အအုံ အတွက် ပိုင်ဆိုင်မှုကို ဥပဒေ နှင့် အညီ စာချုပ် စာတမ်း ရုံး၌ မှတ်ပုံတင် အရောင်းစာချုပ် ပြုလုပ်နိုင် ” ပါကြောင်း ဗဟုသုတ အဖြစ် ရေးသား လိုက်ပါသည် ။


Credit - ဈေးကွက် ဂျာနယ်
 

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate