အခြား သူစိမ်း တစ်ယောက် အမည်နဲ့ ပေါက်နေတဲ့ ဘိုးဘွား ပိုင်မြေကို ဂရန်ပြောင်း လို့ရပါ သလား ။

အခြား သူစိမ်း တစ်ယောက် အမည်နဲ့ ပေါက်နေတဲ့
ဘိုးဘွား ပိုင်မြေကို ဂရန်ပြောင်း လို့ရပါ သလား ။ တကယ်လို့
နာမည်ပေါက်နေတဲ့သူ ကွယ်လွန်သွား သည်ဖြစ်စေ ၊
ဆက်သွယ်လို့ မရတော့ သည့်အခါ ဖြစ်စေ နှစ်ပေါင်းများစွာ
နေထိုင်လာ တဲ့မြေကို မိမိအမည်ပေါက် ဖြစ်အောင် ဘယ်လိုလုပ်
ရမလဲဆိုကို သိလိုပါ တယ် ။
===========================
ရှေးဦးစွာ ပြောကြား လိုသည်မှာ မြေနှင့် ဆိုင်ရာ ဥပဒေ
များအရ ဘိုးဘွားပိုင်မြေ ဟူသည် လုံးဝမရှိ ဟူသည့် အချက်
ပင်ဖြစ်ပါသည် ။ အောက် မြန်မာပြည်တွင် Landholders’ right
ဟုခေါ်သည့် လက်ဝယ် ထားပိုင်ခွင့် ရရှိထားသည့်မြေ နှင့်
အထက် မြန်မာပြည်တွင် ဘိုးဘပိုင်မြေ ဟူ၍ ရှိပါသည် ။ အောက်
မြန်မာပြည်တွင် ဘိုး ဘပိုင် မရှိပါ ။ မေးမြန်း ချက်အပေါ်
ဖြေကြားရလျှင် လက်ဝယ်ထားပိုင်ခွင့်ရမြေ ဖြစ်စေ ၊
ဘိုးဘပိုင် မြေဖြစ်စေ ဂရန် အဖြစ် ပြောင်း၍ ရပါသည် ။
သို့ရာတွင် ထိုမြေကို အမည်ပေါက် ပိုင်ဆိုင်သူက အစိုးရသို့
မြေကို ပြန်လည် အပ်နှံ ကြောင်း စာချုပ်ချုပ်ဆို အပ်နှံ ရပါမည် ။
ထိုအခါ ထိုမြေသည် အစိုးရက စီမံခန့်ခွဲ ပိုင်ခွင့်ရှိသော မြေအဖြစ်
ပြန် လည် ရောက်ရှိ သွားပြီးနောက် ၊ ဂရန် လျှောက်ထား ရရှိနိုင်ပါသည် ။
အမည်ပေါက်များ ကွယ်လွန်ခြင်း ၊ ဆက်သွယ် မရခြင်း တို့ကြောင့်
နှစ်များစွာ နေထိုင်လာသည့် မြေကို မိမိ အမည်ပေါက် ရရှိရန်
ဟူသည့် အချက်ကိုမူ ၊ အမှန်တကယ် ရိုးသားစွာ နေထိုင်
အသုံးပြုခဲ့သည် ဖြစ်ပါက ၊ သက်ဆိုင်ရာ စီရင်ခွင့်ရ တရားရုံးတွင်
ထိုမြေကို မိမိ ပိုင်ဆိုင်ကြောင်း မွက်ဟ ကြေညာပေး စေလိုမှု စွဲဆိုနိုင်
ပါသည် ။၊ တရားရုံး၏ စီရင်ချက်အရ မြေစာရင်းဌာန တွင် အမည်ပေါက်
ပြောင်းလဲပေးရန် တင်ပြ ဆောင်ရွက် နိုင်ပါသည် ။
# DVBLawLab # DVBtvnews # မြေငှားဂရန်
#Crd to owner
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...