ဂရန် တစ်ခုကို မိမိနာမည် ဂရန် အမည်ပေါက် ဖြစ်အောင် ဆောင်ရွက် ချင်သော်လည်း အမည်ပေါက် ပိုင်ရှင် မရှိတော့ရင် ဘယ်လို ဆက်လက် လုပ်ဆောင် ရမလဲ?

ဂရန် တစ်ခုကို မိမိနာမည် ဂရန် အမည်ပေါက် ဖြစ်အောင် ဆောင်ရွက် ချင်သော်လည်း အမည်ပေါက် ပိုင်ရှင် မရှိတော့ရင် ဘယ်လို ဆက်လက် လုပ်ဆောင် ရမလဲ ? နစ် ( ၃၀ ) ဂရန်မြေကွက် တစ်ကွက် ဝယ်ထားတာ ( ၁၀ ) နစ်ကျော်ပါပြီ ./ အခုချိန်မှာ ဂရန်သက်တမ်း ကုန်ဆုံးသွားပြီ ဖြစ်လို့ မူရင်း အမည်ပေါက် ကနေ မိမိ အမည်ပေါက် ဖြစ်အောင် ပြောင်းလိုပါတယ်. / မူရင်း အမည်ပေါက်တဲ့သူ အိမ်ပြောင်းသွားတဲ့ အတွက် ရှာရခက် နေပါတယ် ./ အကယ်၍ ရှာမတွေ့တော့ရင် ဘယ်လို လုပ်ရမလဲ ။
...............................................
ကိုယ်ဝယ်ယူ ထားတဲ့ စာချုပ်က သာမာန် အရပ်စာချုပ်နဲ့ ဝယ်ထား တာလား ./ မှတ်ပုံတင် စာချုပ်နဲ့ ဝယ်ထားတာလား ဆိုတာ ကြည့်ရပါမယ် .။ မှတ်ပုံတင် စာချုပ်နဲ့ ဝယ်ထား တယ်ဆို ရင်တော့ အမည်ပေါက် ပိုင်ရှင် မလိုတော့ပါဘူး.။ မှတ်ပုံတင် စာချုပ်နဲ့ တွဲပြီးတော့ သက်ဆိုင်ရာသို့ မိမိ မှတ်ပုံတင် စာချုပ့်ဖြင့် ဝယ်ထားကြောင်း တင်ပြ၍ ဂရန်သက်တမ်း တိုးပေးရန်နှင့် အမည်ပြောင်းလဲ ပေးရန် တိုက်ရိုက် လျှောက်ထား နိုင်ပါတယ် ။ သက်ဆိုင်ရာမှ ဂရန်သက်တမ်း ပြတ်တောက် ကာလများ အတွက် သတ်မှတ်ထား သောဒဏ်ကြေးများ ပေးဆောင်စေ၍ လုပ်ထုံး လုပ်နည်း များနှင့်အညီ ဂရန်သက်တမ်း တိုးပေးကာ အမည်ပေါက် ပြောင်းလဲ ပေးမှာ ဖြစ်ပါတယ် ။
အရပ် စာချုပ်နဲ့ ဝယ်ထား တာဆိုရင်တော့ အရပ် စာချုပ်သည် မရွှေ့မပြောင်း နိုင်သော ပစွည်းနှင့် ပတ်သတ်ရင် သက်ဆိုင်ရာတရားရုံးများမှာ သက်သေခံ တင်သွင်းလို့ မရပါဘူး ။ ဂရန် သက်တမ်း ကုန်ဆုံးနေတဲ့ ဂရန်တွေ အတွက်တော့ ဂရန်လုပ်ထုံး လုပ်နည်းများအရ သက်ဆိုင်ရာ ဂရန်သက်တမ်း မကုန်ဆုံးမီ ( ၃ ) လကြိုတင်၍ ဂရန် သက်တမ်းတိုး လျှောက်ထားခြင်း မရှိလျှင် လုပ်ထုံး လုပ်နည်း များအရ ဂရန် ပျက် သွားပြီဟု ယူဆရပါမယ် ။ ထို့ကြောင့် အဆိုပါမြေသည် နိုင်ငံတော်မှ စီမံခန့်ခွဲပြီး ပြန်လည် ချထား ပေးနိုင်သောမြေအဖြစ်သို့ အလိုလို ပြန်လည် ရောက်ရှိ သွားပါတယ် ။ ဒါကြောင့် အဆိုပါ မြေသည် ဂရန်ရမြေ မဟုတ်တော့ ပါဘူးအရင်က ဂရန်ရထားပြီးသား မြေဟုသာ သတ်မှတ်ပါတယ်..
အဲ့တော့ သူသည် အရပ်စာချုပ်နဲ့ ဒီမြေပေါ်မှာ လက်ရှိထား ရယူသုံး စွဲကြောင်း အထောက်အထား တင်ပြ၍ သက်ဆိုင်ရာသို့ဂရန် အသစ်တစ်ခု ထုတ်ပေးရန် လျှောက်ထား ရမှာ ဖြစ်ပါတယ် ။
Credit- DVBlawlab
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...