ကျွန်တော်က နောင်ရေး အတွက် နယ်မြို့လေး တစ်မြို့ မှာ ခြံကွက် တစ်ကွက် ဝယ်ယူ ထားပါတယ် ။

ကျွန်တော်က နောင်ရေး အတွက် နယ်မြို့လေး တစ်မြို့ မှာ ခြံကွက် တစ်ကွက် ဝယ်ယူထား ပါတယ် ။ အဲဒီ မြေဟာ ဂရန်ရှိမြေကွက် ဖြစ်ပေမဲ့ ဂရန် ပျောက်နေလို့ လူမှုရေး အရ ငဲ့ကွက်ပြီး ရှေ့နေတစ်ဦး ရှေ့မှာ ရောင်းသူ ၊ ဝယ်သူ သက်သေ စုံလင်စွာ နဲ့ စာချုပ်ချုပ် ဆိုပြီး ဝယ်ယူခဲ့ တာပါ ။ ဂရန်လျှောက် လို့ ရနိုင်ပါ သလား ၊ ဂရန် အသစ် ပြန်လျှောက် မယ်ဆိုရင် ဘယ်လို ဆက်လုပ် ရမလဲ ၊ ဘယ်လို အချက် အလက်တွေ လိုအပ်သလဲ ဆိုတာကို သိလိုပါတယ် ။
===========================
ပျောက်ဆုံး နေသည် ဟူသည့် ဂရန် အတွက် ယင်းဂရန်၏ သက်တမ်း ကို သိရန် လိုအပ် ပါသည်။ ဂရန် သက်တမ်း ရှိနေဆဲ ဖြစ်ပါက ဂရန် ပျောက်ဆုံး မိတ္တူလျှောက် ရပါမည် ။ အရောင်းအဝယ် စာချုပ်ကို စာချုပ် စာတမ်း မှတ်ပုံတင် ရုံးတွင် မှတ်ပုံတင်ပါ ။ မှတ်ပုံတင် စာချုပ်အရ ဂရန် အမည်ပြောင်း လျှောက်ထား နိုင်ပါသည် ။
အကယ် ၍ မြေ၏ ဂရန် သက်တမ်း ကုန်ဆုံး နေပြီး ဖြစ်ပါက ယင်းမြေသည် အစိုးရက စီမံခန့် ခွဲခွင့် ရှိသောမြေ ( ဂရန်ထုတ် ပေး နိုင်သည့်မြေ ) အဖြစ်သို့ ပြန်လည် ရောက်ရှိ နေပြီး ဖြစ်သဖြင့် မိမိအမည်ဖြင့် ဂရန်သစ် ထုတ်ပေးရန် လျှောက် ထားနိုင်သည် ဖြစ်ကြောင်း ဖြေကြား အပ်ပါသည် ။
#Crd to owner
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...