မြေပုံရာဇဝင်အကြောင်း လေ့လာသိရှိထားရန်

မြေပုံရာဇဝင် အကြောင်း လေ့လာသိရှိထားရန်
မြေပုံမြေရာဇဝင်ဆိုသည်မှာ
မရွှေ့ဖြစ်တဲ့မြေကို အရောင်းအဝယ် လုပ်ပြီဆိုတာနဲ့ မြေပုံမြေရာဇဝင်ဆိုတာ ပါလာပါပြီ ။
မြေတစ်ကွက်ကို ဝယ်မယ်ဆိုရင် “ မြေပုံမြေရာဇဝင် ” ကို အရင်စစ်ဆေးရမယ်လို့ ဥပဒေတွေမှာ ပါပါတယ် ။
“ မြေပုံစာရွက်ရယ် ” ၊ “ မြေရာဇဝင် စာရွက်ရယ် ” နှစ်ရွက်ပေါင်းပြီး မြေပုံမြေရာဇဝင်လို့ ခေါ်ကြတာပါ ။
မြေပုံမြေရာဇဝင်ကို အသုံးပြုကြတာ ပုံစံအမျိုးအမျိုး ရှိပါတယ် ၊ လူသိအများဆုံးကတော့ အိမ် ခြံ မြေ အရောင်းအဝယ် စာချုပ် ချုပ်တဲ့ အခါပေါ့ ။
စာချုပ်စာတမ်း မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ( ၂၁ ) တွင် မရွှေ့မပြောင်းနိုင်သော ပစ္စည်း ရောင်းဝယ် ၊ ပေးကမ်း ၊ စွန့်လွှတ်
စသည့် စာချုပ်များ မှတ်ပုံတင် ချုပ်ဆိုလျှင် “ မြေပုံမြေရာဇဝင် ” မပါရှိခဲ့လျှင် လက်ခံချုပ်ဆိုခြင်း မပြုရလို့ ပါရှိပါတယ် ။
မြေပုံမြေရာဇဝင် ဆိုသည်မှာ နှစ်စဉ်အမြဲ ပြောင်းလဲအတည်ပြု ရေးဆွဲနေရပါသော “ မြို့ပြမြေစာရင်း ” မှ ကောက်နုတ်ချက် မိတ္တူသာ ဖြစ်ပါ၍ မှန်ကန်မှု ရှိ / မရှိ ဆိုတာကို အိုးအိမ်ဦးစီးဌာန ( သို့ ) မြို့တော်စည်ပင် တို့တွင်သာ တိုက်ဆိုင်စစ်ဆေးနိုင် ပါသည်။
မြို့နယ် မြေစာရင်းက ထုတ်ပေးတဲ့ ပုံစံ ၁၀၅ မြေပုံ ။ ပုံစံ ၁၀၆ ကမှ မြေရာဇဝင် ၊ အဲဒီ ( ၂ ) ရွက်ပေါင်းကို မြေပုံမြေရာဇဝင်လို့ ခေါ် ပါတယ် ။ မြို့တော်စည်ပင်က ထုတ်ပေးတဲ့ မြေပုံကလေး ပါတာကို မြေပုံ ။ မြေရာဇဝင်ပါတဲ့ စာရွက်ကို မြေရာဇဝင်လို့ ခေါ် ပြီး ( ၂ ) ရွက်ပေါင်းလိုက်တော့ မြေပုံမြေရာဇဝင် ဖြစ်သွားပါတယ် ။
အောက်ပါ ကိစ္စရပ်များ အတွက် သက်သေခံ မြေပုံ-မြေရာဇဝင် ( Certified Map ) လျှောက်ထားနိုင်ပါသည် ။
- အဆောက်အအုံ ဆောက်လုပ်ခွင့် လျှောက်ထားရန်
- အဆောက်အအုံ အကြီးစားပြင်ဆင်ခွင့် လျှောက်ထားရန်
- ခြံစည်းရိုး ကာရံခွင့် လျှောက်ထားရန်
- အဝီစိတွင်း တူးခွင့် လျှောက်ထားရန်
- ဘဏ်ငွေချေးခွင့် လျှောက်ထားရန်
- မြေကွက် ခွဲစိတ်ခွင့် လျှောက်ထားရန်
- ကျူးလွန်ခြင်းပြ မြေပုံ လျှောက်ထားရန်
- အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း ကြေညာမှတ်ပုံတင် စာချုပ် ချုပ်ဆိုရန်
- ပစ္စည်းခွဲဝေခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- စွန့်လွှတ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- မေတ္တာဖြင့် အပိုင်ပေး မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- လှူဒါန်းခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- မြေကွက်လဲလှယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- အမှားပြင် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- မှတ်တမ်း အဖြစ် ထားရှိရန်
ဒီလို အကန့်အသတ်တွေ ရှိတယ်
ရွာမြေ ၊ ဉယျာဉ်ခြံမြေ ၊ စိုက်ပျိုးမြေမှအပ ကျန်မြေအမျိုးအစာများကို မြေပုံမြေရာဇဝင် ရေးကူးပေးသည် ။ မြေတိုင်းတား ပေးသည်။
လိုင်စင်မြေ နှင့် ပါမစ်မြေကို အဆောက်အဉီး ဆောက်လုပ်ရန် ၊ အကြီးစား ပြင်ဆင်ရန် ၊ ခြံစည်းရိုး ကာရန်နှင့် အဝီစိတွင်း တူးရန်အတွက်သာ သက်သေခံမြေပုံ ထုတ်ပေးသည် ။
အဆောက်အဉီး ဆောက်ရန် ၊ အကြီးစား ပြင်ဆင်ရန် ၊ ခြံစည်းရိုး ကာရန် ၊ အဝီစိတွင်း တူးရန် ၊ ဘဏ်ငွေချေးရန် အတွက် မြေပုံမြေရာဇဝင်ကို အမည်ပေါက်ကသာ လျှောက်ထားနိုင်သည် ။
စွန့်လွှတ်စာချုပ် ချုပ်ဆိုရန် ၊ မြေပုံ နှင့် မြေရာဇဝင်ကို မြေကွက် ပူးတွဲ ပိုင်ဆိုင်သူများကသာ လျှောက်ထားနိုင်သည် ။
ကျုးလွန်ခြင်းပြ မှန်ကန်ကြောင်း သက်သေခံသည့် မြေပုံမြေရာဇဝင်ကို မြေတိုင်းမြေပုံ ရရှိပြီးသူကသာ လျှောက်ထားခွင့် ရှိသည် ။
မြေကွက်ခွဲစိတ်ခွင့် လျှောက်ထားသည့် သက်သေခံ မြေပုံနှင့် မြေရာဇဝင်ကို မြေပိုင်မြေ ၊ ဘိုးဘွာပိုင်မြေ ( အိမ်ယာမြေ ) ၊ ဂရန်ရှိ မြေပိုင်မြေ နှင့် သက်တမ်းရှိ ဂရန်မြေဖြစ်မှသာ လျှောက်ခွင့်ရှိသည် ။
သက်တမ်းကုန်နေသည့် ဂရန်မြေကို အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း ကြော်ငြာစာချုပ် ချုပ်ဆိုရန် အတွက်သာ မြေပုံမြေရာဇဝင် လျှောက်ထားခွင့် ရှိသည် ။ ဆောင်ရွက်ရပုံခြင်း မတူပါ။
အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် မြေပုံနှင့်မြေရာဇဝင်မှအပ ကျန်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန် မြေပုံနှင့် မြေရာဇဝင်ကို အောက်ပါအတိုင်း ဆောင်ရွက်ပေးပါသည် -
လျှောက်ထားလိုသူသည် ဌာနမှ သတ်မှတ် ပုံစံနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြား ၊ မြေပိုင်မြေ ဖြစ်ပါက မှတ်ပုံတင်စာချုပ် ၊ ဂရန်မြေ ဖြစ်ပါက မြေငှားဂရန် စာချုပ်နှင့် နောက်ဆုံးထမ်းဆောင်ထားသော မြေခွန်ပြေစာ ၊ အမည်ပေါက်သူက လျှောက်ထားခြင်း မဟုတ်လျှင် ပိုင်ဆိုင်မှု အထောက်အထား သို့မဟုတ် ပိုင်ဆိုင်မှုနှင့် သက်ဆိုင်သည့် တရားရုံး စီရင်ချက်နှင့် ဒီကရီ မူရင်းများ တင်ပြ လျှောက်ထားရပါသည်။
ဌာနမှ အထောက်အထား မိတ္တူများအား မူရင်းနှင့် တိုက်ဆိုင် စစ်ဆေး၍ လက်ခံပေးပါသည် ။
တင်ပြသော အထောက်အထားနှင့် မြေစာရင်းရှိ အထောက်အထား မှန်ကန်ပါက ကွင်းဆင်း စစ်ဆေးခြင်း ၊ လိုအပ်ပါက သတင်းစာ တွင် ( ၁၄ ) ရက် ကြော်ငြာခြင်းများ ဆောင်ရွက်ပါသည် ။ ကန့်ကွက်သူ မရှိပါက သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းစေပြီး မြေပုံနှင့် မြေရာဇဝင် ထုတ်ပေ:ပါသည်။
အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် မြေပုံနှင့် မြေရာဇဝင်ကို အောက်ပါအတိုင်း ဆောင်ရွက်ပေးပါသည်
လျှောက်ထားလိုသူသည် ဌာနမှ သတ်မှတ်ပုံစံနှင့် အတူ အထက်ပါ အထောက်အထားများ အပြင် အမွေရှင်နှင့် ကျန်အမွေဆိုင်များ ကွယ်လွန်ကြောင်း ကျန်းမာရေး ဉီးစီးဌာနမှ သေစာရင်း ၊ အမွေရှင်နှင့် ကျန်အမွေဆိုင်များ ကွယ်လွန်ပြီး ဖြစ်၍ လျှောက်ထားသူသာ အမွေဆက်ခံခွင့် ရှိကြောင်း ပြည့်စုံစွာ ဖော်ပြရေးသားထားသည့် လျှောက်ထားသူ ကိုယ်တိုင် တရားရုံးတွင် ပြုလုပ်သည့် ကျမ်းကျိန် လွှာ သို့မဟုတ် ကတိသစ္စာပြုလွှာ ၊ တစ်မြို့နယ်တည်းတွင် နေထိုင်သူ ( ၂ ) ဉီးက လျှောက်ထားသူအား သိရှိကြောင်းနှင့် မှန်ကန် ကြောင်း ထောက်ခံသည့် တရားရုံး ကျမ်းကျိန်လွှာ သို့မဟုတ် ကတိသစ္စာ ပြုလွှာ ( ၂ ) စောင်၏ မူရင်းများပါ တင်ပြလျှောက်ထား
ရပါမည်။
ဌာနမှ အထောက်အထား မိတ္တူများအား မူရင်းနှင့် တိုက်ဆိုင် စစ်ဆေး၍ လက်ခံပေးပါသည် ။
တင်ပြထားသော အထောက်အထားနှင့် မြေစာရင်းပါ အထောက်အထားများ ကိုက်ညီမှု ရှိပါက ကွင်းဆင်း စစ်ဆေးခြင်း ၊ လျှောက်ထားသည့် မြေကွက်နှင့် ပတ်သက်၍ ပြည့်စုံစွာ ဖော်ပြ၍ သတင်းစာတွင် သီးခြားကြော်ငြာများ ဆောင်ရွက်ပါသည် ။
သတင်းစာ ကြော်ငြာပြီး ( ၁၄ ) ရက် ပြည့်သည် အထိ ကန့်ကွက်မှု တစ်စုံတစ်ရာ မပေါ်ပေါက်ပါက သတ်မှတ်ဝန်ဆောင်ခ ပေးသွင်း စေ၍ အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း စာချုပ် ချုပ်ဆို၍ မြေပုံနှင့် မြေရာဇဝင် ထုတ်ပေးပါသည် ။
မြေပုံမြေရာဇဝင် သက်တမ်း
သက်တမ်းကို နှစ်အတွင်းဟု သတ်မှတ်လေ့ ရှိသည် ။ သို့သော် လက်ရှိမြေကွက်ကို ခွဲစိတ်တာ ၊ အခြားနည်း အသုံးပြုတာတွေ ပြုလုပ် ပါက မြေပုံမြေရာဇဝင်ရဲ့ သက်တမ်း ပျက်ပြယ်ပါသည် ။ အသစ် ပြန်လျှောက် ရပါသည် ။
Credit : Kyi Soe (I.C)
Credit ( ဥပဒေရေးရာ )
Related Posts
ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံး နှင့် မြို့နယ်ရုံး များ၏ ရုံးတည် နေရာလိပ်စာ နှင့် ဖုန်းနံပါတ် များစာရင်;
ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံးနှင့် မြို့နယ်ရုံးများ၏ ရုံးတည်နေရာ လိပ်စာနှင့် ဖုန်းနံပါတ် များစာရင်း================================၁ ။ ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံး ( ၁၆၃ / ၁၆၇ ) ၊ ပန်းဆိုး တန်းလမ်း ၊ ကျောက်တံတား မ...
မြေ အမျိုး အစားကို အလွယ်တကူ သိစေရန်
မြေ အမျိုးအစားကို အလွယ်တကူ သိစေရန် မြေနဲ့ ပတ်သတ်လာရင် မြေစာရင်းဌာနက ထုတ်ပေးတဲ့ ပုံစံ ( ၁၀၅ ) မှာပါတဲ့ သင်္ကေတနဲ့ အရောင်ကို ကြည့်ရင် မြေပုံမှာ ပါတဲ့မြေက ဘာအမျိုးအစားလဲဆိုတာ အလွယ်တကူ သိနိုင်တယ်။ ၁ ။ ဂရန်မြေ ဆိုရင...

မြေ စာရင်းပုံစံ ( ၁၀၅ ) တွင် “ ပိုင်ဆိုင်ခွင့် ” ရေးသားမှု ပုံစံနှင့် မြေမျိုးနှင့် အတန်း နေရာတွင် ရေးသားခြင်း များအား အများပြည်သူ သိရှိနိုင်ရန် ၊ သတိပြုနိုင်ရန် မြေစာ ရင်းပုံစံ ( ၁၀၅ ) ရေးကူးခြင်း ဆိုင်ရာ နည်းလမ်း ညွှန်ကြားချက် များအား တင်ပြ လိုက်ပါတယ် ။ ( ၁၀၅ ) တွင်ပိုင်ဆိုင်ခွင့် ရေးသား ရာ၌...
မြေ စာရင်းပုံစံ ( ၁၀၅ ) တွင် “ ပိုင်ဆိုင်ခွင့် ” ရေးသားမှု ပုံစံနှင့် မြေမျိုး နှင့်အတန်း နေရာတွင် ရေးသားခြင်း များအား အများပြည်သူ သိရှိ နိုင်ရန် ၊ သတိပြု နိုင်ရန် မြေ စာရင်းပုံစံ ( ၁၀၅ ) ရေးကူးခြင်း ဆိုင်ရာ နည်းလမ်...