အမွေဆက်ခံပိုင်ဆိုင်ကြောင်း မြေပုံမြေရာဇဝင်ကူးယူခြင်း (ဂရန်မြေ)
အမွေ ဆက်ခံ ပိုင်ဆိုင်ကြောင်း မြေပုံ မြေရာဇဝင် ကူးယူခြင်း ( ဂရန်မြေ )
- မြေ အမည်ပေါက် ပိုင်ရှင်များ ဖြစ်သော မိခင် ဖခင် ကွယ်လွန်ခြင်း ၊ ဇနီး ခင်ပွန်း ကွယ်လွန်ခြင်း ၊ ညီအကို မောင်နှမ များကွယ်လွန်ခြင်း တို့ကြောင့် ကျန်ရစ်သူများမှာ အဆိုပါ မြေကွက်အား ရောင်းချလိုခြင်း [ သို့မဟုတ် ]၊ မိမိတို့ အမည်သို့ ပြောင်းလိုပါက မြို့တော်စည်ပင် သာယာရေး ကော်မတီ ၊ မြေစီမံ ခန့်ခွဲမူး ဌာနတွင် ဥပဒေနှင့် အညီ အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း မြေပုံ ကူးရပါတယ် ။
အမွေ ဆက်ခံ ပိုင်ဆိုင်ကြောင်း မြေပုံကူးရန် လိုအပ်သော စာရွက် စာတမ်း များမှာ-
- မြေငှား ဂရန်မူရင်း [ ဘိုးဘွားပိုင် မြေဆိုလျှင် နောက်ဆုံး အမည်ပေါက်ခဲ့သော မှတ်ပုံတင် စာချုပ်မူရင်း ]
- သေစာရင်း မူရင်း
- အမွေ ဆက်ခံ ပိုင်ဆိုင်ကြောင်း ပြုလုပ်မည့် သူရဲ့ သန်းခေါင် စာရင်းမူရင်း
- မှတ်ပုံတင် မူရင်း
- မြေခွန် ပြေစာ မူရင်း [ ဘိုးဘွား ပိုင်မြေ ဆိုမလိုပါ ]
- ဥပဒေ နှင့်အညီ ပြုလုပ်ထားသော အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း ကျမ်းကျိမ်လွှာ တစ်စောင်နှင့် ကျမ်းကျိန်ဆို သူရဲ့ အချက်လက်များ မှန်ကန်ကြောင်း ထောက်ခံ ကျမ်းကျိန် နှစ်စောင် [ ယခုအခါ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ယနေ့ အမူ့တွဲ ဖွင့်မည်ဆိုလျှင်ယနေ့ နေ့စွဲဖြင့် ကျိန်ဆို ထားသော ကျမ်းကျိန်လွှာ ဖြစ်ရပါမည် ။ လုပ်နေကျ မဟုတ်သော ပြည်သူများ အနေဖြင့် အခက်ခဲရှိနိုင်ပါသည် ။]
- အမွေ ဆက်ခံမည့်သူမှာ အလုပ် မအားသဖြင့် လည်းကောင်း ၊ ကျန်းမာရေး မကောင်းသဖြင့် လည်ကောင်း ၊ မိမိ ကိုယ်စား ဆောင်ရွက်ပေးမည့်သူအား စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးမှာ အထွေထွေ ကိုယ်စား လှယ်စာပေးပြီး ဆောင်ရွက်နိုင် ပါတယ် ။ အထွေထွေကိုယ်စားလှယ် စာဖြင့် ဆောင်ရွက် မည်ဆိုပါက ပါဝါ မရုတ်သိမ်း ကြောင်း ၊ ပါဝါပေးသူ သက်ရှိ ထင်ရှား ရှိကြောင်း ကျမ်းကျိန်လွှာ ပါရပါမည် ။ ရန်ကုန်မြို့ တော်စည်ပင် ၊ မြေ / ယာဌာနမှာ တစ်ပါတ်လျှင် တနလာ် ၊ဗုဒ္ဓဟူး ၊ သောကြာ နေ့များတွင် သာအမူ့တွဲ ဖွင့်လှစ်ခြင်းကို လက်ခံ ဆောင်ရွက် ပေးပါတယ် ။ မူရင်းနှင့် တကွ မိတ္တူ တစ်စုံဆွဲ သွားပါ ၊ ဌာနမှပေးသော ပုံစံဖြည့်ပါ ။ ဝန်ဆောင်ခ ငွေသွင်း ရပါမည်။
- အထက် ဖော်ပြပါ စာရွက်များ စုံလျှင်အမှုတွဲ ဖွင့်လို့ ရပါပြီ ။ မြေကွက်အား အရောင်းအဝယ် ပြုလုပ်မည် ဆိုပါက ပိုင်ဆိုင်ကြောင်းမြေပုံနှင့် အရောင်း အဝယ် ပြုလုပ်ရန် မြေပုံ ပူတွဲကူးယူ နိုင်ပါတယ် ။ အမှုတွဲ ဖွင့်ပြီး သုံးပတ်ခန့် အကြာဌာနမှ ကွင်းဆင်း စစ်ဆေးပါတယ် ။ ထို့နောက် ဌာနမှ သတင်းစာ ကြေငြာထည့် ရန်အတွက် ဌာနမှ ရေးထားသော သတင်းစာ ကြေငြာစာ ပေးပါတယ် ။ ထိုစာရွက်အားယူပြီး လျောက်ထားသူမှ ကြေးမုံ ၊ မြန်မာ့အလင်း ၊ မြို့တော် သတင်းစာ တိုက်များတွင် ကိုယ်တိုင် တစ်စောင်စီ ထည့်ရပါတယ် ။သတင်းစာ သုံးစောင်တွင် ပါသည့်အခါ အဆိုပါ သတင်းစာမူရင်း သုံးစောင်အား အမူ့တွဲကိုင် ကြီးကြပ် ရေးမူးထံ သွားပို့ ပေးရပါတယ် ။သတင်းစာ ရက်ပြည့်ပြီး ကန့်ကွက်မူ့ မရှိသည့်အခါ နှစ်ပတ်ခန့် ကြာလျှင် မြေပုံ ထုတ်လို့ ရပါပြီ ။ အမွေဆက်ခံပိုင် ဆိုင်ကြောင်း ကြေငြာစာချုပ် ချုပ်ဆိုခြင်း မြေပုံရလျှင် စာချုပ် စာတမ်းများ မှတ်ပုံတင် ရုံးတွင် အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း မှတ်ပုံတင် စာချုပ်ချုပ်လို့ရပါပြီ ။
Credit- Original Post
Credit Sayar Gyi U KYI SOE IC
Related Posts
ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံး နှင့် မြို့နယ်ရုံး များ၏ ရုံးတည် နေရာလိပ်စာ နှင့် ဖုန်းနံပါတ် များစာရင်;
ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံးနှင့် မြို့နယ်ရုံးများ၏ ရုံးတည်နေရာ လိပ်စာနှင့် ဖုန်းနံပါတ် များစာရင်း================================၁ ။ ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံး ( ၁၆၃ / ၁၆၇ ) ၊ ပန်းဆိုး တန်းလမ်း ၊ ကျောက်တံတား မ...
မြေ အမျိုး အစားကို အလွယ်တကူ သိစေရန်
မြေ အမျိုးအစားကို အလွယ်တကူ သိစေရန် မြေနဲ့ ပတ်သတ်လာရင် မြေစာရင်းဌာနက ထုတ်ပေးတဲ့ ပုံစံ ( ၁၀၅ ) မှာပါတဲ့ သင်္ကေတနဲ့ အရောင်ကို ကြည့်ရင် မြေပုံမှာ ပါတဲ့မြေက ဘာအမျိုးအစားလဲဆိုတာ အလွယ်တကူ သိနိုင်တယ်။ ၁ ။ ဂရန်မြေ ဆိုရင...

မြေ စာရင်းပုံစံ ( ၁၀၅ ) တွင် “ ပိုင်ဆိုင်ခွင့် ” ရေးသားမှု ပုံစံနှင့် မြေမျိုးနှင့် အတန်း နေရာတွင် ရေးသားခြင်း များအား အများပြည်သူ သိရှိနိုင်ရန် ၊ သတိပြုနိုင်ရန် မြေစာ ရင်းပုံစံ ( ၁၀၅ ) ရေးကူးခြင်း ဆိုင်ရာ နည်းလမ်း ညွှန်ကြားချက် များအား တင်ပြ လိုက်ပါတယ် ။ ( ၁၀၅ ) တွင်ပိုင်ဆိုင်ခွင့် ရေးသား ရာ၌...
မြေ စာရင်းပုံစံ ( ၁၀၅ ) တွင် “ ပိုင်ဆိုင်ခွင့် ” ရေးသားမှု ပုံစံနှင့် မြေမျိုး နှင့်အတန်း နေရာတွင် ရေးသားခြင်း များအား အများပြည်သူ သိရှိ နိုင်ရန် ၊ သတိပြု နိုင်ရန် မြေ စာရင်းပုံစံ ( ၁၀၅ ) ရေးကူးခြင်း ဆိုင်ရာ နည်းလမ်...