မြေငှား ဂရန် အမည်ပြောင်း လျှောက်ထား ရာတွင် ပါဝင် ရမည့် အချက် အလက်များ

မြေငှား ဂရန် အမည်ပြောင်း လျှောက်ထား ရာတွင် ပါဝင် ရမည့် အချက် အလက်များ
( ၁ ) လျှောက်လွှာ နှင့် လျှောက်ထား သူ၏ ထွက် ဆိုချက် ။
( ၂ ) ခရိုင် / မြို့နယ်ထွေ / အုပ် ၊ လယ်ယာ မြေစီမံ ခန့်ခွဲရေး နှင့် စာရင်းအင်း ဦးစီးဌာန တို့၏ လက်မှတ် ၊ အမည် ၊ ကိုယ်ပိုင်အမှတ်၊ ရုံး တံဆိပ် ဝိုင်း များနှင့် ရက်စွဲ ပါဝင်သော မြေ စာရင်းပုံစံ ( ၁၀၅ ) ၊ ( ၁၀၆ ) ( ၂ ) စုံ ( မြေပုံ တစ်ပုံ ၌ အခွန် တံဆိပ်ခေါင်း ကပ်ရမည် ။)
( ၃ ) မြေ ပိုင်ဆိုင်မှု အထောက်အထား တင်ပြရန် ။
( ၄ ) မြေငှား စာချုပ် မူရင်း ( သို့မဟုတ် ) မိတ္တူ ။
( ၅ ) အရောင်းအဝယ်စာချုပ် ( မှတ်ပုံတင်ပြီးသော ) ။
( ၆ ) ယခင် မြေပိုင် ဆိုင်သူ အမည်ဖြင့် စည်းကြပ် သည့် မြေခွန် ပြေစာ ။
( ၇ ) စည်းကြပ် မည့် မြေခွန် အပေါ် သဘောတူ ကြောင်း လျှောက်ထား သူ၏ ဝန်ခံ ကတိပြုချက် ။
( ၈ ) ပတ်ဝန်းကျင် ထွက်ဆို ချက်များ တင်ပြရန် ။
( ၉ ) လမ်း နယ်နိမိတ် ကပ်ပါက စည်ပင်သာယာ ရေးအဖွဲ့ ( သို့မဟုတ် ) ဦးစီး အရာရှိ ( မြို့ပြ ) ရုံး ၊ လမ်း ဦးစီး ဌာန၏ ထောက်ခံချက်။
( ၁၀ ) အဆောက်အဦ မှတ်တမ်း ဓာတ်ပုံများ။
( ၁၁ ) မူလ မြေပိုင်ရှင် ၏ ထွက်ဆိုချက် ။
( ၁၂ ) မြေ အရောင်း အဝယ် စာချုပ် စာတမ်းပါ သက်သေများ၏ ထွက်ဆိုချက် ၊ ( အထွေထွေ ကိုယ်စား လှယ် လွှဲခြင်း ခံရသူ / အထူးကိုယ်စား လှယ်လွှဲခြင်း ခံရသူ၏ ထွက်ဆိုချက် ) ။
( ၁၃ ) GP / SP လွှဲအပ် ထားပါက ကိုယ်စား လှယ်လွှဲစာ တင်ပြရန် ။
( ၁၄ ) ရပ်ကွက် / ကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူး၏ ထွက်ဆိုချက် ( သို့မဟုတ် ) ထောက်ခံချက် ။
( ၁၅ ) သက်ဆိုင်ရာ မြေတိုင်း စာရေး၏ ထွက်ဆိုချက် ။
မှတ်ချက် ။ လက်မှတ် ရေးထိုး သူများသည် ဌာန ၊ အဖွဲ့အစည်း ဖြစ်ပါက ရုံး တံဆိပ်များ ပြည့်စုံစွာ ပါရှိရန် ။
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...