အရောင်းစာချုပ်ပင် ဖြစ်လင့်ကစား အပေါင်စာချုပ်ဖြစ်ကြောင်းတရားရုံးက ဆုံးဖြတ်ခွင့်ရှိခြင်း =============================

အရောင်းစာချုပ်ပင် ဖြစ်လင့်ကစား
အပေါင်စာချုပ် ဖြစ်ကြောင်း တရားရုံးက ဆုံးဖြတ်ခွင့် ရှိခြင်း
=============================
- စာချုပ်ဟု ဆိုရာတွင် မှတ်ပုံတင်ပြီး စာချုပ်ဖြစ်နိုင်သလို မှတ်ပုံမတင်သေးသည့် စာချုပ်လည်း ဖြစ်နိုင်ပါသည် ။
- မှတ်ပုံတင်မှ ဖျက်ရမည်ဟု ဆိုသည့် အတွေးအခေါ်သည် မမှန်ပါ ။
- စွဲဆိုသည့် အဆိုလွှာ တင်သွင်းသည့် အချိန်တွင် စာချုပ်မှာ မှတ်ပုံတင် မတင်ရသေးဘဲ အမှုစစ်ဆေးစဉ် ကာလအတွင်း စာချုပ်သည် မှတ်ပုံတင် ပြီးသွားပါက အဆိုလွှာ ပြင်ရပါမည် ။
- အမှုသည်က ဘာအခွင့်အရေး တောင်းတောင်း ဆုံးဖြတ်သည့် အချိန်တွင် အခြေအနေ ပြောင်းလဲသွားပါက တရားရုံး အနေဖြင့်
တရားမျှတမှုကို ရှေ့ရှုပြီး အလိုက်သင့် ဆုံးဖြတ်ပေးရမည် ။
- အမှုသည် ( တရားလို ) ကပြောမှ လုပ်မည် ဆိုသည့် အတွေးအခေါ်မှာ စာအုပ်ကြီး ဆန်လှပါသည် ။
- စာချုပ်တစ်ခုကို ဖျက်လိုပါက တရားလိုတွင် ဖျက်ခွင့် ရှိသလား စာချုပ် မဖျက်လျှင် တရားလိုကို ဒုက္ခပေးမှာလားဟု စဉ်စားရပါမည် ။
- သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ ၃၉ အရ ဖျက်ပေးရန် တောင်းဆိုထားသည့် စာချုပ်သည် မှတ်ပုံတင်မှ ဖျက်လို့ရမည် ဆိုလျှင်
မမှန်ပါ ။ ဝယ်သည့်လူသည် ပစ္စည်းလွှဲပြောင်းရေး အက်ဥပဒေပုဒ်မ ၅၃ / က ၏ အကာအကွယ်ကို ရနေ၍ တရားလိုကို ဒုက္ခဖြစ်စေ ပါသည်။
- ရောင်းသည့် စာချုပ်ချုပ်ထားလျှင် ပေါင်းသည်ဟု သက်သေပြခွင့် မရှိဟု သက်သေခံ အက်ဥပဒေပုဒ်မ ၉၂ က ပိတ်ပင် ထားပါသည်။ အရောင်းစာချုပ်သည် အပေါင်ဟု နှုတ်သက်သေ ပြခွင့်မရှိပါ ။
- သက်သေခံ အက်ဥပဒေပုဒ်မ ၉၂ က တကယ် ရောင်းချသည့်ကိစ္စကို ရည်ရွယ်ခြင်း ဖြစ်ပါသည် ။ အမှန်တကယ် မရောင်းသည့် ကိစ္စ ဖြစ်ပါက ပုဒ်မ ၉၂ နှင့် မသက်ဆိုင်ပါ ။
- ပုဒ်မ ၉၂ သည် စာချုပ်စာတမ်းနှင့် ကွဲလွဲသော သက်သေခံတင်ပြခြင်းကို ပိတ်ပင်ခြင်းသာ ဖြစ်သည် ။ အရောင်း စာချုပ်ပင်
ဖြစ်လင့်ကစား အပေါင်စာချုပ် ဖြစ်ကြောင်း တရားရုံးက ဆုံးဖြတ်ခွင့် ရှိပါသည် ။
- ဆုံးဖြတ်ခွင့်ရှိခြင်း နှင့် သက်သေခံချက် တင်ပြခြင်းသည် သီးခြားစီပါ ။
- အမှုတွင် ပေါ်ပေါက်နေသာ သက်သေခံချက်များကို တရားရုံးက ခြုံငုံသုံးသပ်ကြည့်လို့ ရောင်းတာ မဟုတ်ကြောင်း ပေါ်ပေါက်လျှင် တရားရုံးက ရောင်းတာ မဟုတ်ဘူးလို့ ဆုံးဖြတ်ခွင့် ရှိပါသည် ။
- ပုဒ်မ ၉၂ က တရားရုံး၏ ဆုံးဖြတ်ချက်ကို ပိတ်ပင်ထားခြင်း မဟုတ်ပါ ။
[ စာညွှန်း - ဦးဗကြိုင် ( B.A;B.L ) ၊ လူတိုင်းအတွက် တရားမမှုများဆိုင်ရာ ဥပဒေရေးရာ အဖြာဖြာ ၊ ၂၀၀၉ ဒီဇင်ဘာ ၊ စာ ၇၃ ] ။
ဓာတ်ပုံ - အင်တာနက် ။ # DVBlawlab ( Zawgyi )
အရောင်း စာချုပ်ပင် ဖြစ်လင့်ကစား
အပေါင်စာချုပ် ဖြစ်ကြောင်း တရားရုံးက ဆုံးဖြတ်ခွင့် ရှိခြင်း
=============================
- စာချုပ်ဟု ဆိုရာတွင် မှတ်ပုံတင်ပြီး စာချုပ် ဖြစ်နိုင်သလို မှတ်ပုံမတင်သေးသည့် စာချုပ်လည်း ဖြစ်နိုင်ပါသည် ။
- မှတ်ပုံတင်မှ ဖျက်ရမည်ဟု ဆိုသည့် အတွေးအခေါ်သည် မမှန်ပါ ။
- စွဲဆိုသည့် အဆိုလွှာ တင်သွင်းသည့် အချိန်တွင် စာချုပ်မှာ မှတ်ပုံတင် မတင်ရသေးဘဲ အမှုစစ်ဆေးစဉ် ကာလအတွင်း စာချုပ်သည် မှတ်ပုံတင် ပြီးသွားပါက အဆိုလွှာ ပြင်ရပါမည် ။
- အမှုသည်က ဘာအခွင့်အရေး တောင်းတောင်း ဆုံးဖြတ်သည့် အချိန်တွင် အခြေအနေ ပြောင်းလဲသွားပါက တရားရုံးအနေဖြင့်
တရားမျှတမှုကို ရှေ့ရှုပြီး အလိုက်သင့် ဆုံးဖြတ်ပေးရမည် ။
- အမှုသည် ( တရားလို ) ကပြောမှ လုပ်မည် ဆိုသည့် အတွေးအခေါ်မှာ စာအုပ်ကြီး ဆန်လှပါသည် ။
- စာချုပ်တစ်ခုကို ဖျက်လိုပါက တရားလိုတွင် ဖျက်ခွင့်ရှိသလား စာချုပ် မဖျက်လျှင် တရားလိုကို ဒုက္ခပေးမှာလားဟု စဉ်စားရပါမည် ။
- သီးခြား သက်သာခွင့် အက်ဥပဒေပုဒ်မ ၃၉ အရ ဖျက်ပေးရန် တောင်းဆိုထားသည့် စာချုပ်သည် မှတ်ပုံတင်မှ ဖျက်လို့ ရမည် ဆိုလျှင် မမှန်ပါ ။ ဝယ်သည့်လူသည် ပစ္စည်းလွှဲပြောင်းရေး အက်ဥပဒေပုဒ်မ ၅၃ / က ၏ အကာအကွယ်ကို ရနေ၍ တရားလိုကို ဒုက္ခဖြစ်စေ ပါသည်။
- ရောင်းသည့် စာချုပ် ချုပ်ထားလျှင် ပေါင်းသည်ဟု သက်သေပြခွင့် မရှိဟု သက်သေခံ အက်ဥပဒေပုဒ်မ ၉၂ က ပိတ်ပင်ထားပါသည် ။ အရောင်းစာချုပ်သည် အပေါင်ဟု နှုတ်သက်သေပြခွင့် မရှိပါ ။
- သက်သေခံ အက်ဥပဒေပုဒ်မ ၉၂ က တကယ်ရောင်းချသည့် ကိစ္စကို ရည်ရွယ်ခြင်း ဖြစ်ပါသည်။ အမှန်တကယ် မရောင်းသည့် ကိစ္စ ဖြစ်ပါက ပုဒ်မ ၉၂ နှင့် မသက်ဆိုင်ပါ ။
- ပုဒ်မ ၉၂ သည် စာချုပ်စာတမ်းနှင့် ကွဲလွဲသော သက်သေခံ တင်ပြခြင်းကို ပိတ်ပင်ခြင်းသာ ဖြစ်သည်။ အရောင်း စာချုပ်ပင် ဖြစ်လင့် ကစား အပေါင်စာချုပ် ဖြစ်ကြောင်း တရားရုံးက ဆုံးဖြတ်ခွင့် ရှိပါသည် ။
- ဆုံးဖြတ်ခွင့် ရှိခြင်းနှင့် သက်သေခံချက် တင်ပြခြင်းသည် သီးခြားစီပါ။
- အမှုတွင် ပေါ်ပေါက်နေသာ သက်သေခံချက်များကို တရားရုံးက ခြုံငုံသုံးသပ်ကြည့်လို့ ရောင်းတာ မဟုတ်ကြောင်း ပေါ်ပေါက်လျှင် တရားရုံးက ရောင်းတာ မဟုတ်ဘူးလို့ ဆုံးဖြတ်ခွင့် ရှိပါသည် ။
- ပုဒ်မ ၉၂ က တရားရုံး၏ ဆုံးဖြတ်ချက်ကို ပိတ်ပင်ထားခြင်း မဟုတ်ပါ။
[ စာညွှန်း- ဦးဗကြိုင် ( B.A;B.L ) ၊ လူတိုင်းအတွက် တရားမမှုများဆိုင်ရာ ဥပဒေရေးရာအဖြာဖြာ ၊ ၂၀၀၉ ဒီဇင်ဘာ ၊ စာ ၇၃ ] ။
ဓာတ်ပုံ - အင်တာနက်
Credit ( ဥပဒေရေးရာ )
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...