"မြေဝယ်သူတွေ စိစစ်ရမယ့် အချက်အလက် ၂၃ ချက်"

"မြေဝယ်သူတွေ စိစစ်ရမယ့် အချက်အလက် ၂၃ ချက်"
***************************************
၁ ။ မြေကွက်တည်နေရာ နဲ့ အလားအလာ ၊
၂ ။ မြေကွက် အမျိုးအစား ၊
၃ ။ မြေကွက် တန်ဖိုးဈေးနှုန်း ( ဆိုဈေးနဲ့ အလျှော့အတင်း အခြေအနေ )
၄ ။ မြေကွက် အကျယ်အဝန်း ( နယ်နိမိတ် တိုင်းတာသတ်မှတ်တဲ့ မြေပုံနဲ့ တိုက်ဆိုင်စစ်ဆေးပြီး အမှန်တကယ် ရှိ မရှိ
လက်တွေ့ တိုင်းကြည့်ရန် )
၅ ။ အမည်ပေါက် ပိုင်ရှင်ကိုယ်တိုင် ရောင်းချခြင်း ဟုတ် မဟုတ် ၊
၆ ။ ပိုင်ဆိုင်မှု အဆင့်ဆင့်နဲ့ သက်ဆိုင်တဲ့ စာချုပ် ၊ စာရွက်စာတမ်း အပြည့်အစုံမှု ရှိ မရှိ ၊
၇ ။ ရောင်းသူဟာ အမှန်တကယ် ပိုင်ဆိုင်ခွင့် ရောင်းချခွင့် ရှိသူ ဟုတ် မဟုတ် ၊
၈ ။ လိုအပ်ရင် အနည်းဆုံး လူနှစ်ဦးက လက်မှတ် ရေးထိုးပေးနိုင်ခြင်း ရှိ မရှိ
၉ ။ လိုအပ်ရင် ဝယ်ယူမယ့် အကြောင်းကို သတင်းစာမှာ ကြော်ငြာတာတွေ လက်ခံ ၊ လက်မခံ ၊
၁၀ ။ လွှဲပြောင်း ၊ ရောင်းချ ၊ ပေါင်နှံ ၊ စွန့်လွှတ် လှူဒါန်း ၊ အာမခံ တင်သွင်းထားခြင်း ရှိ မရှိ တို့ကို သိထားသင့်ပါတယ်
၁၁ ။ မြေကွက် အမှတ် ၊ အိမ် အမှတ် ၊
၁၂ ။ မြေကွက် မျက်နှာ ပြုလုပ်ရာ အရပ် ၊
၁၃ ။ လမ်းပန်း ဆက်သွယ်ရေးနဲ့ ကားဝင်နိုင်မှု အခြေအနေ
၁၄ ။ ရေဝပ် ၊ မဝပ်နဲ့ ရေဆင်း ကောင်း မကောင်း ၊
၁၅ ။ သဘာဝ ဘေးအန္တရာယ်ကြောင့် ပေါ် ပေါက်နိုင်တဲ့ အန္တရာယ် ရှိ မရှိ ( မြစ်ရေကြီးတာတွေ ၊ တာကျိုး ရေလျှံတာတွေ ၊
ထူးကဲ ဒီရေ မြုပ်ခြင်း ၊ မြစ်ရေ တိုက်စားတာတွေ ၊ ပတ်ဝန်းကျင် မီးဘေးအန္တရာယ် ရှိ မရှိ ) ၊
၁၆ ။ လျှပ်စစ်မီး ရှိ မရှိ ၊
၁၇ ။ ရေရှိမှု အခြေအနေ ၊
၁၈ ။ အနီး ပတ်ဝန်းကျင် အခြေအနေ ၊
၁၉ ။ လမ်းမကြီး ( ခရီးသည်တင် ဘတ်စ်ကားလိုင်း ) က ဘယ်လောက် ကွာဝေးတယ် ၊
၂၀ ။ မိမိလုပ်ကိုင်မယ့် လုပ်ငန်းနဲ့ ကိုက်ညီမှု ရှိ မရှိ ၊
၂၁ ။ အနီးဆုံး ဈေးနဲ့ အနီးဆုံး ကျောင်းတွေ ၊
၂၂ ။ သစ်ပင်နဲ့ စားပင်တွေ ပါဝင်မှု ၊
၂၃ ။ ပြန်ရောင်းရန် အလွယ်တကူ ပြန်ရောင်း ရနိုင် မရနိုင် စတဲ့ အချက်အလက်တွေကို စိစစ် ဝယ်သူသင့်ပါတယ်။
Credit : Kumudra
Credit ( ဥပဒေ ရေးရာ )
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...