ရွာမြေ ၊ ဥယျဉ်ခြံ မြေတွေမှာ ဆောက်လုပ်ခွင့် နေထိုင်ခွင့် ရှိသလား

ရွာမြေ ၊ ဥယျဉ်ခြံ မြေ တွေမှာ ဆောက်လုပ်ခွင့် နေထိုင်ခွင့် ရှိသလား
မေး ။ ။ ရွာမြေ ၊ ဥယျာဉ်ခြံ မြေဝယ်ရင် တရားဝင် ဖြစ်အောင် ဘယ်လို ဆောင်ရွက် နိုင်သလဲ ။ စည်ပင်မှာ အိမ်ဆောက် ခွင့်တင်လို့ ရပါသလား ။ ဂရန်လျှောက် နိုင်ပါသလား ။
ဖြေ ။ ။ ဥယျာဉ်ခြံ မြေဆိုတာ ရွာနဲ့ ဆက်စပ်နေတဲ့ မြေလား ၊ ရွာမြေလား ဒါမှမဟုတ် ဥယျာဉ် ခြံမြေပါ ၊ လို့ မြို့နယ် ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနက G အမှတ်အသားပြပြီး တရားဝင် သတ်မှတ် ထားတာလား သိဖို့ လိုတယ် ။ ရွာမြေ ဒါမှ မဟုတ်ရွာနဲ့ ဆက်စပ် မြေတို့ကို ဝယ်မယ်ဆိုရင် နှစ်ဦး သဘောတူ အိမ် ခြံ မြေ အရောင်းအဝယ် ကတိစာချုပ်နဲ့ ဝယ်လို့ရတယ်။ စာချုပ်ရုံးမှာသွားပြီး မှတ်ပုံတင် အရောင်း အဝယ် စာချုပ် ချုပ်လို့ မရပါဘူး ။ အကြောင်းက တရားဝင် လွှဲပြောင်း နိုင်အောင် ရောင်းသူ အမည်ပေါက် ဘိုးဘွား ပိုင်မြေ ၊ ပါမစ်မြေ ၊ ဂရန်မြေ အထောက် အထားမရှိလို့ပါ ။ လက်လွှဲ လက်ပြောင်း ပြုလုပ် ထားကြောင်း သက်သေအနေနဲ့ ကျေးရွာ အုပ်ချုပ် ရေးမှူးရှေ့မှာ ပြုလုပ်ထား သင့်ပါတယ် ။ G အမှတ်အသားပြ ဥယျာဉ်ခြံမြေကို အမည်ပေါက်ဆီက တိုက်ရိုက် ဝယ်ရင်တော့ မြို့နယ် ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနမှာ ဥယျာဉ်ခြံ မြေလုပ်ကိုင်သူ အမည်ပြောင်း ပေးဖို့ လျှောက်နိုင်တယ် ။
ဝယ်သူ မှတ်ပုံတင် ၊ အရောင်း အဝယ် စာချုပ် ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံစာ ၊ ဝယ်သူရဲ့ အိမ်ထောင်စု
စာရင်း ၊ နောက်ဆုံးလမှာ ဆောင်ထားတဲ့ ဥယျာဉ်မြေ လုပ်ကိုင်သူ အဖြစ် ဝယ်သူရဲ့ အမည်နဲ့ ထွက်လာ ပါလိမ့်မယ် ။ ၂၀၁၅ခုနှစ်မှာ လျှောက်ရင် ၂၀၁၆ ခုနှစ်မှာ ဥယျာဉ်ခြံမြေ လုပ်ကိုင်သူ အဖြစ် ဝယ်သူရဲ့ နာမည်နဲ့ ထွက်လာ ပါလိမ့်မယ် ။ စည်ပင်မှာ အိမ်ဆောက်ခွင့်တင်လို့ ရအောင်တော့ မိမိဝယ်ထားတဲ့ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးဆီမှာ တင်ပြရမှာပါ ။ ပိုင်ဆိုင်မှု အထောက်အထား ခိုင်လုံရင် နှစ်ထပ်တိုက် လောက်အထိ ခွင့်ပြု ထားတယ်လို့ သိရပါတယ် ။
Ref : The Kumudra
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...