တရားဝင် ကိုယ်စားလှယ်လွှဲစာဖြင့် လွှဲပြောင်း ရောင်းချသည့် ကိစ္စရပ်တွင် လိုက်နာ ဆောင်ရွက်ရမည့် ကိစ္စရပ်များ

တရားဝင် ကိုယ်စားလှယ်လွှဲစာ ဖြင့် လွှဲပြောင်း ရောင်းချသည့် ကိစ္စရပ်တွင် လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များ
၁ ။ မရွှေ့မပြောင်းနိုင်သော အိမ် ၊ မြေ ၊ မြေကွက် နှင့် တိုက်ခန်း စသည်များ လွှဲပြောင်းရောင်းချခြင်း နှင့် ငှားရမ်းခြင်း တို့ကို ပိုင်ရှင်ထံမှ အထွေထွေ ကိုယ်စားလှယ်စာ ( General Power ) သို့မဟုတ် အထူးကိုယ်စားလှယ်စာ ( Special Power ) ရရှိထားသူက တရားဝင် ဆောင်ရွက်နိုင်ခွင့် ရှိပါသည် ။
မှတ်ချက် ။ ကိုယ်စားလှယ်စာ ပေးသူ သေဆုံးသွားပါက ကိုယ်စားလှယ် စာမှာ အာနိသင် မရှိတော့ပါ ။
၂ ။ ပိုင်ရှင်ထံမှ ရယူသော အထွေထွေ ကိုယ်စားလှယ်စာ သို့မဟုတ် အထူးကိုယ်စားလှယ်စာကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပြုလုပ်သော ကိုယ်စားလှယ်စာ ဖြစ်ရန် လိုအပ်ပါသည် ။ Notary Public တွင် ပြုလုပ်သော ကိုယ်စားလှယ်လွှဲစာကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံးက လက်ခံမည် မဟုတ်ပါ ။
၃ ။ ပိုင်ရှင်ထံမှ ရရှိထားသော အထွေထွေ ကိုယ်စားလှယ်စာ သို့မဟုတ် အထူးကိုယ်စားလှယ်စာဖြင့် ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ မြေပုံမြေရာဇဝင် ဌာနတွင် မြေပုံမြေရာဇဝင် ကူးယူနိုင်ခွင့် ရှိပါသည် ။
မှတ်ချက် ။ မြေပုံမြေရာဇဝင် မိတ္တူကူးယူရာတွင် ကိုယ်စားလှယ်စာ ပေးသူမှာ အသက်ထင်ရှား ရှိကြောင်းနှင့် ကိုယ်စားလှယ်စာ ရရှိသူ ကို သိရှိကြောင်း သက်သေ ( ၂ ) ဦး၏ ကျမ်းကျိန်လွှာ ပူးတွဲ ပါရှိရပါသည် ။
၄ ။ အထွေထွေ ကိုယ်စားလှယ်စာ သို့မဟုတ် အထူးကိုယ်စားလှယ်စာဖြင့် အိမ် ၊ မြေ သို့မဟုတ် မြေကွက် ရောင်းချသည့် ကိစ္စဖြစ်ပါက ကိုယ်စားလှယ်စာ ရရှိသူသည့် စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၌ မှတ်ပုံတင် ပြုလုပ်သည့်အခါ ကိုယ်စားလှယ်စာ ပေးသူ အသက် ထင်ရှား ရှိကြောင်းနှင့် စပ်လျဉ်း၍ တရားရုံး၌ ပြုလုပ်သော ကျမ်းကျိန်လွှာကိုပါ ပူးတွဲတင်ပြရန် တာဝန် ရှိပါသည် ။ အကြောင်းမှာ ကိုယ်စားလှယ်စာ ပေးသူ သေဆုံးသွားပါက ကိုယ်စားလှယ်စာ မှာ အသက် မရှိတော့၍ ကိုယ်စားလှယ် ရရှိသူအနေဖြင့်လည်း ဥပဒေအရ ဆောင်ရွက်ခွင့် တစ်စုံတစ်ရာ မရှိတော့ပါ ။
၅ ။ အထွေထွေ ကိုယ်စားလှယ်စာ သို့မဟုတ် အထူးကိုယ်စားလှယ်စာ ရရှိသူသည် ပိုင်ရှင်၏ ကိုယ်စား ဆောင်ရွက်ခြင်း ဖြစ်၍ ပိုင်ရှင်၏ ရပိုင်ခွင့် နှင့် တာဝန်များကို လက်ခံဆောင်ရွက် နိုင်ပါသည် ။
၆ ။ အထွေထွေ ကိုယ်စားလှယ်စာ သို့မဟုတ် အထူးကိုယ်စာလှယ်စာ ရရှိသူသည် ရောင်းသူ၏ နေရာတွင်သာ ဆောင်ရွက်ခွင့် ရှိပြီး ဝယ် သူ အနေဖြင့် စာချုပ် ချုပ်ဆို နိုင်ခွင့် မရှိပါ ။ တစ်နည်းအားဖြင့် ဆိုလျှင် ရောင်းသူက ကိုယ်စားလှယ် အနေဖြင့် ဆောင်ရွက်ရာတွင် တစ်ချိန်တည်း ဝယ်သူ အနေအဖြင့် ပါဝင်ဆောင်ရွက်ခွင့်ကို စာချုပ် စာတမ်း မှတ်ပုံတင်ရုံးက ခွင့်မပြုကြောင်း သတိပြုသင့် ပါသည် ။
၇ ။ အိမ် ၊ မြေ သို့မဟုတ် မြေရောင်းချရန် ကိစ္စ အလို့ငှာ ပိုင်ရှင်က အထူးကိုယ်စားလှယ် ပြုလုပ်ပေးလျှင် လုံလောက်ပါသည် ။ အထွေထွေ ကိုယ်စားလှယ်မှာ ပိုင်ရှင်၏ ပစ္စည်းအရပ်ရပ်အပေါ် စီမံခန့်ခွဲခွင့် ရှိသည့် ကိုယ်စားလှယ်စာမျိုး မပေးသင့်ပါ ။
Credit ( ဥပဒေရေးရာ )
Related Posts
အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း
အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း============================ ဦးချစ်တီးနှင့်ဒေါ်အေးရီ (သေသူ ဦးအုန်းဖေ တရားဝင်ဝင်ကိုယ်စားလှယ်) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီး သည် ဦးအုန...

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ
- မြို့ပြဒေသ ( Uban Area ) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀- ပြည်နှစ့် ငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသတွင်ငှားရမ်းခြင်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနှ...

နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း
၁၉၈၇ ခုနှစ် ၊ မရွှေ့မပြောင်း နိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ပုဒ်မ - ၅အရ မည်သူမဆို မရွှေ့မပြောင်း နိုင်သည့် ပစ္စည်းကို တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍ နိုင်ငံခြားသား ( သို့မဟုတ် ) နိုင်ငံခြားသားပိုင် ကုမ္ပဏီအား...