အထူး ကိုယ်စားလှယ်လွှဲစာ SP ( Special Power ) လွှဲယူသည့် နည်းလမ်းနှင့် သတိပြုရမည့် အချက်များ

16-Nov-21 အခြား
အထူး ကိုယ်စားလှယ်လွှဲစာ SP ( Special Power ) လွှဲယူသည့် နည်းလမ်းနှင့် သတိပြုရမည့် အချက်များ

  အထူး ကိုယ်စားလှယ်လွှဲစာ SP ( Special Power )

  လွှဲယူသည့် နည်းလမ်းနှင့် သတိပြုရမည့် အချက်များ

 

  အထူး ကိုယ်စားလှယ်လွှဲစာ SP ( Special Power ) 

  အထူး ကိုယ်စားလှယ်လွှဲစာ ဆိုသည်မှာ လူတစ်ဦးမှ

  မိမိပိုင်ရေးဆိုင်ခွင့် အားလုံးထဲမှ တစ်စုံတစ်ခုကို 

  သီးသန့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ 

  အထူး ကိုယ်စားလှယ်လွှဲစာကို ပေးအပ်ခြင်း ဖြစ်ပါသည် ။ 

 

  ( အထူးသဖြင့် အိမ် ၊ ခြံ ၊ မြေ အရောင်းအဝယ် လုပ်ရာတွင်

    အမည်ပေါက် ပိုင်ဆိုင်သူမှ တစ်ဆင့် ဝယ်ယူသို့ 

    ရောင်းချရာတွင် ဝယ်ယူသူ အမည်ပေါက် ရရှိရေးအတွက်

    သက်ဆိုင်ရာရုံးဌာန အသီးသီးတွင် လိုက်လံ ဆောင်ရွက်နိုင်ရန်

    အထူး ကိုယ်စားလှယ် လွှဲစာကိုသာ ပေးကျခြင်း ဖြစ်ပါသည် ။

 

    အထူး ကိုယ်စားလှယ်လွှဲစာ SP ( Special Power ) အကြောင်း

    သတိပြုရမည့် အချက်များ

 

-  SP ပေးသည်ဆိုရာ၌  မြေအမည်ပေါက်သူ ကိုယ်တိုင် ပေးရမည်

    ဖြစ်ပြီး  ( မြေကွက်တစ်ခု၏ SP ရထားသူမှ အခြားသူတစ်ဦးသို့

    ယင်းမြေကွက်နှင့် ပတ်သက်ပြီး ထပ်ဆင့် SP လွှဲပေးလို့ မရပါ ။ )

 

-  SP ပေးလို့ရသော မြေများမှာ ဂရန်မြေ ၊ ဘိုးဘွားပိုင်မြေ 

   ( မြေပိုင်မြေ ) ၊ လန - ၃၉ နှင့် ၃ ( ခ ) တို့ ဖြစ်ပြီး 

   စလစ်မြေပါမစ်မြေ ၊ ကျူးကျော်မြေ တို့မှာ SP ပေးလို့

    မရပါ ။

 

-  လယ်မြေ နှင့် ဥယျာဉ်ခြံမြေ တို့တွင် အမည်ပေါက် ပုံစံ ( ၇ )

    ကျပြီးပါက SP ပေးလို့ ရပါသည် ။

-  SP လွှဲအပ်ရာတွင် သက်ဆိုင်ရာ ကြေးတိုင်း နှင့် 

    မြေစာရင်းရုံးတွင် မှတ်ပုံတင်အရာရှိ ရှေ့တွင် လည်းကောင်း ၊

    စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် လည်းကောင်း 

    မှတ်ပုံတင်ပြီးပေးမှ တရားဝင်မည် ဖြစ်ပါသည် ။

 

     SP, ကို ဘယ်လို လွှဲအပ်မလဲ ။

 

-  သက်ဆိုင်ရာ ကြေးတိုင်းနှင့် မြေစာရင်းရုံးတွင် လည်းကောင်း ၊

    စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် လည်းကောင်း လွှဲအပ်သူ ၊ 

    သက်သေ ( ၂ ) ဦးတို့ လက်မှတ် ရေးထိုး၍ လူကိုယ်တိုင်

    လိုက်ပါဆောင်ရွက်ရန် လိုအပ်ပါတယ် ။

 

-  လွှဲအပ်သူက နေမကောင်းလို့ ဆေးရုံပေါ်  ရောက်နေရင်လည်း 

    ဆေးကုနေကြောင်း အထောက်အထား ၊ သတိကောင်းကြောင်း

    အထောက်အထားများ ရယူပြီး သက်ဆိုင်ရာရုံးကို ပြင်ပသို့

    လိုက်ပါ မှတ်ပုံတင်ပေးရန် ( ကော်မရှင်နာ ) လျှောက်ထားပါက

    သက်ဆိုင်ရာ အရာရှိမှ နေအိမ်သို့ လိုက်ပါ ဆောင်ရွက်ပေးမှာ

    ဖြစ်ပါတယ် ။

 

-  လွှဲအပ်မည့်သူက နိုင်ငံခြားရောက်နေတာ ဆိုရင်တော့ 

    သူရောက်နေတဲ့ နိုင်ငံမှာ မြန်မာနိုင်ငံဆိုင်ရာ သံရုံးရှိ 

    တာဝန်ရှိသူ ရှေ့မှောက်မှာ လွှဲအပ်လို့ ရပါတယ် ။ 

    သံရုံး မရှိရင်တော့ ကောင်စစ်ဝန်ရုံးမှာ လွှဲရပါတယ် ။

    သံရုံးရော ၊ ကောင်စစ်ဝန်ရုံးရော မရှိတဲ့ ဒေသ 

    ရောက်နေတာ ဆိုရင်တော့ ရှိတဲ့ဆီ သွားလွှဲရမှာ

    ဖြစ်ပါတယ် ။

 

-  လွှဲအပ်မည့်သူက ရဲအချုပ်ကျနေရင် စခန်းမှူး ၊ တာဝန်မှူး

   ရှေ့မှောက်မှာ လွှဲရပါတယ် ၊ ထောင်ကျနေတာ ဆိုရင်တော့

   တာဝန်ခံ ထောင်မှူးရှေ့မှာ လွှဲအပ် ရယူနိူင် ကြပါတယ် ။

 

   Special power တွေဟာ အခြေအနေ ( ၇ ) မျိုးမှာ 

   ပြန်လည် ပျက်ပြယ် သွားနိုင်ပါတယ် ။ 

    အဲဒီ အခြေအနေ တွေကတော့ -

 

( ၁ )  SP , အား ပြန်လည်ရုပ်သိမ်းသောအခါ SP, ကို

        လွှဲပေးသူက အကြောင်း ခိုင်လုံမှုရှိရင်

        မိမိသဘောအရ ပြန်လည် ရုပ်သိမ်းနိုင်ပါသည် ။

       ထိုသို့ ရုပ်သိမ်း သောအခါ SP , တွေဟာ 

       ပျက်ပြယ် သွားတတ်တယ် ။

 

( ၂ )  လက်ခံသူမှ ငြင်းပယ်၍ ပျက်ပြယ်ခြင်း SP, တို့ကို

         တစ်စုံ တစ်ယောက်သော သူက ကိုယ်စားလှယ်

        လွှဲအပ်ပေးပေမယ့် လက်ခံရမယ့်သူက

        အကြောင်း တစ်စုံတစ်ရာ ပြပြီး လက်ခံခြင်း

        မရှိခဲ့လျှင် ထို SP, တို့ဟာ ပျက်ပြယ်ပါတယ် ။

 

( ၃ )  ကိစ္စ ပြီးဆုံးလျှင်လည်း ပျက်ပြယ်ပါသည် 

         SP တစ်စောင်ကို အကြောင်းအရာ တစ်ခုဖြင့် 

         လွှဲအပ်ပေးပါတယ် ။ 

         ဥပမာ - မြေပုံ မြေရာဇဝင် ထုတ်ယူဖို့နဲ့  

         ခြံစည်းရိုး ခတ်ရန် ။ အဲဒီလိုအကြောင်းအရာ နှစ်ခုနဲ့

         လွှဲအပ်ပေးထားတဲ့ SP တစ်စောင်ဟာ မြေပုံမြေရာဇဝင်

         ထုတ်ယူဖို့နဲ့  ခြံစည်းရိုးနဲ့ ပတ်သက်တဲ့ ကိစ္စအဝဝ

         ပြီးဆုံးသွားပြီ ဆိုတဲ့အချိန်မှာ ထို SP သည် 

         ပြီးဆုံးခြင်း ၊ ပျက်ပြယ်ခြင်းသို့ ရောက်ပါတယ် ။

 

( ၄ )  လွှဲအပ် / လက်ခံသူ တစ်ဦးဦး သေဆုံးခြင်း SP, တို့ကို 

         လွှဲအပ်သူ ( သို့ ) လွှဲအပ်ခြင်း လက်ခံသူ တစ်ဦးဦး

         သေဆုံးသွားခဲ့လျှင် ထို SP, ဟာ ပျက်ပြယ်ခြင်း ၊

         ပြီးဆုံးခြင်းသို့ ရောက်ပါတယ် ။

 

( ၅ )  ရူးသွပ်ကြခြင်း အလားတူပင်  SP, ကို လွှဲအပ် / 

         လက်ခံသူ တစ်ဦးဦး ရူးသွပ်သွားခဲ့လျှင်လည်း 

         ထို SP, သည် ပျက်ပြယ်သည် ( သို့ )

         ပြီးဆုံးခြင်းသို့  ရောက်ပါတယ် ။

 

( ၆ )  နှစ်ရှည် ထောင်ကျခြင်း SP, ကို လွှဲအပ်သူ ( သို့ ) 

        လက်ခံသူ တစ်ဦးဦးသည် နှစ်ရှည် အကျဉ်းထောင်ကျခြင်း

         ခံခဲ့ရပါမူ ထို SP,သည် ပျက်ပြယ်ခြင်း ( သို့ ) 

         ပြီးဆုံးခြင်းသို့ ရောက်ပါတယ် ။

 

( ၇ )  လူမွဲအဖြစ် ခံယူကြခြင်း SP, လွှဲအပ်သူ ( သို့ )

         လက်ခံသူ တစ်ဦးဦးက လူမွဲအဖြစ် ခံယူလိုက်လျှင် 

         အဲဒီ SP, ပျက်ပြယ်ခြင်း ( သို့ )  ပြီးဆုံးသွားပြီလို့

         မှတ်ယူရပါမယ် ။

     

           Credit (  ဥပဒေရေးရာ )

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate