တိုက်ခန်း စရန်ငွေ ပေးသည့် နေ့တွင် ဝယ်သူ အနေဖြင့် ရောင်းသူထံမှ ရယူရမည့် စာရွက် စာတမ်းများ

တိုက်ခန်း စရန်ငွေ ပေးသည့်နေ့တွင် ဝယ်သူ အနေဖြင့် ရောင်းသူထံမှ ရယူရမည့် စာရွက် စာတမ်းများ
တိုက်ခန်း စရန်ငွေ ပေးသည့် နေ့တွင် ဝယ်သူအနေ ဖြင့် ရောင်းသူထံမှ ရယူရမည့် စာရွက် စာတမ်းများမှာ -
( ၁ ) မြေရှင်နှင့် ကန်ထရိုက် အကျိုးတူ ဆောက်သည့်
တိုက်ခန်း ဖြစ်လျှင် မြေရှင် နှင့် ကန်ထရိုက် တို့ချုပ်
ဆိုသည့် စာချုပ် ( မိတ္တူ )
( ၂ ) အဆောက်အအုံ ဆောက်လုပ် ခွင့်ပြုမိန့် စာရွက်
စာတမ်း ၊
( ၃ ) BCC စာရွက် ( အဆောက်အအုံ ပြီးစီး ကြောင်း
သက်သေခံ လက်မှတ် ) မိတ္တူ
( ၄ ) ရောင်းသူသည် မြေရှင် သို့မဟုတ် ကန်ထရိုက်
မဟုတ်ပါက ရောင်းသူက အဆင့်ဆင့် ဝယ်ယူထား
သည့် စာချုပ်များ ( မိတ္တူ )
( ၅ ) ခင်ပွန်း ကဝယ်ယူ ထားပြီး ဇနီးက ၎င်းကိုယ်တိုင်
နှင့် ခင်ပွန်း၏ Sp / GP အရ ရောင်းချခြင်း ဖြစ်က
၎င်းတို့၏ အိမ်ထောင်စု ဇယား နှင့် Sp / Gp ( မိတ္တူ )
( ၆ ) မူလ ဝယ်ယူသူ ကိုယ်စား SP / Gp ရသူက ရောင်းချ
ခြင်းဖြစ်က Sp / GP ( မိတ္တူ ) နှင့် ကိုယ်စားလှယ်
ရသူ ၏ မှတ်ပုံတင် မိတ္တူ
( ၇ ) အမွေ ဆက်ခံခွင့် ရသူ တစ်ဦးဦး ရောင်းချ ခြင်းဖြစ်
က အမွေဆက်ခံ ရရှိသည် ဆိုသည့် အထောက်
အထား စာရွက် စာတမ်း ( မိတ္တူ )
စသည်တို့ ဖြစ်ပါသည် ။
ဘာကြောင့် မိတ္တူရယူ ထားရန် လိုအပ်သလဲ
+++++++++++++++++++++++++++++++
မိတ္တူများ ရယူထားမှ သာလျှင် အပြီးသတ် စာချုပ် မချုပ်မီ သော်လည်း ကောင်း ၊ ချုပ်ဆို ရမည့် နေ့တွင် သော်လည်း ကောင်း ရောင်းသူဘက်မှ ပျက်ကွက်ပါက ဝယ်သူအနေဖြင့် တရားတစ်ထုံး စွဲဆိုရာတွင် အထောက်အထား အနေဖြင့် အသုံးပြု နိုင်ရန်အတွက် ရယူထားရန်လို အပ်ခြင်း ဖြစ်ပါသည် ။
ကူးယူ ဖော်ပြ ပါသည် ။
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...