တိုက်ခန်း ဝယ်ရင် အခွန်ဆောင်ဖို့ လိုပါသလား

တိုက်ခန်း ဝယ်ရင် အခွန်ဆောင်ဖို့ လိုပါသလား ။ တိုက်ခန်း ဝယ်မယ် ဆိုရင် အခွန် ဆောင်ခြင်း ၊မဆောင်ခြင်းက အဓိကမဟုတ် ။ မိမိဝယ်မဲ့ တိုက်ခန်းဟာ အရှုပ်အရှင်း ကိစွတွေ ရှိ ၊ မရှိ စုံစမ်း ဖို့ကအဓိက ကျပါတယ် ။ ကိုယ် ဝယ်မဲ့ အဆောက်အအုံက အသစ်လား ၊ အဟောင်းလား ကန်ထရိုက် အခန်းလား ၊ မြေရှင် အခန်းလား ဆိုတာ သိဖို့လိုပါမယ် ။ ကန်ထရိုက်တာ ရရှိမဲ့ အခန်းဆိုရင် သတိထား ဖို့တော့ လိုပါမယ် ။ ဆောက်လုပ်ရေး လုပ်နေစဥ် ငွေအရင်းအနှီး ပြတ်သွားလို့ ပေါင်နှံထားတဲ့ အခန်းတွေ ရှိတတ်တယ် ။ ရေမီးစုံ မစုံ ၊မော်တာ ၊ မီတာ သီးခြားစီ ရှိမရှိ စိစစ်ဖို့ လိုတယ် ။ အရေးကြီး ဆုံးကတော့ လူနေထိုင်ခွင့် အတွက် ခွင့်ပြုမိန့် ရှိဖို့လိုပါတယ် ။လူနေ ထိုင်ခွင့် မရှိသေးဘဲ နေထိုင်ရင် ဘာဖြစ်တတ်သလဲ -----/ ဥပဒေ ကတော့ ဖယ်ရှားတဲ့အထိ လုပ်ပိုင်ခွင့် ရှိပါတယ် ။ ဒဏ်ငွေဆောင်ပြီး နေထိုင်ခွင့် အမိန့်လျှောက် တာလည်း ရှိပါတယ် ။ ကန်ထရိုက်က ကုန်ကျစရိတ် မခံနိုင်တာနဲ့ အခန်းအပ်ပြီး ထွက်သွားတာတွေ အမျိုးမျိုး ရှိတယ် ။ အဲ့တော့ အပေါ်က အကြောင်း ပြန်ဆက်ရရင် ပြည်ထောင်စု၏ အခွန် အကောက် ဥပဒေမှာ နိုင်ငံသား မည်သူမဆို အခြေပစွည်း တစ်ရပ်ရပ်ကို ဝယ်ယူခြင်း ၊ တည်ဆောက်ခြင်း ၊ ရယူခြင်းနှင့် လုပ်ငန်းသစ် တည်ထောင်ခြင်း ၊ လုပ်ငန်းသစ်ထပ်မံတိုးချဲ့ခြင်း ကိစွရပ်တွေမှာ အခွန်ကောက် ခံတဲ့ နှုန်းထားတွေ ပြဌာန်း ထားတယ် ။ အခြေခံ ပစွည်း ဆိုတာ ကတော့ အိမ် ၊ ခြံ ၊ မြေ၊တိုက်ခန်း ကိုဆို လိုတာပါ ။
ဒါ့ကြောင့် တိုက်ခန်း ဝယ်ရင် ဥပဒေအရတော့ အခွန်ပေး ဆောင်ရမှာ ပါဘဲ အချို့လည်း ဝယ်ခွန်မဆောင်ဘဲ နေကြတာတွေရှိတယ် ။ မြေကွက် ကိစွတွေမှာတော့ အမည်ပေါက် ပြောင်းမယ်ဆိုရင် ဝယ်ခွန် ဆောင်ပြီးသား ပြေစာပါမှ ဆောင်ရွက် ပေးတာ ဖြစ်လို့ မဖြစ်မနေ ဝယ်ခွန် ဆောင်ရ ပါတယ်.။ တိုက်ခန်း တွေမှာတော့ မဖြစ်မနေ ဝယ်ခွန်ဆောင်ရမယ် တင်းကျပ်တဲ့ စည်းမျဥ်း လုပ်ထုံး လုပ်နည်း ထုတ်ပြန် ထားတာ မတွေ့ရဘူး ။ ဒီအချက် ကြောင့်လဲ ဝယ်ခွန်မဆောင်ဘဲ ရောင်း ၊ ဝယ် နေကြတာ ဖြစ်ပါတယ် ။ ဝယ်ခွန်ဆောင်မယ် ဆိုရင်တော့ သက်ဆိုင်ရာ တန်ဖိုးဖြတ် အဖွဲ့ထံ တိုက်ခန်းဝယ်ပြီး ရက်ပေါင်း ၃၀ အတွင်း လျှောက်ထား ရပါတယ် ။အဲ့ဒီ ရက်ကျော်ရင်တော့ ဒဏ်ငွေ ပေးဆောင် ရမှာ ဖြစ်ပါတယ် ။ ရန်ကုန် တိုင်းအတွင်းမှာ ရှိတဲ့ မြို့နယ် အလိုက် တိုက်ခန်း အထပ်ပေါ် မူတည်ပြီး တစ်စတုရန်းပေ ပေါ်မှာ တန်ဖိုးစံနှုန်း သတ်မှတ် ပေးထား ပါတယ် ။ ဝယ်ခွန် ဆောင်ခြင်းဖြင့် ဝင်ငွေရလမ်း မဖော်ပြ နိုင်တဲ့ ငွေပမာဏ ကငွေဖြူအဖြစ် ရရှိသွားမှာ ဖြစ်ပါတယ် ။ ပြန်ရောင်း မယ်ဆိုရင်တော့ ဝယ်စဥ်က သတ်မှတ်ထားတဲ့ စံနှုန်း နဲ့ရောင်းစဥ်က ရရှိတဲ့ အမြတ် အစွန်းမှာဘဲ ၁၀ ရာခိုင်နှုန်း ဆောင်ရမှာ ဖြစ်ပါတယ် ။ အချို့ တိုက်ခန်းတွေမှာ ပေါင်နှံထားတာ ၊ အရောင်း ထပ်နေတာတွေ ဖြစ်တတ်ပါတယ် ။ အဲ့လို အခြေအနေ မျိုးမှာဆိုရင် ဝယ်ခွန် ပေးဆောင် ထားသူက ပိုင်ဆိုင် ခွင့်ရမှာ ဖြစ်ပါတယ် ။
Credit-OriginalUploder
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...