ကန်ထရိုက် တိုက်ခန်း ဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက် တိုက်ခန်း ဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ -
( များသော အားဖြင့် ကန်ထရိုက်တွေက စာချုပ်ရေးပေးထားပြီး ဝယ်ယူသူက
စစ်ဆေးရတာပါ ) ။
၁။ မြေရှင် နှင့် ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့် စာချုပ်အရ မိမိအား ရောင်းချသည့်
တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့် တိုက်ခန်း ဟုတ်မဟုတ်
၂။ နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်
၃။ ငွေကြေး ပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်
၄။ တိုက်ခန်း အရောင်းအဝယ် စာချုပ်တွင် မြေရှင်လက်မှတ် ရေးထိုးရမည်ဟု ဥပဒေပြဌာန်းချက်မရှိပါ
ဓလေ့ထုံးစံတစ်ရပ် အနေဖြင့် လက်မှတ်ထိုးခ ပေးခြင်း ဖြစ်ပါသည်
၅။ အဝယ်စာချုပ်၌ ဝယ်ယူသည့် တိုက်ခန်းကို မည်သည့်နေ့ရက်၌ နောက်ဆုံးထား ပေးအပ်ရမည်ဟု
ပါရှိရမည် သတ်မှတ်ရက်၌ တိုက်ခန်း လွဲပြောင်း မပေးပါက တရားစွဲဆိုရန် အကြောင်းပေါ်ပေါက်ပါသည်
၆။ ပစ္စည်း လွဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၄၈အရ ပထမ ရောင်းချ၍ ဝယ်ယူခြင်းကို ဦးစားပေးရမည်ဟု
ဆိုထား သော်လည်း ကြိုပွိုင့်စနစ်ဖြင့် အရစ်ကျ ငွေပေးချေ၍ ထုံးစံနှင့်အညီ တိုက်ခန်း ဝယ်ယူသူက
လက်ဝယ်ထား ပိုင်ခွင့်ရှိကြောင်း မြွက်ဟကြေညာ၍ လက်ရောက် ရခွင့်ရှိသည် ။ စရန်ငွေ ပေးပြီးသည် နှင့်
မဖြစ်မနေ သတင်းစာ ကြေငြာဖို့တော့ လ်ုအပ်ပါတယ်။
ဒီ အချက် 6ချက်ကတော့ မဖြစ်မနေကို စစ်ဆေးရပါမယ် ။
🔺 Like လေးလုပ်ပြီး Share ထားမယ်ဆိုရင် လိုအပ်တဲ့အချိန် အသုံးတည့်စေမှာပါ 🔻
အောက်က အချက်လေးတွေ ကတော့ အသေးစိတ် စစ်ဆေးဖို့အတွက်ပါ။
🔸 တိုက်ခန်းဆိုမှ မဟုတ်ပါဘူး အိမ်ခြံမြေလိုမျိုး ရင်းနှီးမြှုပ်နှံဖို့အတွက် ဝယ်ယူတော့မယ်ဆိုရင်
အရေးကြီးဆုံး ကိစ္စဖြစ်တဲ့ ပိုင်ဆိုင်မှု နဲ့ ပက်သက်တဲ့ အရှုပ်အရှင်းရှိ မရှိ စုံစမ်းဖို့လိုအပ်ပါတယ်။။
စာချုပ်ချုပ်ပြီးမှ ဝယ်ပြီးမှ သွားစစ်မယ် ဆိုရင်တော့ ဘာမှမထူးတော့ပါဘူး ။ ကိုယ့်ပြဿနာ ကိုယ်ရှင်းဖြစ်သွားပါပြီ ။
📌ဒါဆိုရင် တိုက်ခန်း နဲ့ ပတ်သက်ပြီးတော့ကော ဘာတွေ စစ်ဆေးရမလဲ?
1. တိုက်သက်တမ်း နဲ့ ကြံ့ခိုင်မှုအနေအထားကို သိရှိထားဖို့လိုပါတယ်။
2. တိုက်ခန်းမှာ တပ်ဆင်ထားတဲ့ ပစ္စည်းတွေနဲ့ ပက်သက်ပြီး တော့လည်း မိမိအနေနဲ့ လက်ခံနိုင်တဲ့ အရည်အသွေးရှိ
မရှိကို စစ်ဆေး သင့်ပါတယ် ။ သော့ နဲံ့ မီးခလုပ်တွေ ကောင်းမွန်မှု ရှိ မရှိ စစ်ဆေးရပါမယ် ။
3. အချို့တိုက်ခန်း တွေမှာ အဲယားကွန်း တပ်ဆင်ခွင့် မပေးတဲ့အတွက် မိမိဝယ်ယူမည တိုက်ခန်းတွင် အဲယားကွန်း
တပ်ဆင်၍ ရ မရ စုံစမ်းရပါမယ်။
5. တိုက်ခန်းတွင် ကိုယ်ပိုင် ရေမီတာ ၊ လျပ်စစ်မီတာ ရှိ မရှိ စစ်ဆေးရန်ပြီး
6. မြေရှင်ထံ ပေးရသည့် ရေမီတာခ ၊ မြေငှားခ ကျသင့်ငွေကို လည်း စုံစမ်းထားရပါမယ်။
4. တိုက်ခန်းမှာ စီးပွားရေး လုပ်ငန်း တစ်ခုခု ဆောင်ရွက် မည်ဆိုရင်လည်း မြေရှင်၏သဘောထားကိုကြိုတင်
စုံစမ်းမေးမြန်းသင့်ပါတယ်။
8. ပြန်လည် ရောင်းချတဲ့ အခါမှာ မြေရှင်ထံ ပေးရမည့် မြေရှင်လက်မှတ် ထိုးခ ရာခိုင်နှုန်း ကို မြေရှင်ထံ ကြိုတင်စုံစမ်းရန်
လိုပါသည်။ ( ဒါကတော့ အပေါ်မှာလည်း ပြောထားပြီးသားပါ )
9. ဝယ်ယူမည့် တိုက်ခန်း ရဲ့ ပတ်ဝန်းကျင် အနေအထား ၊ ဆူညံမှု ရှိမရှိ ၊ နေထိုင်ရန် သင့်တော်မှုရှိမရှိ စတာတွေကိုလဲ
စစ်ဆေးရန် လိုအပ်ပါတယ်။
🔸 အထက်ပါ အချက်များအား စုံစမ်းစစ်ဆေး ပြီးတဲ့နောက် ကျေနပ်လက်ခံနိုင်ပြီ ဆိုရင်တော့ တိုက်ခန်း နှင့် ပတ်သက်သော
စာရွက်စာတမ်းများ ပြည့်စုံမှု ရှိ မရှိ စစ်ဆေးရပါမယ်။
❗️ဒီနေရာမှာ ရောင်းချသူ (မြေရှင် ၊ ကန်ထရိုက် ၊ မြေရှင် ( သို့ ) ကန်ထရိုက်ထံမှ ဝယ်ယူထားသူ ) အပေါ်မူတည်ပြီး
စစ်ဆေးရမဲ့ စာရွက်စာတမ်းတွေ ကွဲပြား နိုင်ပါတယ် ။
❗️အထက်ပါ စာရွက်စာတမ်း များအား စရန်ပေး စာချုပ်မချုပ်မီ ကြိုတင်ကြည့်ရှု့ စစ်ဆေးရမှာ ဖြစ်ပါတယ် ။
( စရန်ပေးစာ ချုပ်ချုပ်ဆိုသည့်အချိန်မှ ကြည့်ရှု့ခြင်း မျိုးကို ရှောင်ကြဉ် သင့်ပါတယ် )
🔺ရောင်းသူသည် ရောင်းချ ပိုင်ခွင့်ရှိသူ ဟုတ် မဟုတ် စိစစ်ရန်။
📌ရောင်းချ ပိုင်ခွင့်မရှိသူ ဆိုတာ ဘယ်လိုမျိုးလဲ?
🔹 မိဘပိုင်တိုက်ခန်းကို သားသမီးက ကိုယ်စားလှယ် လွှဲစာမရပဲ ရောင်းခြင်း ၊ အမဖြစ်သူပိုင် တိုက်ခန်းကို
မောင်ဖြစ်သူက ကိုယ်စားလှယ် လွှဲစာမရပဲ ရောင်းခြင်း ၊ လင်မယား နှစ်ဦးပိုင် တိုက်ခန်းကို လင်
သို့မဟုတ် မယား တစ်ဦးတည်းက ရောင်းခြင်း ၊ အမွေဆိုင်တိုက်ခန်းကို အမွေဆိုင်အားလုံး မပါရှိဘဲ တစ်ဦးတည်းက
ရောင်းခြင်း စတဲ့သူတွေဟာ ရောင်းပိုင်ခွင့် မရှိပဲ ရောင်းချ ခြင်းပါတယ် ။
🔹 ရောင်းသူနှင့် ဘယ်အချက်တွေ ကြိုတင် သဘောတူညီချက် ရယူထားသင့်လဲ?
🔹 အရောင်းအဝယ် နှင့် ပတ်သက်၍ အပြီးသတ် ငွေချေသည့်နေ့တွင် မြေရှင်အသိအမှတ်ပြု
လက်မှတ်ရေး ထိုးခြင်းကို ရောင်းသူ၏စရိတ်ဖြင့် ရောင်းသူက ဆောင်ရွက်ပေးရန် ၊ အရောင်းအဝယ်
ပြုသည့် တိုက်ခန်းတွင် အိမ်ငှား ( သို့ ) ရောင်းသူက အခမဲ့နေထိုင်ခွင့်ပြုထား သူတို့ ရှိနေပါက အပြီးသတ်
ငွေချေသည့် နေ့မတိုင်မှ ဖယ်ရှား ထားပေးရန် နှင့် အပြီးသတ်ငွေချေသည့်နေ့တွင် တိုက်ခန်းအား နေသူမဲ့ဖြင့်
လက်ရောက် ပေးအပ်ရန်တို့ကို ရောင်းသူနှင့် ကြိုတင်သဘော တူညီချက် ရယူထားရပါမယ်။
🔹 စရံပေးစာ ချုပ်ချုပ်ဆိုပြီး ရောင်းသူထံမှ ဘာစာရွက်စာတမ်း တွေကို ရယူထားရမလဲ?
🔹 စရံငွေပေးသည့် နေ့တွင် စရန်ပေးစာချုပ် နှင့်အတူ တိုက်ခန်း နှင့် ပတ်သက်သော စာချုပ်စာတမ်းများ
အားလုံးရဲ့ မိတ္တူကို ရယူထားရပါမယ်။
📌အပြီးသတ် စာချုပ်မချုပ်ခင် သေချာအောင် ဘာတွေလုပ်ဖို့ လိုအုံးမလဲ?
🔹 တိုက်ခန်း နှင့် ပတ်သက်၍ အရှုပ်အရှင်း ရှိ မရှိကို လက်လှမ်းမီ သလောက် စုံစမ်းပြီး ဖြစ်သော်လည်း
လက်လှမ်းမမီသော ကိစ္စများကို သိရှိနိုင်ရန်အတွက် သတင်းစာတွင် “ကန့်ကွက်နိုင်ကြောင်း” ကြော်ငြာကို
ထည့်သွင်း ကြော်ငြာထား သင့်ပါတယ် ။
📌အပြီးသတ် စာချုပ်ချုပ်ဆို ပြီးနောက် ဆောင်ရန်ရှောင်ရန် တွေက ဘာတွေဖြစ်မလဲ?
🔹 အပြီးသတ် စာချုပ်ချုပ် ဆိုသည့်နေ့တွင် တိုက်ခန်းအား နေသူမဲ့ဖြင့် လက်ရောက် ရယူရပါမည် ။ ရောင်းသူ က
ထားရှိသော အိမ်ငှားအား ဆက်လက်ထားရှိခြင်း ၊ ရောင်းသူအား တိုက်ခန်းတွင် အခမဲ့ခေတ္တနေထိုင်ခွင့် ပေးခြင်း
(သို့) အိမ်ငှားခငွေဖြင့် ဆက်လက်ငှားရမ်းခြင်း ၊ ရောင်းသူက အခမဲ့နေခွင့် ပေးထားသူအား ဆက်လက် နေခွင့်ပေးခြင်း
တို့ကို ရှောင်ကြဉ်သင့်ပါတယ်။
📌 စာချုပ်ချုပ်မယ်ဆို တံဆိပ်ခေါင်းခွန် ဘယ်လောက်ကပ်ရမလဲ?
🔷 သုံးရာကျပ်ထက် မလျော့သော တံဆိပ်ခေါင်းခွန် ကပ်ထားတဲ့ စာချုပ်နဲ့ ချုပ်ဆိုရပါမယ်။
ဒီလောက်ဆိုရင်တော့ ကန်ထရိုက်တိုက်ခန်းကို ဘယ်လိုစစ်ဆေး ဝယ်ယူရမလဲဆိုတာ သဘောပေါက်ပါပြီ
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...