စရံပေးကတိစာချုပ် အပြီး စရံချလို့လည်း အပြီးမှာ ရောင်းသူဘက်ကနေပြီး အကြောင်းအမျိုးမျိုးပြပြီး မရောင်းတော့ဘူးတဲ့လေ

17-Mar-23 Knowledge
စရံပေးကတိစာချုပ် အပြီး စရံချလို့လည်း အပြီးမှာ ရောင်းသူဘက်ကနေပြီး အကြောင်းအမျိုးမျိုးပြပြီး မရောင်းတော့ဘူးတဲ့လေ

        “ လက်ထဲမှာ ငွေလေး အနည်းငယ်ပိုနေလို့ အိမ်အပါ ခြံကွက်လေးတစ်ကွက် ဝယ်လိုက်တာ အကျိုးဆောင်တွေလည်း အပါ အရောင်းအဝယ်စရံပေးကတိစာချုပ် အပြီး စရံချလို့လည်း အပြီးမှာ
 

             ရောင်းသူဘက်ကနေပြီး အကြောင်းအမျိုးမျိုးပြပြီး မရောင်းတော့ဘူးတဲ့လေ နောက်ထပ် သိလိုက်ရတာက ရောင်းတဲ့သူက တခြား ပို ပေးတဲ့သူဆီကို ရောင်းချင်လို့တဲ့လေ ကိုယ်မှာရှိတဲ့ ပိုက်ဆံလေးနဲ့ ကွက်တိမို့ ဝယ်လိုက်တာကို သူကတခြားတစ်ယောက်ဆီရောင်းမှာကို ရောင်းချင်ကြောင်း အကျိုးအကြောင်း ဆီလျော်အောင် မပြောဘဲ ဟိုအကြောင်းပြ ဒီအကြောင်းပြမို့ တော်တော်လေးဒေါသထွက်ရပါတယ်“တဲ့လေ ပြီးတော့လည်း အိမ်ကိုပါ အနည်းငယ် ဖြိုထားပြီးပြီတဲ့လေ "ကိုယ်ကတော့ အိမ်သိပ်မကောင်းလည်း တခါတလေ နားနားနေနေ လာလည်ရအောင်ဆိုပြီး စိတ်ကူးအတွေးလေးနဲ့ ဝယ်လိုက်တာပေါ့ ဘယ်လိုလုပ်ရမလဲ မသိတော့ပါဘူး"တဲ့လေ

-အိမ် ခြံ မြေ ရောင်းရန် ကတိပြုတဲ့ သူဟာ စရံငွေ လက်ခံရယူပြီး ကျန်တဲ့ ငွေ ကို အပြီးအပိုင် ပေးချေရန် သတ်မှတ်ထားတဲ့ ရက်မတိုင်မှီ စာချုပ်ပါ ခြံကွက်ရှိအိမ်ကို ဖျက်သိမ်းထားခြင်းက စရံစာချုပ် ပါ ပဋိညာဉ်ကို ဖောက်ဖျက်ရာ ရောက်တယ်။
ရွေ့ပြောင်းလို့မရတဲ့ အရာဖြစ်တဲ့ အိမ် ခြံ မြေကို ဝယ်ယူရာမှာ ပဋိညာဉ်ပြုလုပ်တဲ့ ဝယ်သူက စရန်ငွေကို ပေးထားရာ အပြီးသတ် ဆောင်ရွက်ရန် အချိန်စေ့ ရောက်လာတဲ့အခါ ရောင်းသူက အပြီးသတ် ဆောင်ရွက်ရန် ပျက်ကွက်ခဲ့မယ်ဆိုလျှင် ဝယ်သူက -


-ပဋိညာဉ်ကို ဖျက်သိမ်းသည်ဟု မှတ်ယူ၍ စရန်ငွေကို ရလိုကြောင်း စွဲဆိုနိုင်ပါတယ်
(ဒါမှမဟုတ်)
-ပဋိညာဉ်ကို ဆက်လက် အတည်ဖြစ်သည်လို့ မှတ်ယူပြီးတော့
ပဋိညာဉ်ကို ချိုးဖောက်သည့်အတွက် နစ်နာကြေး ရလိုမှုနဲ့ စွဲဆိုနိုင်သလို ပဋိညာဉ်အတိုင်း ဆောင်ရွက်ပေးစေရန်လည်း စွဲဆိုနိုင်တယ်။

ကျွန်မက သိသလောက် အဲဒီလိုလည်း ပြောပြလိုက်ရော ဘာလုပ်ရမှန်းမသိတဲ့ ကျွန်မမိတ်ဆွေက ပျော်ပြီး ကျေးဇူးတင်တော့တာပဲရှင့်။

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate