စရန် မှန်ကန်စွာ ချရန်

စရန် မှန်ကန်စွာ ချရန်

                ကိုယ် သဘောကျတဲ့ အဝန်းအဝိုင်းလေး တွေ့ပြီ သဘောကျပြီ 

ပွဲစားနဲ့ ကြည့်လို့ ပွဲစားကလည်း စရန်ချဖို့ ပြောနေပြီဆို ခင်ဗျား အလိမ်ခံရမဲ့ 

ခြေလှမ်း တဝက် နင်းပြီးပြိဆိုတာ သတိရပါ ။ အိုကေ ဒါဆို ဘာလုပ်မလဲ ၊ 

ရှေ့နေ ခေါ်လာလည်း ရှေ့နေသည် ဂရန်အစစ်လား အပွားလား ပါမစ် အစစ်လား 

ပါမစ်အပွားလား မျက်စိနဲ့ တန်းကြည့်လို့ ရအောင် ရှေ့နေက စည်ပင် database

နဲ့ ချိတ်ထားတာ မဟုတ် ၊ ထွေအုပ်နဲ့ သက်ဆိုင်တဲ့ နေရာ ၊ မြေစာရင်းနဲ့ သက်ဆိုင်

တဲ့နေရာ စတာတွေနဲ့ realtime synchronization လုပ်ထားတာ မဟုတ်တဲ့

အတွက် အမြင်နဲ့ ဘယ်လို မသိနိုင်ပါ ။ ပွဲစားက မင်္ဂလာ စရန်ချ ရမယ် ၊ အိုကေ 

ချလိုက် ၊ တကယ်လို့ ဂရန် အမည်ပေါက်က စည်ပင်မှာ တခြားလူ ဖြစ်နေတယ်

ဆို ခင်ဗျာ ဘာလုပ်မလဲ ၊  ပိုက်ဆံ ပြန်မပေးရင် ခင်ဗျား ဘာလုပ်မလဲ ၊ ခင်ဗျားကို 

စရံချ ပေးပါလို့ ပြောတဲ့ ပွဲစား တာဝန်ယူပြီး ပိုက်ဆံ ပြန်အမ်းမယ် ထင်လား ။ 

အဲ့လို မျိုးတွေ ရှိနေတဲ့အတွက် တရာမမှု တွေ လိမ်လည်မှု တွေ ဖြစ်နေတယ် 

ဆိုတာ သတိရ လိုက်ပါ ။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်တာ ဘာမှ အားနာစရာ 

မလိုပါဘူး ။ ဘယ်ကောင်ကိုမှ မယုံနဲ့ အယုံမလွယ်ပါနဲ့ ။ 

 

                 အိုကေ ရှင်းရှင်းလေပဲ ။ ဝယ်ချင်တဲ့ မြေခြံနဲ့ ပက်သက်ပြီး YGN, MDY 

ဆို မြို့တော် စည်ပင် ၊ နယ်ဆို ထွေအုပ်နဲ့ မြေစာရင်း စတဲ့ နေရာတွေမှာ ကိုယ်ဝယ်

ချင်တဲ့ ပါမစ် ၊ ဂရန် ၊ မြေပိုင် မြေ ၊ စကွာတာမြေ စတာတွေကို ရပ်ကွက် ၊ လမ်း ၊ 

မြေကွက် အမှတ် ၊ အမည်ပေါက် ဘယ်သူ စတာတွေကို ပိုက်ဆံ ပေးပြီး သွားစစ်

ရပါမယ်။ 

https://app.ycdc.gov.mm/city_plan/index.php

https://app.ycdc.gov.mm/city_plan/form_check_ownername.php

သက်ဆိုင်ရာ စာရွက်ကို ဓါတ်ပုံရိုက်ပြီး တင်ပေး ရပါမယ် ။ တချို့ ပိုင်ရှင်တွေက 

ကြောက်ပြီး ပေးမရိုက်ရင် ၊ သူတို့ကို ကိုယ်တိုင်ရိုက်ပြီး စည်ပင်ကို ကိုယ်က 

ပိုက်ဆံပေးပါ ။ ဓါတ်ပုံရိုက်ပြီး တင်တာက ပိုင်ဆိုင်မှု အထောက်အထားကို ဘာမှ 

မထိခိုက် တဲ့အတွက် ကိုယ်ရောင်းမှာ မှန်ကန်တယ်ဆို ဘာမှာ ကြောက်စရာ 

မရှိပါဘူး ။ ဒါမှမဟုတ် စည်ပင်က အိမ်တိုင်ရာရောက် ဝန်ဆောင်မှု ပါပေး 

သေးတယ် ။ ပုံ ၂ကို ကြည့်ပါ ။ အမည်ပေါက် မှန်မမှန် စစ်ဆေးခက ၃၀၀၀၀ 

ပတ်ဝန်းကျင်လို့ ကြားပါတယ် ။ ကျနော် ကိုယ်တိုင် မလုပ် ရသေးတော့ သေချာ

မသိသေးပါ ။  

 

                စည်ပင်ကမှန်ကန်ကြောင်လည်း ရပြီ ဆိုတာနဲ့ စရန်ချ ပေးလို့ ရပါပြီ ။ 

ဘယ်လောက် ရာခိုင်နှုန်း ဆိုပြီး တရားဝင် သတ်မှတ်ထားတဲ့ နှုန်းထားမရှိပါ ။ 

နှစ်ဘက် ညှိနှိုင်းလို့ အဆင်ပြေတဲ့ တန်ဖိုးတခုကို စရံချ ပေးထားလို့ ရပါတယ် ။ 

တခု သတိရပါ ။ သတင်းစာထဲ ကြေညာထည့်ပြီး ကန့်ကွက်သူ ပေါ်လာလို့ စရံကို 

ရောင်းသူက ပြန်မပေးတော့ရင် ၄၂၀ ( ရဲအရေးပိုင် ) မေသန်းနု ထောင်ကျတဲ့ 

အမှုကို ကြည့်ပါ ။  အဲ့တော့ ပြန်တောင်း ရင်လည်း တောင်းလို့ ကောင်းမဲ့ တန်ဖိုး

တခုကို သတ်မှတ်ပြီး တော့ စရံချပါ ။ ရှေ့နေခေါ်ပြီး သေချာ ချုပ်ဆိုပါ ။ 

စရံချပြီးတာနဲ့ သတင်းစာမှာ ကြေညာပြီး ၇ ရက် ၁၄ ရက် စောင့်ပါ ။ ကိုယ်တိုင် 

ကြေညာလည်း ရသလို ရှေ့နေဖြင့် ကြေညာလည်း ရပါတယ် ။ ဘယ် ဥပဒေကမှ 

မလုပ်မနေရ ဆိုပြီး သတ်မှတ်ထားတာ မရှိပါ ။ ရည်ရွယ်ချက်က လူသိအောင် 

လုပ်ပေးရတဲ့ ရည်ရွယ်ချက်ပဲ ရှိပါတယ် ။ 

အောက်က အဆင့်တွေက စရန်ပေးပြီး သတင်းစာ ကြေညာ ထည့်ပြီးမှ လုပ်ဆောင်

ရမှာ ဖြစ်ပါတယ် ။ အပြည့်အစုံ မဟုတ်သေး ပေမဲ့ အကြမ်းဖျင်း လောက်ပါပဲ ။ 

ကျနော် ဆက်ပြီး လေ့လာနေသေလို့ မသေချာပဲ မရှဲပေး ချင်ပါဘူး ။ 

၇ ရက် ၁၄ ရက်ပြည့်ပြီးမှသာ အရောင်းအဝယ် စာချုပ်ချုပ်ရန် စည်ပင်မှာပဲ မြေပုံ

ကူးရပါမယ်။ 

https://app.ycdc.gov.mm/city_plan/information.php?id=1

ကြာမြင့်ချိန် နှင့် ဝန်ဆောင်ခများ

https://app.ycdc.gov.mm/city_plan/information.php?id=4

ပုံ ၃ ကို ကြည့်ပါ။ သတ်မှတ်ရက်ပြည့်မှသာ မြေပုံကူးတဲ့ အလုပ် ဆောင်ရွက်ရမှာ 

ဖြစ်ပါတယ် ။ 

လုပ်ဆောင်ရမဲ့ link က ဒီမှာပါ ။ 

https://app.ycdc.gov.mm/city_plan/form_copymap.php ပုံ ၄ တွင်ကြည့်ပါ ။ 

အားလုံးပဲ စရံမှန်ကန်စွာ ချနိုင် ကြပါစေဗျာ ။

 

CCredit-OriginalUploder

 

 

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate