ဂရန် သက်တမ်း ကုန်ဆုံး နေတဲ့ ဂရန်တစ်ခုကို မိမိ နာမည် ဂရန် အမည်ပေါက် ဖြစ်အောင် ဆောင်ရွက် ချင်သော်လည်း အမည် ပေါက်ပိုင်ရှင် မရှိတော့ရင် ဘယ်လို ဆက်လက် လုပ်ဆောင် ရမလဲ

ဂရန် သက်တမ်း ကုန်ဆုံး နေတဲ့ ဂရန်တစ်ခုကို မိမိ နာမည် ဂရန် အမည်ပေါက် ဖြစ်အောင်  ဆောင်ရွက် ချင်သော်လည်း  အမည် ပေါက်ပိုင်ရှင် မရှိတော့ရင် ဘယ်လို ဆက်လက် လုပ်ဆောင် ရမလဲ

             ဂရန် သက်တမ်း ကုန်ဆုံး နေတဲ့ ဂရန် တစ်ခုကိုမိမိ နာမည်ဂရန် အမည်ပေါက် ဖြစ်အောင် ဆောင်ရွက် ချင်သော်လည်း 
အမည် ပေါက်ပိုင်ရှင် မရှိတော့ရင် ဘယ်လို ဆက်လက် လုပ်ဆောင်ရမလဲ.-------- /
နစ် ( ၃၀ ) ဂရန် မြေကွက် တစ်ကွက် ဝယ်ထားတာ ( ၁၀ ) နစ်ကျော် ပါပြီ  /  အခုချိန်မှာ ဂရန် သက်တမ်း ကုန်ဆုံး သွားပြီ ဖြစ်လို့ မူရင်း အမည် ပေါက်ကနေ မိမိ အမည်ပေါက် ဖြစ်အောင် ပြောင်းလိုပါတယ်  /  မူရင်း အမည် ပေါက်တဲ့သူ အိမ်ပြောင်း သွားတဲ့အတွက် ရှာရခက် နေပါတယ်  / အကယ်၍ ရှာမတွေ့ တော့ရင် ဘယ်လို လုပ်ရမလဲ ။ 


           ကိုယ် ဝယ်ယူထားတဲ့ စာချုပ်က သာမာန် အရပ်စာချုပ် နဲ့ ဝယ်ထားတာလား ./ မှတ်ပုံ တင်စာချုပ် နဲ့ ဝယ်ထားတာလား ဆိုတာ ကြည့်ရပါမယ်. မှတ်ပုံတင် စာချုပ် နဲ့ ဝယ်ထားတယ် ဆိုရင်တော့ အမည် ပေါက်ပိုင်ရှင် မလိုတော့ပါဘူး.  မှတ်ပုံတင် စာချုပ်နဲ့ တွဲပြီးတော့ သက်ဆိုင်ရာသို့ မိမိ မှတ်ပုံတင် စာချုပ့်ဖြင့် ဝယ်ထားကြောင်း တင်ပြ၍ ဂရန်သက်တမ်း တိုးပေး ရန်နှင့် အမည် ပြောင်းလဲ ပေးရန် တိုက်ရိုက် လျှောက်ထား နိုင်ပါတယ်.


          သက်ဆိုင်ရာမှ ဂရန် သက်တမ်း ပြတ်တောက် ကာလ များအတွက် သတ်မှတ် ထားသော ဒဏ်ကြေးများ ပေးဆောင် စေ၍ လုပ်ထုံး လုပ်နည်းများ နှင့် အညီ ဂရန် သက်တမ်း တိုးပေးကာ အမည်ပေါက် ပြောင်းလဲ ပေးမှာ ဖြစ်ပါတယ်. အရပ်စာချုပ် နဲ့ ဝယ်ထားတာဆိုရင်တော့ အရပ်စာချုပ်သည် မရွှေ့ မပြောင်း နိုင်သောပစွည်း နှင့် ပတ်သတ်ရင် သက်ဆိုင်ရာ တရားရုံးများ မှာ သက်သေခံ တင်သွင်းလို့မရပါဘူး. ဂရန် သက်တမ်း ကုန်ဆုံးနေတဲ့ ဂရန်တွေ အတွက်တော့ ဂရန် လုပ်ထုံး လုပ်နည်း များအရ သက်ဆိုင်ရာ ဂရန် သက်တမ်းမကုန်ဆုံးမီ ( ၃ ) လကြို တင်၍  ဂရန်သက် တမ်းတိုး လျှောက်ထားခြင်း မရှိလျှင် လုပ်ထုံး လုပ်နည်း များအရ ဂရန် ပျက် သွားပြီဟု ယူဆရပါမယ်.


           ထို့ ကြောင့် အဆိုပါ မြေသည် နိုင်ငံတော် မှ စီမံခန့် ခွဲပြီး ပြန်လည်ချ ထားပေး နိုင်သော မြေအဖြစ်သို့ အလိုလို ပြန်လည်ရောက်ရှိသွား ပါတယ် .ဒါကြောင့် အဆိုပါ မြေသည် ဂရန် ရမြေ မဟုတ်တော့ပါဘူး အရင်က ဂရန် ရထားပြီးသား မြေဟုသာ သတ်မှတ်ပါတယ်.. အဲ့တော့ သူသည်  အရပ်စာချုပ် နဲ့ ဒီ မြေပေါ်မှာ လက်ရှိထား ရယူ သုံးစွဲကြောင်း အထောက်အထား တင်ပြ၍ သက်ဆိုင်ရာ     သို့ ဂရန် အသစ်တစ်ခု ထုတ်ပေးရန် လျှောက်ထား ရမှာ  ဖြစ်ပါတယ်


 #Crd to owner

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!