မြေ တစ်ခေတ် မှာ” “ ရွှေဖြစ်ဖို့ ” မြေ အကြောင်း လေ့လာကြစို့

မြေတစ် ခေတ်မှာ “ရွှေဖြစ်ဖို့” မြေအကြောင်း လေ့လာကြစို့ ယနေ့ ခေတ်တွင် အိမ်ခြံမြေ အရောင်း အဝယ် လုပ်ငန်းများကို စီးပွားရေးလုပ်ငန်းကြီး တစ်ခုသဖွယ် လူအများ အပြားက ဝင်ရောက်လုပ်ကိုင်ကာ ရင်းနှီးမြှုပ်နှံ လာကြသည် ကိုတွေ့ ရသည် ။
- မြေအကြောင်း နားလည်သူများ ကောင်းစားနေသည့်ခေတ်
သို့သော် အခြေအနေအချိန်အခါပေး၍ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများကို စီးပွားဖြစ် လုပ်ကိုင်နေကြသော်လည်း “မသိသူကျော်သွား ၊ သိသူဖော်စား ” ဆိုသကဲ့သို့ အိမ်ခြံမြေတွင် မြေအမျိုးအစား အမျိုးမျိုးရှိသည်ကို သိသူများက တရားဝင်သည့်မြေ ၊ တရားမဝင်သည့် မြေ၊ အဖိုးတန် သည့်မြေ ၊ အဖိုးနည်း သည့်မြေ စသည်ဖြင့် သိကျွမ်း နားလည် ကြသူများက အကျိုးအမြတ် များရရှိကာ ကောင်းစား နေကြသည်ကို တွေ့ရသည် ။ မြေ ( ၁၀ ) မျိုးအကြောင်း ရှာဖွေ တင်ပြ လိုက်ပါသည် ။
-မြေပိုင်မြေ
မြေပိုင် မြေဆိုသည်မှာ မြို့တော်နယ် နိမိတ်အတွင်း စနစ်တကျ မြို့ကွက်ဖော် ထုတ်ကာ ရောင်းချခဲ့၍ ဝယ်ယူ ပိုင်ဆိုင်ခဲ့ပြီး မြေပိုင်ရှင် အခွင့်အရေး အဆင့်အတန်း ရှိသည့် မြေကို ဆိုင်သည် ။
-ဘိုးဘွားပိုင်မြေ
ဘိုးဘွား ပိုင်မြေ ဆိုသည်မှာ အောက် မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေပုဒ်မ ၄ ၊ ပုဒ်မခွဲ ( ၁၀ ) အရ ၊ ဘိုးဘွားမိဘလက်ထက်ကပင် “ ဓါးမဦးချ ” ပိုင်ဆိုင်လာ၍ လွှဲပြောင်း ဆက်ခံ ခွင့်ရှိကာ “ မစိုက်ပျိုး သည့်မြေ ” ကိုဆိုလိုသည် ။
-ဂရန်ရှိမြေပိုင်မြေ
ဂရန်ရှိ မြေပိုင် မြေဆိုသည်မှာ အောက်မြန်မာ နိုင်ငံမြို့နှင့် ကျေးရွာ မြေများ ဥပဒေပုဒ်မ ၇ ( က ) အရခွင့် ပြုထားသည့် ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်း ရှိသည့် မြေကို ဆိုလိုသည် ။
-လိုင်စင်မြေ
လိုင်စင် မြေဆို သည်မှာ အောက်မြန်မာ နိုင်ငံမြို့ နှင့် ကျေးရွာ မြေများ အပိုဒ် – ၃၀ ၊ ၃၄ တို့အရ ၊ ကော်မတီ ကသတ်မှတ်သည့် စည်းကမ်းချက် များနှင့်အညီ ယာယီ အသုံးပြုခွင့် ပေးထားသော မြေကို ဆိုလိုသည် ။
-ပါမစ်မြေ
ပါမစ်မြေ ဆိုသည်မှာ ကော်မတီက သတ်မှတ်သည့် စည်းကမ်း ချက်များ နှင့်အ ညီ “ လူနေအိမ် ” သိုမဟုတ် “ အဆောက်အအုံဆောက်လုပ် နေထိုင် ခွင့် ” ပြုထားသော မြေကို ဆိုလိုသည် ။
-မြေငှားဂရန်မြေ
မြေငှား ဂရန်မြေ ဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့အရ ကော်မတီကစည်းကမ်းချက်များ သတ်မှတ်ပြီး နှစ်ကာလ အပိုင်းအခြား သတ်မှတ်၍ မြေငှားစာချုပ်ဖြင့် အငှားချထားသည့်မြေကိုဆိုလိုသည်။
-စကွာတာမြေ
“ စကွာတာမြေ ” ဆိုသည်မှာ မြေငှား စာချုပ်မရယူ ခဲ့၍ လည်းကောင်း ၊ မြေငှား စာချုပ် သက်တမ်း ကုန်ဆုံး ပြီးနောက် အသစ်လဲလှယ်ခြင်း မပြု၍ လည်းကောင်း မြေငှား စာချုပ်ပါ စည်းကမ်းချက် တစ်ရပ်ရပ် ဖောက်ဖျက်၍ လည်းကောင်း “ မြေ အဆင့်အတန်း နိမ့်ချသတ်မှတ်သော မြေကို ” ဆိုလိုသည် ။
-ကျူးလွန်ခြင်းမြေ
“ ကျူးလွန် ခြင်းမြေ ” ဆိုသည်မှာ လူနေ ရပ်ကွက်အတွင်း စနစ် တကျရှိသော အိမ်ရာ မြေကွက်၌ ကျူးလွန်ခြင်း “ပြေစာဖြင့် ကောက်ခံသည့်မြေ ” မျိုးကို ဆိုလို သည် ။
-ကျူးကျော်မြေ
ကျူးကျော် မြေဆိုသည်မှာ ကော်မတီပိုင် မြေနှင့် ကော်မတီက စီမံခန့်ခွဲ ပိုင်ခွင့်ရှိသော မြေပေါ်တွင် ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိသူများ ဝင်ရောက် နေထိုင်လျှက် ရှိသော မြေကိုဆို လိုသည် ။
-မြို့ကွက်မြေပုံ
မြို့ကွက် မြေပုံဆို သည်မှာ အခြေခံ အင်ဂျင်နီယာ ပိုင်းဆိုင်ရာ များဖြင့် စနစ်တကျ ရေးဆွဲပြီး မြို့ပြစီမံကိန်း နှင့်အညီ မြို့ကွက်ရိုက်ဖော်ထုတ် ထားသည့် အခြေခံ မြေပုံကို ဆိုလိုသည် ။
-မြို့မြေစာရင်း
မြို့မြေ စာရင်း ဆိုသည်မှာ အောက်မြန်မာ နိုင်ငံမြို့ နှင့် ကျေးရွာ မြေများ အက်ဥပဒေ ၊ နည်းဥပဒေများ ၊ နောက်ဆက်တွဲ ၁ – အခန်း ( ၂ ) အပိုဒ် ၇ အရမြို့ကွက် မြေပုံဖြင့် ရှိပြီးသော မြေများ၏ မြေပိုင်ဆိုင်ခွင့် စာရင်းကို ဆိုလိုသည် ။ ယခုဖော် ပြခဲ့သော မြေများမှာ အိမ် ခြံ မြေ နှင့် ပတ်သက်သော မြေများ ဖြစ်ပါသည် ယင်းသို့ မြေ အမျိုးမျိုး အကြောင်း တင်ပြပြီးနောက် သာသနာမြေ ( ၄ ) မျိုးအကြောင်းလည်း ရှင်းပြလို ပါသေးသည် ။
-အခွန်လွတ်သာသနာ့မြေ
အခွန်လွတ်သာ သနာ့မြေ ဆိုသည်မှာ မူလကနဦး မြေပိုင်မြေ သို့မဟုတ် ဘိုးဘပိုင်မြေကို ဥပဒေနှင့် အညီရရှိသော ပုဂ္ဂိုလ်က ဘာသာ သာသနာ အကျိုး သုံးစွဲနိုင် ရန်အတွက် လျှောက်ထားသဖြင့် တည်ဆဲဥပဒေ နှင့် အညီ ခွင့်ပြု ထုတ်ပေးသော မြေကိုဆိုသည် ။
-အခွန်လွတ်သာသနာ့မြေဂရန်
အခွန်လွတ် သာသနာ့မြေ ဂရန်ဆို သည်မှာ သာသနာရေး ၊ သာသနာမူ အလိုငှာ တည်ဆဲဥပဒေ နှင့်အညီ “ မြေယာ ပိုင်ပတ္တာ စာချုပ် ” ဖြင့် သတ်မှတ် ထုတ်ပေး သည့် လက်မှတ် ကိုဆိုသည် ။ ( ၁၈၇၆ ခုနှစ် ၊ အောက် မြန်မာနိုင်ငံ မြေနှင့် အခွန်တော် နည်းဥပဒေများ နည်းဥပဒေ ၃၂ ၊ ၃၃ ၊ ၃၆ နှင့် ၁၈၉၈ ခုနှစ် ) အောက်မြန်မာ နိုင်ငံမြို့ နှင့် ရွာမြေ နည်းဥပဒေများ ၊ နည်းဥပဒေ ၅၀ ၊ ၅၁ နှင့် ၅၄ )
-အခွန်လွတ် ဗဒ္ဓသိမ်မြေ
” အခွန် လွတ်ဗဒ္ဓသိမ်မြေ ” ဆိုသည်မှာ သာသနာ မြေအတွင်း ဘာသာ ၊ သာသနာ မြေကိစ္စအတွက် အသုံးပြုရန် အလိုငှာ လူပုဂ္ဂိုလ်က သာလျှောက် ထားခွင့်ရှိသည့် မြေကို ဆိုသည် ။
အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်
” အခွန်လွတ် ဗဒ္ဓသိမ် မြေဂရန် ” ဆိုသည်မှာ တည်ဆဲဥပဒေ နှင့်အညီ “ ဝိသုံ ဂါမသိမ် ” အဖြစ် အသုံးပြုရန် အသီးအခြား မြေပေးအမိန့်ဖြင့် သတ်မှတ် ထုတ်ပေး လိုက်သည့် လက်မှတ် ကိုဆိုသည် ။ ( အောက်မြန်မာ နိုင်ငံမြေ ခွန်ကောက်နည်း ဥပဒေများ ၊ နည်းဥပဒေ ၃၄ နှင့် အောက် မြန်မာနိုင်ငံ မြို့နှင့် ရွာမြေနည်း ဥပဒေများ နည်းဥပဒေ-၅၂ ) ဤသို့ ဆိုလျှင် သာသနာ့မြေ ( ၄ ) မျိုးတွင် ဘာသာ ၊ သာသနာ အကျိုးအတွက် သုံးစွဲ နိုင်သောမြေ ၊ မြေယာ အပိုင်ပတ္တာ စာချုပ်ဖြင့် ထုတ်ပေးသည့် လက်မှတ် ၊ လူပုဂ္ဂိုလ်ကသာ လျှောက်ထား ခွင့်ရှိသောမြေ နှင့် “ ဝိသုံဂါမသိမ် ” အသုံးပြုရန် အတွက် မြေပေး အမိန့် ဖြင့် ထုတ်ပေး လိုက်သည့် လက်မှတ် တို့လည်း ပါဝင်သည်ကို သိရှိကြပြီဟု ဖြစ်ပါသည် ။
ရေးသားသူ – လွှတ်တော် ရှေ့နေ မောင်ကောင်းဖေ
#Crd to owner
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...