ကြီးပွားကြောင်း ( ၇ ) ရပ်

11-Nov-23 Knowledge
ကြီးပွားကြောင်း ( ၇ ) ရပ်

ကြီးပွားကြောင်း ( ၇ ) ရပ်

 

(၁)မိမိဆီ ဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲ သုံးစွဲပါ ။

 

      ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိအောင် ကြိုးစားဖို လိုသလို ကိုယ်ဆီကနေ ထွက်သွားတဲ့ ငွေတွေရဲ့ လမ်းကြောင်းကိုလည်း ဂဃနဏ သိထားဖို့ လိုပါတယ် ။ မလိုအပ်ပဲ ထွက်နေတဲ့ လမ်းကြောင်းတွေ ရှိတယ် ဆိုရင်လည်း အမြန်ဆုံးပိတ်ပစ်ဖို့  လိုအပ်ပါတယ် ။ အက်လိုမှ မဟုတ်ရင်တော့ အိတ်ပေါက် နဲ့ ဖားကောက် သလို ဖြစ်နေမှာ အသေချာပါပဲ ။

 

(၂)ငွေတွေကို သတ်မဲ့လို သဘောမထားပါနဲ့ ။

 

      ငွေတွေ ကိုလည်း သူတို့ အချင်းချင်းရင်းနှီးပြီး တိုးပွားနိုင်မဲ့ နေရာကို ပို့ပေးတက် ရပါမယ် ။ ဥပမာ ပြောရရင် နွားတို့ ကြက်တို့ ဆိတ်တို့ အုတ်လိုက် မွေးသလိုပါပဲ သူတို့ အချင်းချင်းရင်းနှီးပြီး မိတ်လိုက်ကြ ကလေးတွေ မွေးကြတော့ ကိုယ့်ပိုင်ဆိုင်တဲ့ အရေတွက် ပိုမိုတိုးပွားလိုလာပါတယ် ။ ငွေလည်းအက်လိုပါပဲ ငွေကိုငွေနဲ့ လိုက်ခိုင်းတာက ပိုမိုကြီးပွားနိုင်ပြီး အဲ့ငွေတွေကို သေတ္တာထဲ ထည့်သိမ်းထားမယ်ဆိုရင်တော့ လေဖြတ်ပြီး အကြောသေသွားတဲ့ သူတစ်ယောက်လို ဖြစ်နေပါလိမ့်မယ်။

 

(၃)ကိုယ့်ဆီ ဝင်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲချန်ထားပါ ။

 

       ကြိုတင်မမြင် နိုင်တဲ့ အနာဂတ်အတွက် မိမိဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံ ကိုတော့ အမြဲချန်ထား ရပါမယ် ။ ကျန်းမာရေး ၊ လူမှုရေးတွေ ရှိလာတဲ့အခါ ဒီလို ငွေပိုငွေလျှံ တွေကို သုံးစွဲခြင်းက သင့်ရဲ့စီးပွားရေးကို ထိခိုက်စေမှာ မဟုတ်ပါဘူး ။

 

(၄) အလုပ်လုပ်တဲ့ နေရာမှာ လောင်းကစား မဆန်ရပါဘူး ။

 

        စီးပွားရေးမှာ မြတ်ချင်မြတ် ရှုံးချင်ရှုံးဆိုတာမျိုး မလုပ်ရပါဘူး ။ အသိနဲ့ သတိယှဉ်ပြီး ကိုယ်သေချာတာ လောက်ကိုပဲ လုပ်သင့်ပါတယ် ။ မြတ်ရင်တော့ အများကြီးမြတ်မယ် ရှုံးရင်တော့ လုံး၀ကုန်သွားမယ် ဆိုတဲ့အလုပ်မျိုးကို ဘယ်သူ ဘယ်လောက် ကောင်းတယ် ပြောပြော လုံး၀လုံး၀ နားမယောင်သင့်ပါဘူး ။ ကိုယ်တိုင် မပိုင်နိုင် မကျွမ်းကျင်တဲ့ အလုပ်မျိုးဆိုရင် ဘာရင်းနှီးမြုပ်နှံမှု မှလည်း မလုပ်သင့်ပါဘူး။ စီးပွားရေး လုပ်တဲ့ အခါမှာ သူများပြောတာကို မယုံပါနဲ့ ကိုယ်မျက်စိနဲ့ မြင်တာကိုပဲ ယုံပါ ဒါတောင်မှ တစ်ဝက်ပဲ ယုံပါတဲ့

 

(၅)အိမ်ငှားမနေပဲ အိမ်ပိုင်ဖြစ်အောင် ကြိုးစားရပါမယ် ။

 

        ဆိုင်ဖွင့်တယ် ဆိုရင်လည်း ဆိုင်ကိုမငှားပဲ တစ်နိုင်တစ်ပိုင် လောက်ကနေ ဖြစ်ဖြစ် စတင်ကြိုးစား သင့်ပါတယ် ။

စီးပွားရေး လုပ်တဲ့နေရာမှာ ဒီအပေါက်က ငွေအထွက်ဆုံး အပေါက်ပဲ ဖြစ်ပါတယ် ။ ဘာဖြစ်လိုလဲဆိုတော့ အငှားစာရိတ်တွေဟာ ကြာလာရင်သိသာလာပြီး မိမိရဲ့ အမြတ်ကိုပါ ထိပါးလာစေပါတယ် ။ ဒါအပြင်ကိုယ်ပိုင် မဟုတ်တဲ့အတွက် စိတ်လဲ ရှုတ်ရပါသေးတယ် ။ ဒါကြောင့် သေးတာကြီးတာ ပဓာနမဟုတ်ပဲ ကိုယ်ပိုင် ဖြစ်ဖို့က ပိုအရေးကြီးပါတယ် ။

 

(၆)ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။

 

          ကိုယ့်ရဲ့ ဖောက်သည်တွေ ကိုယ်ရဲ့ customer တွေကို လုံး၀မယုံ လိုက်ပါနဲ့ ။ ဘာဖြစ်လိုလဲဆိုတော့ ဒီလို တိုးတက်နေတဲ့ ခေတ်ကြီးမှာ အပြိုင်အဆိုင် ကြိုးစားမှုတွေ ရှိနေတာမို့ customer တွေအနေနဲ့လည်း ကိုယ့်ထက်ကောင်းတဲ့သူ ကိုယ့်ထက်သာတဲ့ သူတွေရှိလာရင် အဲ့ဒီနေရာကို သွားမှာပါပဲ ။ ဒါကြောင့်မို ငါကအတော်ဆုံး ငါကအသိဆုံးဆိုတဲ့ မာန်မာန ကိုချပြီး အမြဲကြိုးစား လေ့လာနေရပါမယ်။

 

(၇)မမျှော်မှန်း နိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှု တွေကို ပြုလုပ်ရပါမယ် ။

 

       စီးပွားရှာတဲ့ နေရာမှာ မတ်တပ်စာအတွက်ပဲ ကြိုးစားရှာဖွေနေလို့ မရပါဘူး တုံးလုံးစာ အတွက်လည်း ကြိုတင်ရှာ ဖွေစုဆောင်းဖို့လိုအပ်ပါသေးတယ် ။ ဒါ့အပြင် လောဘ ၊ ဒေါသ ၊ မောဟ အားကြီးနေရင်လည်း တိုးတက်ပေမဲ့ စိတ်ချမ်းသာ ရမှာမဟုတ်ပဲ အမြဲအတွေးတွေ များပြီး ပူလောင်နေရမှာပဲ ဖြစ်ပါတယ် ။

 

ကိုးကား-ဆရာဖေမြင့် ( ဘေဘီလုံ မှ အချမ်းသာဆုံးပုဂ္ဂိုလ် )

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!