လက်ထဲမှာငွေလေးအနည်းငယ်ပိုနေလို့ အိမ်အပါခြံကွက်လေးတစ်ကွက်ဝယ်လိုက်တာ @

အသိတစ်ယောက် ရင်ဖွင့်လာတာလေး ပြောပြချင်လို့ ၊
“ လက်ထဲမှာ ငွေလေးအနည်းငယ် ပိုနေလို့ အိမ်အပါ ခြံကွက်လေးတစ်ကွက် ဝယ်လိုက်တာ အကျိုးဆောင်တွေလည်းအပါ အရောင်းအဝယ် စရံပေးကတိစာချုပ် အပြီး စရံချလို့လည်း အပြီးမှာ
ရောင်းသူဘက်ကနေပြီး အကြောင်းအမျိုးမျိုး ပြပြီး မရောင်းတော့ဘူးတဲ့လေ နောက်ထပ် သိလိုက်ရတာက ရောင်းတဲ့သူက တခြား ပို ပေးတဲ့သူဆီကို ရောင်းချင်လို့တဲ့လေ ကိုယ်မှာရှိတဲ့ ပိုက်ဆံလေးနဲ့ ကွက်တိမို့ ဝယ်လိုက်တာကို သူက တခြားတစ်ယောက်ဆီ ရောင်းမှာကို ရောင်းချင်ကြောင်း အကျိုးအကြောင်း ဆီလျော်အောင် မပြောဘဲ ဟိုအကြောင်းပြ ဒီအကြောင်းပြမို့ တော်တော်လေး ဒေါသထွက်ရပါတယ်“တဲ့လေ
ပြီးတော့လည်း အိမ်ကိုပါ အနည်းငယ် ဖြိုထားပြီးပြီတဲ့လေ "ကိုယ်ကတော့ အိမ်သိပ်မကောင်းလည်း တခါတလေ နားနားနေနေလာလည်ရအောင်ဆိုပြီး စိတ်ကူးအတွေးလေးနဲ့ ဝယ်လိုက်တာပေါ့ ဘယ်လိုလုပ်ရမလဲ မသိတော့ပါဘူး"တဲ့လေ“
-အိမ် ခြံ မြေ ရောင်းရန် ကတိပြုတဲ့ သူဟာ စရံငွေလက်ခံရယူပြီး ကျန်တဲ့ ငွေ ကို အပြီးအပိုင်ပေး ချေရန် သတ်မှတ်ထားတဲ့ ရက်မတိုင် မီ စာချုပ်ပါ ခြံကွက်ရှိအိမ်ကို ဖျက်သိမ်းထားခြင်းက စရံစာချုပ်ပါ ပဋိညာဉ်ကို ဖောက်ဖျက်ရာ ရောက်တယ်။
ရွေ့ပြောင်းလို့မရတဲ့ အရာဖြစ်တဲ့ အိမ် ခြံ မြေကို ဝယ်ယူရာမှာ ပဋိညာဉ်ပြုလုပ်တဲ့ ဝယ်သူက စရန်ငွေကို ပေးထားရာ အပြီးသတ် ဆောင်ရွက်ရန် အချိန်စေ့ ရောက်လာတဲ့အခါ ရောင်းသူက အပြီးသတ် ဆောင်ရွက်ရန် ပျက်ကွက်ခဲ့မယ်ဆိုလျှင် ဝယ်သူက -
-ပဋိညာဉ်ကို ဖျက်သိမ်းသည်ဟု မှတ်ယူ၍ စရန်ငွေကို ရလိုကြောင်း စွဲဆိုနိုင်ပါတယ်
( ဒါမှမဟုတ် )
-ပဋိညာဉ်ကို ဆက်လက် အတည်ဖြစ်သည်လို့ မှတ်ယူပြီးတော့
ပဋိညာဉ်ကို ချိုးဖောက်သည့် အတွက် နစ်နာကြေး ရလိုမှုနဲ့စွဲဆိုနိုင်သလို ပဋိညာဉ်အတိုင်း ဆောင်ရွက်ပေး စေရန်လည်း စွဲဆိုနိုင်တယ်။
ကျွန်မက သိသလောက် အဲဒီလိုလည်း ပြောပြလိုက်ရော ဘာလုပ်ရမှန်းမသိတဲ့ ကျွန်မမိတ်ဆွေက ပျော်ပြီး ကျေးဇူးတင်တော့တာပဲရှင့်။
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...