အိမ် မြေ ကိုဝယ်ရင် ၊ တရားဝင် ဝယ်ယူခြင်း မြောက်အောင် ဘာတွေ လုပ်ရမလဲ ?

အိမ် မြေ ကိုဝယ်ရင် ၊  တရားဝင် ဝယ်ယူခြင်း မြောက်အောင် ဘာတွေ လုပ်ရမလဲ ?

         အိမ် မြေ ကိုဝယ်ရင် ၊  တရားဝင် ဝယ်ယူခြင်း မြောက်အောင် ဘာတွေ လုပ်ရမလဲ ?
မရွှေ့ မပြောင်း နိုင်တဲ့ အိမ် မြေ ကိုဝယ်ရင် ၊  တရားဝင် ဝယ်ယူခြင်း မြောက်အောင် ဘာတွေ လုပ်ရမလဲ ဆိုတာ ဥပဒေမှာ ပြဋ္ဌဌာန်း ထားတယ် ။


        အဲ့ဒီ ဥပဒေမှာ ပါတဲ့ အရေးကြီးတဲ့ အချက်အလက် တွေကို ဖော်ပြ ပေးလိုက် ပါတယ်........
( ၁ ) စာချုပ် ချုပ် ရမယ် ။
( ၂ ) ဝယ်ယူတဲ့ တန်ဖိုး အလျောက် တံဆိပ်ခေါင်း ထမ်းဆောင် ရမယ် ။
( ၃ ) စာချုပ် မှာ ရောင်းသူနဲ့ဝယ်သူတို့လက်မှတ် ထိုး ရမယ် ။
( ၄ ) သက်သေ ( ၂ )ယောက် လက်မှတ်ရေး ထိုးရမယ် ။
( ၅ ) စာချုပ်ကို စာချုပ် စာတမ်း မှတ်ပုံတင် ရုံးမှာ မှတ်ပုံ တင်ကြေး ပေးဆောင်ပြီး မှတ်ပုံ တင်ရမယ် ။
ဒါမှ သာ အပြည့်အဝ ၊  တရားဝင် ၊  ဥပဒေ နဲ့ အညီဝယ် ယူခြင်း ဖြစ်ကြောင်း ၊
ပစ္စည်း လွှဲပြောင်း ခြင်း အက်ဥပဒေ ၊
စာချုပ် စာတမ်း မှတ်ပုံတင် အက်ဥပဒေ ၊ အခွန်တော် ခေါင်းအက် ဥပဒေ ၊  ပဋိညာဉ် အက်ဥပဒေ တွေမှာ ပြဋ္ဌဌာန်း ထားတယ် ။


           ဒီလို မှတ်ပုံတင် စာချုပ် နဲ့ ဝယ်ယူ ပြီးနောက်  -
*  ပြန် လည် ရရှိလာ တဲ့ မှတ်ပုံတင် စာချုပ် နဲ့ သက်ဆိုင်ရာ မြေစာရင်း ၊  မြို့တော် စည်ပင် ဌာနမှာ  မိမိ ဝယ်ယူတဲ့ မြေအမျိုး အစား အလျောက် အမည်ပြောင်း ၊
ဂရန် အမည်ပေါက်  ဖောက်ပေးဖို့ ဆက်လက် လုပ်ဆောင် ရပါတယ် ။
ဘိုးဘွားပိုင် မြေ ဆိုရင် မိမိအမည် နဲ့ ဂရန်မြေ ဆိုရင် မိမိအမည် ပေါက်ဂရန် စာချုပ် နဲ့ အတူ မြေစာရင်းပုံစံ (၁၀၅)မြေပုံ၊ မြေစာရင်းပုံစံ(၁၀၆)မြေရာဇဝင် ထွက်လာ ပါမယ်။


               ဒါ ဆိုရင် မိမိကဝယ်ယူတဲ့ အိမ် မြေ ရဲ့ ပိုင်ရေး ဆိုင်ခွင့်ကို သက်သေ ခံစာချုပ် စာတမ်းများ နဲ့ အတူ ပိုင်ဆိုင် တယ်လို့ မှတ်ယူပါတယ် ။ အပြည့် အဝ တရားဝင် ဥပဒေ နဲ့ အညီဝယ်ယူ ခြင်းဟာ အပြည့်အဝ တရားဝင် ပိုင်ဆိုင် ခွင့် ရရှိစေပါတယ် ။
ကိုယ် ဝယ်ယူထား တဲ့ အိမ်မြေက နင်ထုတ် လို့မရဘူး ။ သူများ ကျူးကျော် ဝင်ရောက်လို့ မရဘူး ။
ကိုယ် သေရင် ကိုယ့် ရဲ့ အမွေခံများ ဆက်ဆံခွင့် ရကြ တယ် ။
မသက်ဆိုင် သူများကို အိမ်မြေက နှင်ထုတ် လို့ရတယ် ။
ကိုယ်က အခြား သူကို လွှဲပြောင်း ရောင်းချ လို့ရတယ် ။
နောက်ဝယ် တဲ့သူဟာ တရားဝင် ပိုင်ဆိုင် ခွင့်ရတယ် ။ 

        အရပ်ကတိ စာချုပ် နှင့်  ဝယ်ယူခြင်း
အိမ်မြေ တွေကို အရပ်စာချုပ် နဲ့ ဝယ်ခြင်း ဟာ အပြည့်အဝ ဆောင်ရွက်ခြင်း ၊  ဝယ်ယူခြင်း မဟုတ်ဘူး ။  တရားဝင် ဝယ်ယူခြင်း မမြောက်ဘူး ။
အကြောင်း က - ( ၁ ) စာချုပ်ဟာ မှတ်ပုံတင် စာချုပ် မဟုတ်ဘူး ။   အရပ် စာချုပ်။
( ၂ )  တံဆိပ် ခေါင်းခွန် ထမ်းဆောင် မထားဘူး ။
( ၃ ) စာချုပ်ကို မှတ်ပုံ တင်ကြေး ပေးပြီး မှတ်ပုံတင် ရုံးမှာ မှတ်ပုံတင် မထားဘူး ။ 
ရုံးမှာ စာချုပ် မရှိဘူး ။
( ၄ )  မြေစာရင်း နဲ့ စည်ပင် ဌာနမှာ မိမိအမည် ပြောင်း လျှောက်ထား လို့မရဘူး ။ မိမိ အမည်ပေါက် နိုင်ဘူး ။  ဂရန် မရနိုင်ဘူး ။

 ( ၅ ) မြေပုံ ၊  မြေရာဇဝင် မှာ မိမိအမည် မပေါက်ဘူး ။


           ဒီလို အရပ် စာချုပ် နဲ့သာ ဝယ်ယူထား ခြင်းကို  - တစ်ပိုင်း တစ်စ ဆောင်ရွက်ခြင်း ”  PART PERFORMANCE  လို့ခေါ်တယ် ။အပြည့်အဝ ဆောင်ရွက် ထားခြင်း မဟုတ်တဲ့ အတွက် ပိုင်ဆိုင်ခွင့် မရနိုင်ဘူး ။  တစ်ပိုင်းတစ်စ အခွင့်အရေး သာရနိုင်တယ် ။
မြေ ရဲ့ ပိုင်ဆိုင်ခွင့် အကြောင်း တရားရုံးမှာ အရေးဆို လို့မရဘူး ။ အကြောင်းကတော့ တရားဝင် ဝယ်ယူခဲ့ ခြင်းမဟုတ် လို့ တရားဝင်ပိုင်ရေး ဆိုင်ခွင့် မရဘူး ။


          ပိုင်ရေး ဆိုင်ခွင့် ကို အကြောင်းပြု ပြီးတော့ အိမ် မြေ အပေါ် ကျူးကျော်သူကို နင်ထုတ်လို့ မရဘူး ။
ကိုယ်က အခြားသူ ကို တရားဝင် ပြန်လည် ရောင်းချ လို့ မရဘူး ။
ရောင်းချခဲ့ ရင်လည်း ဝယ်သူဟာ တရားဝင်ပိုင် ရှင်အဆင့် မရနိုင်ဘူး ။
ဒါပေမဲ့ ရောင်းသူက ကိုယ့်ကို ဒီမြေ ပေါ်ကနှင်ထုတ် လိုမှု ဆိုလာ ရင်တော့  -
သူနဲ့ ကိုယ်နဲ့ ချုပ်ဆိုထားတဲ့ အရပ်ကတိ စာချုပ်ကို ရုံးတော်ကို တင်ပြပြီး ( ဒိုင်း )အဖြစ် ခုခံ ကာကွယ် နိုင်တယ် ။ ကိုယ့်ကို နင်ထုတ်လို့မရဘူး။


           ဒါကြောင့် တစ်ပိုင်း တစ်စ ဆောင်ရွက်ခြင်း ၊  ဝယ်ယူခြင်း ဟာ ဓားအဖြစ် ထိုးခုတ်လို့ မရဘူး ။ ဒိုင်း အဖြစ်သာ ခုခံ ကာကွယ်နိုင်တယ်။ ( PART PERFORMANCE IS A SHIELD, NOT A SWORD) လို့ ဥပဒေ ဆိုရိုး စကားရှိ ပါတယ် ။ ဒါက ဥပဒေ ပြဋ္ဌဌာန်း ချက်ကို တင်ပြ လိုက်ပါတယ်

Credit - ဥပဒေရေးရာ
 

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate