စာချုပ် အကြောင်း သိကောင်းစရာ

စာချုပ် အကြောင်း သိကောင်းစရာ

          စာချုပ် အကြောင်း သိကောင်းစရာ
       °°°°°°°°°°°°°°°°°°°°°°°°°°°°°°
    အမှန်အားဖြင့် စာချုပ်စာတမ်း တစ်ရပ်ကို မည်သည့် 

    အချက်အလက် အင်္ဂါရပ်များနှင့် ပြည့်စုံစွာ ရေးသား

    ချုပ်ဆိုရမည်ဟု ပြဋ္ဌာန်းထားခြင်း မရှိပါ ။ အရောင်း

    အဝယ် ကတိ စာချုပ် ချုပ်ဆို ခြင်းသည် ပဋိညာဉ် ဖွဲ့

    ခြင်း ဖြစ်၍ ပဋိညာဉ် အက်ဥပဒေအရ တရားဝင် ပဋိညာဉ်

    မြောက်ရန် လိုအပ်သော အင်္ဂါရပ်များနှင့် ပြည့်စုံရန် သာ 

    လိုအပ်ပါသည် ။

 

    သို့ရာတွင် ဥပဒေအရ အသိသက်သေ  လက်မှတ် 

    ရေးထိုးရန် လိုအပ်သည့် စာတမ်း အမှတ်အသားကို 

    ယင်း လိုအပ်ချက် အတိုင်း အသိသက်သေများက 

    လက်မှတ် ရေးထိုးမှသာ တရားဝင်မည် ဖြစ်သည်။

 

    သို့ဖြစ်၍ စာချုပ်စာတမ်း တစ်ခုသည် ဥပဒေ ပြဋ္ဌာန်း 

    ချက်နှင့် အညီ အသိသက်သေများက လက်မှတ်ရေးထိုး 

    ထားခြင်း မရှိက ယင်း စာတမ်း အမှတ်အသားကို ချုပ်ဆို

    ကြောင်း ဝန်ခံစေကာမူ တရားဝင်သည့် စာတမ်း အမှတ်

    အသား ဖြစ်မလာနိုင်ပါ ။

 

     စာချုပ်များ ရေးသားရန် အကြောင်း ကိစ္စများ ပေါ်ပေါက်

     လာတိုင်း ရပ်ထဲ ရွာထဲရှိ လူရည်လည် သူများ ၊ စာချုပ် 

     ရေးဖူးသူများ ၊ ရုံးပြင် ကန္နားရှိ ပုဂ္ဂိုလ်များနှင့် နီးနီးကပ်ကပ် 

     ရှိသူများကို အများအားဖြင့် အကူအညီတောင်း ဆောင်ရွက် 

     လေ့ ရှိကြသည် ။ 

 

     ထိုသို့ ဆောင်ရွက် ချုပ်ဆိုသူများ ရှိသကဲ့သို့ အချို့သော 

     စီးပွားရေးသမားများက စာချုပ် တံဆိပ်တော်ခေါင်း စာရွက်ပေါ်

     တွင် စရံပေး စာချုပ် ၊ အရောင်းအဝယ် စာချုပ် ၊ သဘောတူ

     ကတိ စာချုပ် စသည်ဖြင့် စာချုပ်ပုံစံ အမျိုးမျိုးကို လိုရင်း 

     အကျဉ်းချုပ် ရေးထားပြီး ထိုစာချုပ်ပေါ်တွင် အမည် ၊ မှတ်ပုံတင် ၊

     နေရပ်လိပ်စာ ၊ တန်ဘိုး စသည် တို့လောက်သာ ဖြည့်သွင်း 

     ရသည့် အသင့် ရိုက်နှိပ်ထားပြီး စာချုပ်များကို စတိုးဆိုင် 

     အတော် များများတွင် ဝယ်ယူ ချုပ်ဆိုကြသည်လည်း ရှိကြ

     ပါသည် ။ 

 

     ပုံစံ စာချုပ်များသည် စာချုပ် ရေးသားရန် ခက်ခဲနေသူများ ၊ 

     မည်သို့ မည်ပုံ ရေးသား ရမည်ကို နကန်း တစ်လုံး မသိသူများ

     အတွက် အသုံးတည့်သည့် သဘော ရှိသော်လည်း 

     ကိစ္စရပ်တိုင်း အတွက် အသုံးတည့် ၊ လုံလောက်မှု မရှိသည်ကို 

     မိမိ ဉာဏ်ဖြင့် စဉ်းစား ဆင်ခြင် ကြစေ လိုပါသည် ။ 

 

     အရောင်းအဝယ် စာချုပ် ချုပ် ဆိုကြခြင်းသည် သဘောတူ

     ကတိ စာချုပ် ချုပ်ဆိုခြင်း ဖြစ်ပြီး သဘောတူ ကတိစာချုပ်၏ 

     သဘောမှာ အရောင်းအဝယ် စာချုပ် ပြုလုပ် ချုပ်ဆိုနိုင်ရန် 

     နှစ်ဦးနှစ်ဖက် သဘောတူကြသည့် အချက်များကို ကတိပြု 

    ချုပ်ဆိုသော စာချုပ် တစ်ရပ်ဖြစ်သည့် အတွက် စည်းကမ်းချက်များ ၊ 

    ဝန်ခံချက်များ ၊ သဘောတူညီချက်များ သူ့နေရာနှင့်သူ လက်ရှိ

    ဆောင်ရွက်မှုများ အတိုင်း အစီစဉ်တကျ ပါဝင်အောင် ချုပ်ဆို 

    သင့်သည် ။ 

 

    ပြဿနာများ မတက်ရန် စာချုပ်များ ချုပ်ဆို နေကြသည့် 

    ကြားမှာပင် ပြဿနာများ တက်နေကြခြင်းမှာ များသော  

    အားဖြင် စာချုပ် ချုပ်ရာတွင် အထက်က ဆိုခဲ့သည့် အတိုင်း 

    မချုပ်ဆိုကြသည့် အတွက်ကြောင့် ဖြစ်ရသည်က များပေသည် ။

 

     အိမ် အပေါင်ခံခြင်းအား အိမ်ရောင်းသည်ဟု စာချုပ်ချုပ်သူက 

     ချုပ် ၊ ငွေချေး ငှါးသည်ကို ငွေအပ်နှံသည်ဟု စာချုပ်ချုပ်

     သူက ချုပ် ၊ အမှန်တကယ် ငွေမပေးပါပဲလျက် စာချုပ်တွင် 

     ငွေချေးသည် ဟုလည်းကောင်း ငွေလက်ခံ ရရှိပါသည် ဟုလည်း

     ကောင်း အမျိုးမျိုး ချုပ်ဆို နေကြသည်ကို တွေ့မြင်နေကြရသည်။

 

     ပြဿနာ မဖြစ်လျှင် ကိစ္စ မရှိသော်လည်း တစ်စုံတစ်ရာ ပြဿနာ 

     ပေါ်ပေါက် လာပါက ဟန်ဆောင် စာချုပ် အဖြစ် ပေါ်လွင်သွားလျှင် 

     ဖွတ်မရ ၊ ဓားမဆုံး အဖြစ်သို့ ရောက်ရှိ သွားနိုင်သဖြင့် စာချုပ်ချုပ် 

     ဆိုပေးသူ ပညာရှိများက မှန်မှန်ကန်ကန် ချုပ်ဆိုပေးကြရန် အထူး

     လိုအပ်ကြောင်း တိုက်တွန်း အပ်ပါသည် ။ 

 

     စာချုပ်များ ချုပ်ဆို ကြရာတွင် အသိသက်သေသည် မပါမဖြစ်

     ပါရှိရမည့် ကိစ္စရပ် ဖြစ်ပြီး ကတိပြုသူ ၊ ကတိ ရသူများ အပြင်

     အသိသက်သေများပါ စာချုပ်တွင် ပါဝင် လက်မှတ် ရေးထိုးကြရာ

     အဆိုပါ အသိသက်သေများသည် ကတိပြုသူ ၊ ကတိရ သူတို့၏ 

     ကတိပြုချက် ၊ သဘောတူချက် ၊ အာမခံချက် ၊ စည်းကမ်းချက် 

     စသည်တို့ကို အမှန်တကယ် သိရှိထားရန်လည်း လိုအပ်သည် ။

 

      ကာယကံရှင်များ သဘောတူ ချုပ်ဆိုသည့် အချက်များကို သိရှိ 

     သဘောပေါက် ပြီးနောက် လက်ခံသော အခါတွင်မှ အသိသက်သေ 

     နေရာတွင် ပါဝင် လက်မှတ် ရေးထိုး စေသင့်ပါသည် ။ အဘယ်ကြောင့်

    ဆိုသော် တစ်စုံတစ်ရာ ပြဿနာ ပေါ်ပေါက်လာသောအခါ ကြုံကြိုက် 

    သက်သေ တစ်ဦး၏ ထွက်ဆိုချက်သည် လွန်စွာ တန်ဘိုး နည်းပါးသော

    ကြောင့် ဖြစ်သည် ။ သို့ဖြစ်၍ စာချုပ် ချုပ်ဆို ရာ၌ ချုပ်ရ ကျိုးနပ်စေရန်နှင့် 

    တိတိကျကျ ထိထိမိမိ ဖြစ်စေရန် ဖြစ်သလို ၊ ကြုံသလို မလုပ်မိ ကြစေရန် 

     ၊ မချုပ်မိ ကြစေရန် ရေးသားရခြင်း ဖြစ်ပါသည် ။

 

 

Credit (  ဥပဒေရေးရာ )

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate