""စာချုပ် Back date ချုပ်ဆိုမှုဖော်ထုတ်ခြင်း""
""စာချုပ် Back date ချုပ်ဆိုမှုဖော်ထုတ်ခြင်း""
အဓိကစစ်မေးခြင်း
ကျနော့်အနေဖြင့်ပထမအိမ်ထောင်နှင့်
၁၉၉၄ခုနှစ်အိမ်ထောင်ကျပြီး သားတစ်
ယောက်၊သမီးတစ်ယောက်ရှိခဲ့ပါတယ်။
၂၀၀၈ ခုနှစ်မှာတော့ မအေးခင်နှင့်
ထပ်မံအိမ်ထောင်ပြုခဲ့ပြီး မိန်းမနှစ်
ယောက်လုံးကိုပေါင်းသင်းခဲ့တာဖြစ်ပါတယ်။
မအေးခင်နှင့်ရပ်ကွက် ရုံးမှာ ၃.၁၀.၂၀၀၈
ရက်နေ့ကလက်မှတ်ထိုးထားတဲ့စာချုပ်
ရှိပါတယ် ။ ထိုလက်ထပ်စာချုပ်မူရင်းကို
သက်သေခံတင်ပြရာတရားရုံးတော်မှ
သက်သေခံ ၁ အဖြစ် လက်ခံသည်။
ကျနော်ကမြန်မာ့ဓလေ့ထုံးတမ်းအရ
မိန်းမ နှစ်ယောက်ယူတာအပြစ်မရှိပါကြောင်း
ထွက်ဆိုပါတယ်။
ပြန်လှန်စစ်မေးခြင်း
ကျနော် နောက်မိန်းမယူတုန်းက
တစ်လင်တစ်မယားစနစ်ဥပဒေ
ပြဌာန်းခြင်းမပြုခင်ကယူတာ
လို့ ပြောချင်တာလား- မှန်ပါသည်။
- ကျနော် ပထမ မယားအိမ်မှာဘဲ
နေတယ် ဆိုလျှင် မှန်ပါတယ်
- ဒုမယားမအေးခင်ကတော့
သူ့အဖေအိမ်မှာ ဘဲနေတယ်ဆိုက
မှန်ပါတယ်။
- ကျနော်နှင့်မအေးခင်လက်ထပ်
စာချုပ်လုပ်တာတော့ လက်ရှိရွာမှာ
မဟုတ်ဘဲ ------- ရွာမှာသွားလုပ်
တယ်ဆိုရင် မှန်ပါတယ်။
------- ရွာက ရယက ဥက္ကဌက
ကျနော့် ဦးလေးအရင်းဆိုက
မှန်ပါသည်။
ကျနော်နှင့်မအေးခင်လက်ထပ်
သည်ကို မယားကြီး ဒေါ်မြအေး
မသိရှိဆိုလျှင် သိပါသည်။
သူသဘောတူလို့ လက်ထပ်ခြင်း
ဖြစ်ပါသည်။
သက်သေခံအမှတ်၁ လက်ထပ်စာ
ချုပ်ကြည့်ပါအူး လက်ထပ်တဲ့
နေ့က ၃.၁၀.၂၀၀၈ မှန်တယ်နော်
မှန်ပါတယ်။ ကျနော်ထွက်ဆိုတုံး
ကလဲ ဒီရက်စွဲဘဲလေ။
ဟုတ်တာပေါ့-- သက်သေခံ-၁
ဆက်ကြည့်ပါအုံး စာချုပ်တံဆိပ်
ခေါင်းမှာ -
ပြည်ထောင်စုသမ္မတမြန်မာနိင်ငံတော်
ရေးထားတယ်ဆိုလျှင်--မှန်တယ်။
တွေ့တယ်။
- ကျနော်တို့ ၂၀၀၈ ခုနှစ်၊လက်ထပ်တုံးက
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တံဆိပ်နဲ့ စာချုပ်ခေါင်းမပေါ်သေးတာ
သိလားဆိုလျှင်-- မသိဘူးဗျ--
ဆရာ minmoezaw ရေးသားထားခြင်းအား
ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
Credit - ဥပဒေရေးရာ
Related Posts
"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...
လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...