ဟန်ဆောင်စာချုပ် -

ဟန်ဆောင်စာချုပ် -

  ဟန်ဆောင်စာချုပ် -

 

  ကျွန်တော်တို့၏ လူမှုအသိုင်းအဝိုင်းတွင် ငွေချေးငှားခြင်း

  ကို  ခိုင်မာအောင် ပြုလုပ်နိုင်ရန် ရည်ရွယ်၍ ငွေရှင် နှင့် 

  ငွေချေးသူတို့သည် အမျိုးမျိုးသော စာချုပ်များအား 

  ပြုလုပ် ချုပ်ဆိုနေကြသည်ကို တွေ့မြင်နေရပါသည် ။

 

  ထိုစာချုပ်များထဲတွင် အိမ် မြေ ၊ စသည်တို့ကို 

  အပေါင်စာချုပ် ချုပ်ဆိုရမည့် အစား အရောင်းစာချုပ်

  ပြုလုပ်၍ လက်မှတ်ထိုးထားသည့် စာချုပ်များ ၊ 

  စာချုပ်စာတမ်းရုံးတွင် မှတ်ပုံတင်နိုင်ရန် 

  အထူးကိုယ်စားလှယ်စာ ၊ အထွေထွေ ကိုယ်စားလှယ်စာနှင့် 

  ပစ္စည်းကိုပါ လက်ရောက် ရယူထားသည့် အရောင်းအဝယ်

  စာချုပ်များ စသည်ဖြင့် ငွေချေးငှားခြင်းအား ဖုံးကွယ်၍ 

  ဟန်ဆောင်စာချုပ်များအား နည်းမျိုးစုံဖြင့် 

  ပြုလုပ်လေ့ရှိကြသည် ။

 

   တနည်းဆိုရသော် ဥပဒေအား လက်တစ်လုံး ခြားသည့်

   စာချုပ်များကို ပြုလုပ်ချုပ်ဆိုလေ့ ရှိကြပါသည် ။

  ထိုသို့ အိမ် ခြံ မြေ ကို အရာင်းအဝယ် ပုံစံ ပြုလုပ်၍ 

  ငွေချေးငှားသည့် ကိစ္စများမှာ ဥပဒေနှင့် ညီညွှတ်

  မှန်ကန်မှု မရှိသဖြင့် မမှန်မကန်သော နည်းလမ်းဖြင့်

  ဆောင်ရွက်၍ အိမ် ၊ မြေကို လက်ရောက်

  ရယူထားသည့် ( သို့ ) အိမ် မြေနှင့် ပတ်သက်သော 

  စာရွက်စာတမ်းများကို လက်ရောက် ရယူထားသည့်

  ငွေချေးပေးသူတို့သည် တရားရုံးတွင် အမှု  ရှုံးနိမ့်မည်သာ

  ဖြစ်သည် ။

 

  စာချုပ်တစ်ခုသည် အကျိုး သက်ရောက်စေရန် 

  ရည်ရွယ်ချက် မရှိ ၊ ဟန်ဆောင်စာချုပ်မျှသာ ဖြစ်ခဲ့လျှင် ၊ 

  ( သို့ ) ငွေတိုးချသူတို့  အက်ဥပဒေတွင် ပညတ်ထားသည့် 

  ကိစ္စများကို ကွင်းရှောင် ကျော်နင်းရန် ရည်ရွယ်ချက်ဖြင့်

  ပြုလုပ်ခဲ့လျှင် ထိုစာချုပ်သည် တရားဥပဒေအရ ပဋိညာဉ် 

  မြောက်သည့် သဘောတူစာချုပ် မဟုတ်ချေ ။

 

   ဟန်ဆောင်ချုပ်ဆိုခဲ့သည့် စာချုပ်နှင့် ပတ်သက်၍ 

   နုတ်သက်သေခံချက် တင်ပြခွင့်အား ဥပဒေက 

   ခွင့်ပြုထားသဖြင့် မူလ ငွေချေးငှားစဉ်က ပြုသမျှ နုပြ၍ 

   အလိုလိုက် အကြိုက်ဆောင်ခဲ့သော ငွေချေးယူသူသည်

   စာချုပ်မှာ ဟန်ဆောင် ဖြစ်ကြောင်း ၊ ငွေချေးငှားခြင်း

   ဖြစ်ကြောင်း အကြောက်အကန် ငြင်းဆန်ပါတော့သည် ။

   ထိုအခါ မူလငွေရှင်သည် ဖွတ်မရ ဓါးမရှုံးသည့် 

   ကိန်းဆိုက် ရပါတော့သည် ။

 

   အောက်တွင် ၂၀၁၂ ( စာ ၁၂၇ ) စီရင်ထုံးကို 

   ပူးတွဲ ဖော်ပြလိုက်ပါတယ် ။

 

  Credit (  ဥပဒေရေးရာ )

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate