ငွေချေး လိုပါသည် ခိုင်မာအောင် ဘယ်လို စာချုပ်ချုပ် သင့်ပါသလဲ ။
ငွေချေး လိုခြင်းသည် အကြောင်းအရာ ( ၃ )
ရပ်အပေါ် အခြေခံ မှုတည်ပါသည် ။
၎င်း အကြောင်းအရာ များမှာ
( ၁ ) အတိုး လိုချင်၍ ချေးခြင်း
( ၂ ) အလွန်ခင်မင် ရင်းနှီးသည့် မိတ်ဆွေ
ငွေကြေး အခက်အခဲ ဖြစ်နေသဖြင့်
ကူညီပေးခြင်း
( ၃ ) အတိုးလဲရ မိတ်ဆွေဖြစ်သူ ကိုလည်း
ကူညီလိုခြင်း တို့ဖြစ်ပါသည် ။
( ၁ ) ငွေတိုးရလို၍ ချေးခြင်းသည် မိမိအနေဖြင့်
ငွေတိုးချေးစားခွင့် လိုင်စဉ်မရှိဘဲ ချေးငှားနိုင်သူ
မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိဖို့လိုပါသည်။
ထိုသို့ လိုင်စဉ်မရှိဘဲ ငွေတိုး ချေးစားခြင်းကို
လုပ်ငန်းတစ်ခု အနေဖြင့် လုပ်ကိုင်လျှင် မိမိအနေဖြင့်
တရားစွဲ၍ ငွေရလိုမှု စွဲဆိုနိုင်မည် မဟုတ်ပါ ။
အပေါင်ပစ္စည်း တစ်ခုခုကို လက်ခံ၍ ချေးငှားခြင်း
ဖြစ်ပါကလဲ အပေါင်ခံခွင့် မရှိသဖြင့် အပေါင်အဖြစ်
လက်ခံထားသော ပစ္စည်းရှိ စေကာမူ ဆုံးရှုံးမှုဖြစ်
ပေါ်နိုင်ပါသည် ။ ငွေချေးခြင်း အပေါင်ခံ
ခြင်းများကို ဘဏ်များကသာ တရားဝင် လုပ်ခွင့် ရှိ
ပါသည် ။ မိမိတွင် လုပ်ခွင့်မရှိသော ကိစ္စကို
ဆောင်ရွက်ခြင်းသည် ကံစမ်းခြင်း မျိုးဖြစ်၍
အဆင်ပြေလျှင် အတိုးအရင်း မျိုးမျိုးမြတ်မြတ်
ရနိုင်သော်လည်း ၊ အဆင်မပြေလျှင် အတိုးရော
အရင်းပါ ဆုံးရှုံး နိုင်ပါသည် ။
စာချုပ် စာတမ်း မျိုးစုံဖြင့် ပြုလုပ်ကြသော်လည်း
ဟန်ဆောင် စာချုပ်များသည် တရားမဝင်သဖြင့်
အကျိုးမများနိုင်ပါ ။ ငွေတိုး ချေးစားခြင်းကို တရားဝင်
လုပ်ကိုင်လိုပါက သက်ဆိုင်ရာ ငှာနများတွင် လိုင်စဉ်
လျှောက်ထားခွင့် ရှိပါသည် ။
ထိုသို့ မဟုတ်ဘဲ ဥပဒေအား လက်တစ်လုံးခြား
ပြုလုပ်လိုလျှင် ထိုကိစ္စမျိုးအတွက် ခိုင်မာသော
စာချုပ်ဆိုသည်မှာ မရှိနိုင်ပါ ။
( ၂ ) အလွန်ခင်မင် ရင်းနှီးသည့် မိတ်ဆွေ ငွေကြေး
အခက်အခဲ ဖြစ်နေသဖြင့် ကူညီပေးခြင်း အတိုးမယူဘဲ
ချေးပေးခြင်း ဖြစ်ပါက ငွေယုံကြည် အပ်နှံခြင်း
စာချုပ်ဖြစ်စေ ၊ ခေတ္တခဏငွေချေးငှားခြင်း စာချုပ်
ဖြစ်စေ ပြုလုပ်၍ ချေးငှား နိုင်ပါသည် ။ သို့သော်
မိမိ၏ မိတ်ဆွေတွင် အိမ်ထောင်ရှိလျှင် လင်နှင့်မယား
နှစ်ဦးစလုံးကို လက်မှတ်ရေးထိုး ခိုင်းသင့်ပါသည် ။
နူတ်ဖြင့် ချေးပေးခြင်း ၊ လွယ်လွယ် ချေးပေးခြင်း
မျိုးမပြု လုပ်သင့်ပါ ။ ထိုသို့ အထောက်အထားမဲ့
ချေးပေးခြင်းသည် မိတ်ဆွေဖြစ်သူက မိမိအပေါ်
စိတ်ပြောင်းအောင် ၊ ကတိမတည်အောင် မိမိက
တွန်းပို့ပေးနေခြင်း သာဖြစ်ကြောင်း သတိချပ်
စေလိုပါသည်။ လူအတော် များများသည် မူလက
လိမ်လည်ရန် ၊ ချေးငွေအား ပြန်မဆပ်ရန်
ရည်ရွယ်ချက် မရှိသော်လည်း နောက်ပိုင်းတွင်
စာချုပ် စာတမ်းမရှိခြင်း ၊ အလွယ်ပြု လုပ်ထားခြင်း ၊
ခိုင်မာသော ကတိကဝတ် မရှိခြင်း တို့ကြောင့်
ငွေကြေး မပြေလည် သည့်အခါ စိတ်ပြောင်း
သွားလေ့ ရှိပါသည် ။ ခိုင်မာသော စာချုပ်
စာတမ်းများ ပြုလုပ်ထားခြင်းသည် မိမိ၏
မိတ်ဆွေဖြစ်သူက ကတိမတည်သူ ၊ လိမ်လည်သူ
မဖြစ်စေရန် ကူညီပေးရာ ရောက်ပါလိမ့်မည် ။
( ၃ ) အတိုးလဲရ မိတ်ဆွေဖြစ်သူ ကိုလည်း ကူညီလိုခြင်း -
ငွေတိုးချေးစားခွင့် လိုင်စဉ်သည် ငွေတိုးချေးစားခြင်းကို
လုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်မှသာ လိုအပ်ပါသည် ။
မိမိသည် ငွေတိုးချေးစားခြင်းကို လုပ်ငန်းတစ်ခုအနေဖြင့်
လုပ်ကိုင်နေခြင်း မဟုတ်ဘဲ မိတ်ဆွေဖြစ်သူ ကိုလည်း
ကူညီရင်း အတိုးလဲရလို၍ တစ်ခါတစ်ရံ ငွေချေးငှား
ခြင်းသည် ပြုလုပ်ပိုင် ခွင့်ရှိသော ကိစ္စရပ် ဖြစ်ပါသည် ။
ထိုသို့ပြု လုပ်ခွင့် ရှိကြောင်း စီရင်ထုံးများလဲ ဖော်ပြဖူး ပါသည် ။
ခေတ္တခဏ ငွေချေးငှား ခြင်းစာချုပ်ဖြစ်စေပြုလုပ်၍
ချေးငှား နိုင်ပါသည် ။ သင့်တော်သော အတိုးကို ထည့်သွင်း
ချုပ်ဆို၍ ရပါသည်။ အဓိကကျသည်မှာ ငွေတိုး ချေးစားခြင်းကို
လုပ်ကိုင်သည့် သဘော မသက်ရောက်စေရန် လိုအပ်ပါသည် ။
ကျန်သည့်ကိစ္စရပ်များမှာ အထက်အပိုဒ် (၂)ပါအတိုင်း
ပင်ဖြစ်ပါသည် ။ သူတစ်ပါးအား ငွေချေးငှားခြင်းသည်
ဆုံးရှုံးနိုင် ခြေများသည့် ကိစ္စ တစ်ရပ်ဖြင့်၍ လုပ်သင့်
မလုပ် သင့်ကို သေချာစွာ စဉ်းစား သင့်ပါသည် ။
ထိုသို့စဉ်းစားပြီးနောက် ပြုလုပ် မည်ဆိုပါကလည်း
စာချုပ်ချုပ်တမ်း ခိုင်ခိုင်မာမာဖြင့် ပြုလုပ်သင့်ကြောင်း
အကြံပြု မျှဝေ အပ်ပါသည် ။
Credit
ဆက်လက်ဖော်ပြပါမည်။
Related Posts
ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...
စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...