ချေးငွေ ရလိုမှု တရားစွဲဆိုနည်း

ချေးငွေ ရလိုမှု တရားစွဲဆိုနည်း

ချေးငွေ ရလိုမှု တရားစွဲဆိုနည်း

======================

   ချေးငွေ ရလိုကြောင်း စွဲဆိုမှုတွင် ရလိုသော ချေးငွေပေါ်တွင် ငွေပမာဏ အလျောက် ထမ်းဆောင်ရသည်။

 

     တရားလိုက သက်သေပြရန် အချက်များ

------------------------------------------------

 

၁ ။ တရားပြိုင်သည် တရားလိုထံမှ ငွေချေး ယူကြောင်း ၊ 

၂ ။ တရားပြိုင်သည် တရားလိုအား ချေးငွေကို အကျေအလည် ပေးဆပ်ခြင်း မပြုကြောင်း ၊

      ချေးငွေအတွက် ချုပ်ဆိုသော စာချုပ် ( ဥပမာ အော်ဒီမံစာချုပ် ) အရ စွဲဆိုသော အမှုမျိုးမှာ ငွေချေးစာချုပ် ချုပ်ဆိုရာတွင် ချေးငွေ          အလိုက် ချေးယူသူက တံဆိပ်ခေါင်းပေါ်တွင် လက်မှတ်ရေးထိုး ရသည် ။ ကျသင့်သော တံဆိပ်ခေါင်းပေါ်တွင် လက်မှတ်ရေးထိုး             ခြင်း မပြုလျင် ၄င်းငွေချေးစာချုပ်သည် သက်သေခံ မဝင် ။

( မှတ်ချက်  ။ စာချုပ်ကို ဒဏ်တပ်ရိုက်ပြီး ( တနည်းအားဖြင့် သိမ်းချုပ် လုပ်ပြီး ) သက်သေခံ အဖြစ် လက်ခံခွင့် မရှိ ၊တံဆိပ်ခေါင်း                             ဥပဒေပုဒ်မ ၃၅ ခြွင်းချက် ( က ) )

           

        ထိုအခါ မြီရှင်ဖြစ်သူ တရားလိုသည် ငွေချေးစာချုပ် အပေါ်   မှီငြိမ်းပြု၍ တရားစွဲဆိုခွင့် မရှိ ၊ တရားပြိုင်က ငွေချေးယူကြောင်း           တရားလိုက အခြားနည်းဖြင့် သက်သေထူရသည် ။ ( ဥပမာ ငွေချေးခြင်းကို သိသူအား သက်သေထူခြင်း ) ၊ ငွေချေးစာချုပ်ကို                မှီး၍ တရားစွဲဆိုရာ၌ ငွေချေးစာချုပ်သည် သက်သေခံ မဝင်ကြောင်း တွေ့ရှိရသည့် အခါ တရားလိုအား မူလချေး ငွေရလို                    ကြောင်း စွဲဆိုနိုင်ရန် အဆိုလွှာကို လိုအပ်သလို ပြင်ဆင်စေ၍ စီရင်ဆုံးဖြတ်နိုင်သည် ၊

        (  အေအိုင်အာ ၁၉၂၅ ရန်ကုန် စာ ၂၈၂ မောင်ရွှေမြတ်နှင့် မောင်ဘိုးဆင်း ပါ ၂  )

 

 ပျက်ပြယ်သော ငွေချေးစာချုပ်များ

-----------------------------------------

 

           ငွေချေးသူ ငွေရှင်က ချေးယူသူ မြီစားထံမှ အတိုးနှုန်း ယူရန် မူလက သဘောတူခဲ့ပါလျက် ယင်းအတိုးနှုန်းကို ငွေချေး စာချုပ်တွင် မဖေါ်ပြခဲ့လျှင် စာချုပ် တခုလုံး ပျက်ပြယ်သည် ၊ ယင်းစာချုပ်ကိုသာ မှီခို အားထားကာ ငွေရှင်က တရားစွဲဆိုပိုင်ခွင့် မရှိ ၊

             ( ၁၉၇၁ မတစ ( တရားမ ) စာ ၃၈ ကာစီပရာဆပ် နှင့် ဒလစ်ဆင်း )

          မြီရှင်တစ်ဦးသည် မြီစားထံမှ ချေးငွေ အတိအကျဖြင့် ရေးသားဖေါ်ပြခြင်း ၊ အတိုးနှုန်း ၊ ချုပ်သည့်ရက် စသည် တို့အတွက် ဖြည့်စွက်ခြင်း မပြုဘဲ ကွက်လပ် ထားရှိသည့် အော်ဒီမံစာချုပ်ကို ယူမထားနိုင် ၊ ယင်းသို့ ကွက်လပ်များ ပါသောစာချုပ်မှာ ပျက်ပြယ်သည် ၊

   ( ၁၉၇၀ မတစ စာ ၁၁၆ ကာမလင်ဆင်း ပါ ၂ နှင့် ယူစီပေါလ် )

 

   စည်းကမ်းသတ် ကာလ

  -----------------------------

              သာမန်အားဖြင့် ငွေချေးသည့်နေ့မှ ၃ နှစ် အတွင်း တရားစွဲရမည် ။ ငွေချေးသည့်နေ့မှ  ၃ နှစ် မကုန်မီ ငွေချေးယူသူက စာဖြင့်ရေးသားထားချက် အပေါ်တွင် ၄င်းကိုယ်တိုင် လက်မှတ်ရေးထိုး  ဝန်ခံထားလျှင် ထိုသို့ဝန်ခံ လက်မှတ်ရေးထိုးသည့် နေ့မှစ၍ ၃ နှစ် အတွင်း တရားစွဲဆိုခွင့် ရှိသည် ၊

 

              ငွေချေးသည့်နေ့မှ  ၃ နှစ် မကုန်မီ ငွေချေးယူသူက ကြွေးမြီအတွက် ငွေရင်းအချို့ကို ဖြစ်စေ ၊ အတိုးကို ဖြစ်စေ ၊ ပေးဆပ်ပြီး ထိုသို့ ပေးဆပ်ကြောင်းကို ၄င်းကိုယ်တိုင်စာဖြင့် ရေးသားခဲ့လျှင် သို့မဟုတ် စာဖြင့် ရေးသားထားချက် အပေါ်တွင် ၄င်းကိုယ်တိုင်လက်မှတ် ရေးထိုးခဲ့လျှင် ထိုသို့ ပေးဆပ်သည့် နေ့မှစ၍ ၃ နှစ်အတွင်း တရားစွဲဆိုခွင့် ရသည် ။ ငွေချေးယူသူက ငွေဆပ်ရုံဖြင့် ထိုနေ့မှ စည်းကမ်းသတ်ကာလကို  အသစ်ထပ်မံ ရေတွက်ခွင့် မရချေ

 (၁၉၄၀ ရန်ကုန်စာ ၆၀၃ ယူဆွတ်ကားရဝါး အများနှင့် မစ္စစ်နီမေးရာ ပါ အများ )

 

            ငွေဆပ်ကြောင်း ငွေချေးယူသူက ကိုယ်တိုင်စာဖြင့် ရေးရန် လိုသေးသည် ။ ( လက်မှတ်ရေးထိုးရန် မလို ) သို့မဟုတ် အခြားသူတစ်ဦးက ငွေဆပ်ကြောင်း ရေးသားထားချက်ပေါ်တွင် ငွေချေးယူသူက ကိုယ်တိုင် လက်မှတ်ရေးထိုးရန် လိုသေးသည် ၊

 တရားလိုသည် ငွေတိုးချစားသူ ဖြစ်လျှင် ဒီကရီ ချမှတ် မပေးရ ။

 

               ဤအမှုများတွင် တရားပြိုင်ဘက်မှ တရားလိုသည် ငွေတိုးချစားသူ ဖြစ်သဖြင့် ဒီကရီ ချမှတ် မပေးသင့်ကြောင်း ထုချေတတ်သည် ၊ ထိုသို့ ထုချေလာလျှင် တရားလိုသည် ၁၉၄၅ ခုနှစ် ငွေတိုးချစားသူများ ဥပဒေပုဒ်မ ၂ ( ၆ ) တွင် အဓိပ္ပါယ် ဖွင့်ဆိုထားသည့် ငွေထုတ်ချေးသော အလုပ်ကို လုပ်ကိုင်သည့် ငွေတိုးချစားသူ ဟုတ် / မဟုတ် စုံစမ်း ဆုံးဖြတ်ရသည် ၊

 

               ငွေထုတ်ချေးခြင်းကို လုပ်ငန်းတခု အနေဖြင့် လုပ်ကိုင်မှသာ ထိုသူအား ငွေတိုးချစားသူဟု ခေါ်နိုင်မည် ဖြစ်သည် ၊ လုပ်ငန်းအနေဖြင့် မဟုတ်ဘဲ မိတ်ဆွေတစ်ဦးဦးအား ကူညီသည့် အနေဖြင့် တခါတရံသာ ငွေထုတ်ချေးခြင်း ဖြစ်ပါမူ ထိုသူကို ငွေတိုးချစားသူဖြစ်သည်ဟု သတ်မှတ်ခြင်း မပြုနိုင် ၊ တဘက်မှလည်း ငွေချေးသည့် လုပ်ငန်းတခုတည်းကို အသက်မွေးဝမ်းကျောင်း အလုပ်အဖြစ် လုပ်ကိုင် စားသောက်သူကိုမှသာ ငွေတိုးချစားသူ ဖြစ်သည်ဟု မဆိုနိုင် ၊

 

    (    ဥပမာ လူတစ်ယောက်သည် ကုန်သည် အလုပ်ကိုလည်း လုပ်ကိုင်သည့် အပြင် ငွေထုတ်ချေးခြင်း လုပ်ငန်းကိုလည်း လုပ်ဆောင်နေပါမူ ထိုသူသည် ငွေတိုးချေးစားသူ ဖြစ်သည် ၊ သာမန်ကုန်သည် တစ်ယောက် ဖြစ်သည်ဟု မယူဆနိုင်ပေ ၊ ၁၉၆၇ မတစ စာ ၁၄၅ ဦး ထွန်းရွှေ နှင့် ဦး၀င်း )

 

            အခြားအလုပ်အကိုင် လုပ်ကိုင်စဉ် မိမိ မိတ်ဆွေများအား တစ်နှစ်လျှင် နှစ်ကြိမ် ၊ သုံးကြိမ် ငွေချေးသောသူသည် ငွေတိုးချစားသူဖြစ်သည် ဟု မယူဆနိုင်ပေ ၊ ( ၁၉၄၀ မတစ စာ ၄၄၉ ဘစ်ရ်ှဝါးနတ်ရိုင်း နှင့် ကာရှီနတ်ရိုင်း )

              တရားလိုသည် ငွေချေးစားသူ ဖြစ်ပါက ငွေချေးစားသူ အဖြစ် မှတ်ပုံတင် လက်မှတ် မတင်ပြနိုင်လျင် ဒီကရီ ချမှတ်ပေးခြင်း

မပြုရ ၊ သို့သော် အမှုကို မပယ်ရ ၊ တရားလိုအား မှတ်ပုံတင် လက်မှတ် တင်ပြရန် သင့်လျော် လုံလောက်သော အချိန်ပေးပြီး လက်မှတ်တင်ပြနိုင်သောအခါမှသာ ဒီကရီချပေးရန် ဖြစ်သည် ၊

  ( ၁၉၇၀ မတစ စာ ၁၈၅ ဦးထွန်းလှိုင် နှင့် ဦးချစ်လှ )

 

  အရစ်ကျ ပေးဆပ်ခွင့်ပြုခြင်း ။

-------------------------------------

            တရားပြိုင်က လျှောက်ထားလျှင် ချေးငွေကို အရစ်ကျပေးရန် ခွင့်ပြုနိုင်သည် ၊ ချေးငွေ ပေးဆပ်ရန် အမိန့်ချရာ၌ အရစ်ကျပေးဆပ်ခွင့်ပြုကြောင်းလည်း ဆုံးဖြတ်နိုင်သည် ၊

 ( တရားမကျင့်ထုံး အမိန့် ၂၀ နည်း ၁၁ )

 

         ချေးငွေ ပေးဆပ်ရန် အမိန့်ချပြီးမှ လျောက်ထားလျင်လည်း ခွင့်ပြုနိုင်သည် ၊ သို့သော် အမိန့်ချပြီး ၆ လအတွင်း လျောက်ထားရန် လိုသည် ။ ( တရားမကျင့်ထုံး အမိန့် ၂၀ နည်း ၁၁ )

        မူလရုံး၏ ဆုံးဖြတ်ချက်ကို အယူခံဝင်လျှင် အယူခံရုံး ဒီကရီ ချမှတ်သည့်နေ့မှ ၆ လအတွင်း လျှောက်ထားရမည် ။

 ( ၁၉၆၅ မတစ စာ ၁၉၂ ( ရုံးချုပ် ) မောင်ဘုဒင် နှင့် ဦးခင်မောင် ၊ ၁၉၆၅ မတစ စာ ၉၉၈ ( ရုံးချုပ် ) ဦးဘိုနီ ပါ ၂ နှင့် ဦးထွန်း ပါ ၂ )

  ဒီကရီကို အရစ်ကျ ပေးဆပ်ရန် အမိန့်ချရာ၌ အမှုအကြောင်းခြင်းရာ ပတ်ဝန်းကျင် အခြေအနေများကို သုံးသပ်ရန် လိုသည် ၊ သူတ        ပါး၏ ငွေကို ချေးသောသူသည် ချေးယူသည့်ငွေ ပြေလည်အောင် ပေးဆပ်ရန် တာဝန် ရှိသည် ၊ အရစ်ကျ ပေးဆပ်ခွင့် ရနိုင်ရန်               သက်သေ ပြရမည် ။

 ( ၁၉၆၄ မတစ စာ ၂၂၇ အေအင်အဗဒူကရင် နှင့် အက်စ် ရှိတ်အီဘရာဟင် )

 

           အမှုအကြောင်းခြင်းရာ နှင့် သက်ဆိုင်ရာ ဥပဒေကို လေ့လာသုံးသပ်ပြီး ဆုံးဖြတ်ချက် ချသော ဒီကရီငွေကိုသာ အရစ်ကျ

ပေးသွင်းရန် အမိန့်ချမှတ်နိုင်သည် ၊ နှစ်ဦးနှစ်ဘက် သဘောတူညီချက်ဖြင့် တရားပြိုင်က တရားလိုသို့ ပေးဆပ်ရန် ရှိသော ငွေများကို မည်သည့် အရစ်ဖြင့် ပေးဆပ်ရမည် ၊ အရစ်ကျငွေ တစ်ရပ်ရပ် ပေးဆပ်ရန် တရားပြိုင်က ပျက်ကွက်လျှင် မပြေကျန်ငွေ အားလုံးကို ရရှိရန် အတွက် တရားလိုက ဇာရီ ပြုလုပ်နိုင်သည်ဟု ဒီကရီချ မှတ်ထားရာတွင် တရားပြိုင်က အရစ်ကျငွေ တရစ်ပေးရန် ပျက်ကွက်သဖြင့် တရားလိုက မပြေကျန်ငွေ အားလုံး ရရှိရန် ဇာရီ ပြုလုပ်သည့် အခါ တရားပြိုင်က အရစ်ကျ ပေးဆောင်ရန် လျောက်ထားခွင့် မရှိတော့  ချေ ၊

        ( ၁၉၆၂ မတစ စာ ၇၀ ( ရုံးချုပ် ) ဘရမာနန်ဒီဘီယာရာ နှင့် ရမ်ဆမှုဂျီချောင်ဒရီ ပါ ၂ )

      Lawyer's Handbook

 

Credit (  ဥပဒေရေးရာ )

Related Posts

  ငွေယုံကြည် အပ်နှံခြင်း ကတိစာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူ သူများ သတိထား

ငွေယုံကြည် အပ်နှံခြင်း ကတိစာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူ သူများ သတိထား

ဒီလို စာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူသူများ သတိထား "စာချုပ်တွင်  ကွက်လပ်များ ထား၍ လက်မှတ်ထိုးလက်ဗွေနှိပ်ခြင်း မပြုပါနှင့် ။ငွေယုံကြည် အပ်နှံခြင်း ကတိ စာချုပ်များ ချုပ်ဆို၍ ရာဇသတ်ကြီးပုဒ်မ - ၄၂၀ အရ လိမ်လည်မှုဖြင့်တရားစွဲဆို နေကြခြင်း ။ဥ...

ငွေပေးတဲ့ အခါတွေမှာ ကျုပ်က စာချုပ်နဲ့ သေသေချာချာ ပေးတာ ၊၊ ငွေပြန် မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ် နှင်းခြင်း ဖောက်ဖျက်မှုနဲ့ တရားစွဲလို့ရမရ သိချင်လို့ပါ ။

ငွေပေးတဲ့ အခါတွေမှာ ကျုပ်က စာချုပ်နဲ့ သေသေချာချာ ပေးတာ ၊၊ ငွေပြန် မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ် နှင်းခြင်း ဖောက်ဖျက်မှုနဲ့ တရားစွဲလို့ရမရ သိချင်လို့ပါ ။

မိတ်ဆွေကြီး ကိုချစ်တီး ပါလား ၊ မတွေ့တာ အတော်ကြာ ပြီနော် ၊ ဝလို့ဖြိုးလို့ ဝမ်းဗိုက် ကြီးတောင် ရွှဲလို့ပါလား ၊ ကျန်မားရေးလည်း ဂရုစိုက် ဦးနော် ကိုချစ်တီး ။ ။ အခု လိုမျိုး သတိပေးတာ ကျေးဇူးတင် ပါတယ်ဗျာ ၊ အရောက် အပေါက် နည်းသွားတာကအလုပ် တွေမျ...

လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိတာကို မပေးပဲတိမ်းရှောင်နေတဲ့ အတွက် သူ့အိမ်မှာရှိတဲ့ ပစ္စည်းကို ၀င်သိမ်းလို့ ရပါသလား။

လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိတာကို မပေးပဲတိမ်းရှောင်နေတဲ့ အတွက် သူ့အိမ်မှာရှိတဲ့ ပစ္စည်းကို ၀င်သိမ်းလို့ ရပါသလား။

မေး - ကျွန်တော်က လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိပါတယ်။တောင်းလို့လည်း မရဘူး။ ရှောင်တိမ်းနေပါတယ်။အဲဒါ သူ့အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ၀င်သိမ်းလို့ ရပါသလား။ သိပါရစေ။  ဖြေ - ဖွင့်ပြောလို့မရတဲ့ ကိစ္စဆိုတော့ ဥပဒေနဲ့ မကင်းတဲ့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate