စွန့်ပစ်မှု

စွန့်ပစ်မှု

စွန့်ပစ်မှု

။။။။။။။။။

စွန့်ပစ်သည် ဆိုရာ၌ လင်ခန်း  မယားခန်း  ပြတ်စဲရန် 

ရည်ရွယ် ချက်နှင့် စွန့် ပစ်ထားခြင်း ဖြစ်ရ  ပေမည် ။ 

လင်ဖြစ်သူ ထောင် ၁၂ နှစ် ကျနေ၍ မယားနှင့်   ခွဲခွာ

နေခြင်းသည် စွန့်ပစ်   ထားသည် မမည်ပေ။ “အောင်

ဖြူ နှင့် သက်နှင်း   ( ၈ အယ်ဘီအာ ၅၀ ) “ ။ လင်ဖြစ်

သူက နှိပ်စက် ညှဉ်းပန်း၍   မယားက တစ်နှစ် ကျော်

မျှ   လင်နှင့်   ခွဲခွာ  နေထိုင် ခြင်းသည် စွန့်ပစ်ခြင်း မ

မည် ပေ ။ “ မသိန်းမယ် နှင့် ဖိုးကြွယ် ( ၁၀  ဘီအယ်

တီ ၂၁၂ ) “ ။ “ ဒေါ်ခင်ပု နှင့် ဒေါက်တာ သာမြ 

( ၁၉၄၉  မတစ လွှတ်တော် ၂၈၃ ) “  တွင် သတ်မှတ်

ထားသော အချိန် ကာလ အတွင်း စွန့်ပစ်ပြီး 

ထောက်ပံ့ခြင်း မပြုလျှင် သို့မဟုတ် တစ်စုံ  တစ်ရာ 

အဆက် အသွယ်  မပြုလျှင်  ထိမ်းမြား ခြင်း  မပျက်

ပြယ်ပေ ။ လင် ဖြစ်စေ ၊ မယား ဖြစ်စေ တစ်ဦး တစ်

ယောက်က သတ်မှတ် ထားသည့် အချိန် ကာလ 

အတွင်း စွန့်ပစ်ခြင်းမှာ စွန့်ပစ်ခြင်း ခံရသူက ထိမ်းမြား

မှုကို ပျက်ပြယ် လိုပါက ပျက်ပြယ် နိုင်ခွင့် ပေးခြင်း မျှ

သာဖြစ် သည် ။ စွန့်ပစ်ခြင်း  ခံရသူက လင်ခန်း မယား

ခန်း ပြတ်စဲ လိုသော ရည်ရွယ်ချက် မရှိလျှင် သို့မဟုတ် 

စွန့်ပစ် ခြင်း ခံရသူက ကွာရှင်း   လိုသော အပြု အမှုကို 

ဖော်ပြခြင်း မရှိလျှင် လင်ခန်း မယားခန်း မပြတ်စဲပေ “ 

ဟုတရား လွှတ်တော်က ဆုံးဖြတ် ထားသည်ကို  တွေ့ရ

သည် ။ အထက်ပါ  အမှုတွင် တရားရှုံးသူ ဒေါက်တာသာ

မြက တရား လွှတ်တော် ချုပ်သို့  အယူခံ  ဝင်ရောက်ရာ 

တရားလွှတ် တော်ချုပ်က တရား  လွှတ်တော် ၏  စီရင်

ချက်ကို အတည် ပြုပြီး “  ထိမ်းမြားမှု ကို ပျက်ပြယ်လို

သောလင်  ယောကျာ်း  ၏ ဆန္ဒဖြင့် လင်နှင့်   မယားတို့

နှစ်ဦး သဘော တူညီချက်အရ  ပြုလုပ်ခဲ့ကြသည့် ထိမ်း

မြားမှု အနှောင် အဖွဲ့ကို ပျက် ပြယ်ရန် မလုံ လောက်ပေ။ 

ထိ အနှောင်အဖွဲ့ကို ပျက်ပြယ် ရန်မှာ မယားဖြစ်   သူက

လည်း ထိမ်းမြား ခြင်းကို ပျက်ပြယ် လိုသည့် ဆန္ဒကို တုံ့

ပြန်မှု ရှိရန် လိုပေသည် ။ တုံ့ပြန် သည့် ဆန္ဒကို အထင် 

အရှားဖြစ်စေ ၊ သို့မဟုတ် သိသာထင် ရှားလောက်သည့်

အမူအရာဖြင့် ဖြစ်စေ ပေးရမည်”ဟု ထပ်လောင်း  ဖြည့်

စွက် ဆုံးဖြတ် ထားသည်ကို တွေ့ရ သည် ။ “ ဒေါက်တာ

သာမြ နှင့် ဒေါ်ခင်ပု ( ၁၉၅၁ မတစ လွှတ်တော်ချုပ် ၁၀၈

 ) ။ “ မခင်မြ နှင့် ကုလား ( ခ ) မောင်လှရွှေ ( ၁၉၅၆ 

မတစ လွှတ်တော် ၂၆၄ ) ” က “ ဒေါက်တာ သာမြ နှင့် 

ဒေါ်ခင် ပု လိုက်နာကြောင်း တွေ့ရသည် ။ ယင်း စီရင်ထုံး

တွင် “ စွန့်ပစ်ခြင်း အတွက် သတ်မှတ် ထားသည့်  အချိန်+

ကာလ ကုန်လွန် သွားသော်လည်း ထိမ်းမြား လက်ထပ်မှု

သည်အလို အလျောက် ပျက်ပြယ် မသွားပေ။ စွန့်ပစ်ခြင်း

ခံရ သူ ကလည်း  ထိမ်းမြား ခြင်းကို ပျက်ပြယ်လို   သည့်

ဆန္ဒတုံ့ပြန်မှု ပြုရန်အတွက် အချိန်ကာလ သတ်မှတ်ထား

ခြင်း မရှိ ပေ” ဟု ထုံးဖွဲ့ ထားသည် ။အချုပ်အားဖြင့် ရေးရ

သော် လင်နှင့် မယားတို့သည်  တစ်ဦးက တစ်ဦးအား ဆိုခဲ့

သည့် နှစ်အပိုင်း အခြား အတိုင်း စွန့်ပစ် ထားရုံ မျှဖြင့် ထိမ်

မြားမှု အလိုလို မပြတ်စဲ မပျက် ပြယ်ပေ ။ စွန့်ပစ်ခြင်းခံရ

သူက ထိမ်းမြားမှုကို ပျက်ပြယ်  လိုပါက ပျက်ပြယ်အောင် 

ပြုနိုင်ခွင့် ပေးထားခြင်း မျှဖြစ်သည် ။ ပြစ်မှု  ကျုးလွန်သူ 

သို့မဟုတ်  စွန့်ပစ် ထွက်သွားသူ၌ ၎င်း၏ ဆန္ဒ တစ်ခု 

တည်းဖြင့် ကွာရှင်း နိုင်ခွင့် မရှိပေ ။ စွန့်ပစ်ခြင်းခံရသူက 

ကွာရှင်း လိုမှ သာလျှင် ကွားရှင်းနိုင်ပေ သည် ။ “ မောင်ဖိုး

ညွန့် နှင့် မစောတင် ( ၃ ရန်ကုန် ၁၆၀ ) “ ၌ မယားဖြစ်သူက 

ကွာလိုမှု စွဲဆိုရာတွင် ၎င်း၏ ယောကျာ်း က  မယားကြီးနှင့် 

ကွာရှင်း ပြီးပြီဟု လိမ်လည် လှည့်ဖြား ခဲ့ပါသည်ဟု 

အကြောင်း  ပြချက်တစ်ခု တင်ပြ ခဲ့   သော်လည်း လင်ဖြစ်

သူက သုံးနှစ် စွန့်ပစ် ထားသည့် ပြစ်မှု အပေါ်     မူတည်ပြီး 

ကွာရှင်း ခွင့်ရ သွားသည့် အမှု ဖြစ်သည် ။

 

(  ဦးမြစိန် ၊ မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေ အခြေခံမူများ ၊ ၂၀၁၁ ၊ စာ ၆၀ ) ။ 

 

ဓာတ်ပုံ - အင်တာနက် ။ #DVBlawlab

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း

လင် နှင့် မယား ကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate