တိုက်ခန်း ဝယ်တာ ရောင်းသူက

တိုက်ခန်း ဝယ်တာ ရောင်းသူက

တိုက်ခန်း ဝယ်တာ ရောင်းသူက ငွေချေပြီးရင် တစ်လနှစ်လလောက် 

ခဏနေချင်တယ်လို့ အကူညီတောင်း ပါတယ် အဆင်ပြေပါ့ မလားဆရာ ။ 

တိုက်ခန်းကို အပျောက်စနစ်ဖြင့် ဝယ်ယူသည် ဆိုသော်လည်း 

စာချုပ် စာတမ်းကို မှတ်ပုံတင် စာချုပ်ဖြင့် ဝယ်ယူခြင်း မဟုတ်သောကြောင့် 

ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၅၄ အရ အခန်း၏ ပိုင်ဆိုင်အကျိုး 

ခံစားခွင့်ကို လွှဲပြောင်း ရရှိမည် မဟုတ်ပါ ။ အခန်ုးကို လက်ရောက် မရရှိ 

ခဲ့သောကြောင့် ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၁၀၅ အရ 

အခန်း၏ အကျိုးခံစားခွင့် ကိုလည်း လက်ခံ ရရှိခြင်း မရှိပါ ။

 

အခွင့် အမိန့်အရ နေထိုင်ခွင့် ပေးသူသည် အခွင့်အမိန့် ပေးစဉ်က 

ခွင့်ပြုချက်ဖြင့် နေထိုင်ခွင့် ပေးသည် ဆိုသောပစ္စည်းကို လက်ရှိ ဖြစ်ရန်

လိုအပ်ပါသည် ။ ဦးဘခင် ( ခ ) ဦးအဒူလ်ဆိုလ် ပါ ၃နှင့် ဦးအဒူ ( ခ )

 ဦးထွန်းလှ ပါအမှုတွင် ဥပစာတစ်ခု၏ ပိုင်ရှင် ( သို့ ) 

ယင်း ဥပစာကို ပိုင်ဆိုင်ပြီး လက်ရှိ စီမံခန့်ခွဲ ခွင့်ရှိသူကသာ 

အခြားသူ တစ်ဦးကို ၎င်းပိုင်ဆိုင်သည့်  ဥပစာအတွင်း နေထိုင်ခွင့်

 ပြုနိုင်ကြောင်း အခွင့်အမိန့်ပေး နိုင်ပါသည်ဟု စီရင်ထုံးတွင် 

ဖော်ပြ ပါရှိသည် ။

 

ပစ္စည်းလွှဲ ပြောင်းခြင်း အက်ဥပဒေပုဒ်မ ၁၀၅ တွင် မရွှေ့မပြောင်းနိုင်သော 

ပစ္စည်းကို အငှားချထား ခြင်းဆိုသည်မှာ - ထိုပစ္စည်း၏ အကျိုးခံစားခွင့်ကို 

အချိန်ကာလ သတ်မှတ်၍ ဖြစ်စေ ၊ ထာဝစဉ်ဖြစ်စေ ၊ တန်ဖိုးပေးသည့် 

အတွက် လွှဲပြောင်းပေးခြင်း ဖြစ်သည်ဟု အဓိပ္ပါယ် ဖွင့်ဆို ထားပါသည် ။

ပုဒ်မ ၁၀၅ အရ ပစ္စည်းကို အငှားချထားပါက အငှားချထားသည့်

ပစ္စည်း၏ အကျိုးခံစားခွင့်ကို လွှဲပြောင်း လက်ခံရရှိမှသာ ငှားရမ်းသူ 

ဖြစ်လာမည် ဖြစ်သည် ။ 

 

အငှား စာချုပ်ချုပ် ဆိုခြင်းသည် အဖိုးစားနားပေး၍ အခန်းကိုယာယီ လက်ရောက် 

နေထိုင်ရန် စာချုပ်ချုပ် ဆိုခြင်း ဖြစ်၍ အခွင့်အမိန့်အရ နေထိုင်ခွင့် ပြုခြင်းနှင့် မတူပါ ။

ဥပစာတွင် နေထိုင်သူသည် ဥပဒေအရ ပိုင်ရှင်အဖြစ် ဆက်လက် နေထိုင်သည့် အခြေအနေ 

မျိုးရှိသည့်အတွက် အခွင့်အမိန့်အရ နေထိုင်သူအဖြစ် ဖယ်ရှားခွင့် မရှိကြောင်း ၊ 

ဝယ်ယူသူသည် လက်ရှိနေထိုင်သူအား အခွင့်အမိန့်အရ နေထိုင်သူအဖြစ် ဖယ်ရှားခွင့်

မရှိကြောင်း ဦးရန်ကနားနှင့် ဒေါ်ခင်သီအမှု ၁၉၈၄ ခုနှစ်၊ မြန်မာနိုင်ငံ

 တရားစီရင်ထုံး ၊ စာမျက်နှာ ၁၅ နှင့်ဒေါ်သောင်းစိန်နှင့် ဒေါ်ကြည်အမှု- ၁၉၈၄ခုနှစ် ၊ 

မြန်မာနိုင်ငံ တရားစီရင်ထုံး ၊ စာမျက်နှာ ၄၃ တို့တွင် စီရင်ထုံးဖွဲ့ ထားပါသည် ။

ထို့ကြောင့် တိုက်ခန်းကို အပျောက် အရောင်းအဝယ် စာချုပ်ဖြင့် ဝယ်ယူပြီး 

လက်ရှိ ရယူခဲ့ခြင်း လည်းမရှိပဲ တိုက်ခန်းကို မူလကပင် နေထိုင်ပြီး 

ရောင်းချသူများကို ဝယ်ယူသူက ခွင့်ပြုချက်ဖြင့် အခွင့်အမိန့်ဖြင့် 

နေထိုင်ခွင့်ပေးသူဟု သတ်မှတ် မရပါကြောင်း ၊ 

အပျောက် စနစ်ဖြင့် တိုက်ခန်း ဝယ်ယူသူသည် ဝယ်ယူစဉ်က 

အခန်းလက်ရောက် ရယူခဲ့မှသာ မိမိပိုင်ဆိုင်မှု အပြည့်အဝ ရှိမည် ဖြစ်ပါသည် ။

ထို့ကြောင့် အပြည့်ဝ ငွေချေတာနဲ့ တိုက်ခန်းကို လက်ရောက် ယူသင့်ပါကြောင်း

ဖော်ပြ ပေးလိုက် ပါတယ် ။

Credit-OriginalUploder

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate