🎙ဝယ်ရောင်းလုပ်မယ့် မိတ်ဆွေအသစ် များကို ရည်ရွယ်ပြီး တင်ပြရပါတယ်ဗျ။ ဒါလေးများလူတိုင်းသိ လို့ထင်ရပေမယ့် ခဏခဏကြုံနေရလို့ပါ။

🎙ဝယ်ရောင်းလုပ်မယ့် မိတ်ဆွေအသစ် များကို ရည်ရွယ်ပြီး တင်ပြရပါတယ်ဗျ။ ဒါလေးများလူတိုင်းသိ လို့ထင်ရပေမယ့်  ခဏခဏကြုံနေရလို့ပါ။

🎙ဝယ်ရောင်းလုပ်မယ့် မိတ်ဆွေအသစ်
များကို ရည်ရွယ်ပြီး တင်ပြရပါတယ်ဗျ။
ဒါလေးများလူတိုင်းသိ လို့ထင်ရပေမယ့် 
ခဏခဏကြုံနေရလို့ပါ။
🆙အခုမှစပြီး ဝယ်ရောင်း ပြုလုပ်မယ်ဆိုရင် 
ဒီကိစ္စ ၄ ချက်ကို လစ်လျူမရှုပါနဲ့ဗျာ
မိတ်ဆွေဖြစ်ချင်တဲ့ ဆန္ဒကို ကျွန်တော်တို့
နားလည်ပါတယ်။
အနည်းဆုံးစျေးနဲ့ စ, ရင်းကြည့်ပြီးတော့ 
အမြတ်များများနဲ့ အမြန်ရောင်းထွက်ချင်
တာကတော့ ထုံးစံအတိုင်းပါ။
🔔တကယ်တော့ များများနဲ့ မြန်မြန်စားရမယ့် 
ကွက်ကျန်မြေကွက်ဆိုတာလေ…
1. ကျွန်တော်တို့ Online ပေါ်မှာအတိအကျ
မတင်ကြပါဘူးဗျ။
အရောင်းအဝယ်ဖြစ်သွားလည်း Sold Out ပိုစ့်ကို
မတင်တတ်ကြပါဘူးဗျ။
ပေါက်စျေးအတိုင်းဖြစ်နေတာတောင် အချိန်တို
အတွင်းမှာ ရောင်းသူရလိုက်တဲ့ အမြတ်ကြောင့် 
မလိုအပ်ပဲ ညှိနှိုင်းမှု့များစွာပြုလုပ်ရတတ်လို့ပါဗျ။ 
(တင်ဖြစ်ရင်လည်း အဲဒီမြေကွက်ရဲ့ပုံ မပါတတ်တာ
ကိုသတိပြုပါ)
2. တစ်ခါမှမမြင်ဘူးတဲ့ လူတစ်ယောက် ဖုန်းနဲ့
မေးလာရင်ကော…?
မပြောဖြစ်ပါဘူးဗျ။
ဘယ်သူမဆိုမြင်နိုင်တဲ့ Online ပေါ်မှာတင်ထားတဲ့
မြေကွက်တွေ ဆိုတာက လူတိုင်းနီးပါးသိတဲ့
မြေကွက်တွေ ဖြစ်နေလို့ပါ။
အရောင်းတင်ပြီးနောက်ရက် အကျိုးဆောင်မပါပဲ 
မြေကွက်က ပိုင်ရှင်ပြောင်းစျေးပြောင်းသွားတာလည်း 
ကြုံနေရတာပဲလေ… 
ဝယ်သူက ဘယ်မြို့ကမဆိုဖြစ်နိုင်သလို နယ်ခံ 
လည်းဖြစ်နိုင်တာပဲ…..
3. လူချင်းလာတွေ့တာနဲ့ကော အကုန်ပြကြလား….?
ဆိုတော့ အကျိုးဆောင်တိုင်းနဲ့ လိုက်ပဲကြည့်
နေတဲ့ဝယ်သူဆိုရင်တော့ မပြကြပါဘူးဗျ။ 
အကျိုးဆောင် တစ်ယောက် နှစ်ယောက်လောက်နဲ့ပဲ
သေချာ ကြည့်တဲ့သူဆိုရင် အကျိုးဆောင်တွေဘက်
ကလည်း သစ္စာရှိရှိနဲ့  á€Śá€¸á€Śá€¸á€–ဝဏးဖဝဏး တွေပြပေး၊ 
ပို့ပေးတတ်ကြပါတယ်ဗျာ….
4. နေရင်လည်းနေမယ် အမြတ်ရရင်လည်း
ရောင်းမယ် လို့ပြောတာထက် ကျုပ်ကတော့ 
သိန်းဘယ်လောက်ကနေစပြီး ဝယ်ရောင်းလုပ်မယ် 
အဆင်ပြေရင်ခင်ဗျားနဲ့ပဲဆက်လုပ်မယ် လို့ 
Target ကို တိတိကျကျချပေးတယ်ဆိုရင်တော့ 
အကျိုးဆောင်တိုင်းက ဝှက်ဖဲတွေလှန်ပြပြီ…
သူ့အားကိုးနဲ့ပဲ မယူသင့်သလို… နေဖို့ဆိုပြီးတော့ 
ကိုယ့်အကြိုက်ရွေးထားပြီး အမြတ်ကောင်းကောင်းနဲ့ 
ရောင်းထုတ်ခိုင်းရင်တော့ ချက်ချင်းတော့
မလွယ်ဘူးလေနော်…
တစ်ခါတစ်လေမှ ဖြစ်တတ်တဲ့ အခြေအနေဆိုး
တစ်ခုကြောင့် အများနဲ့ရောပြီး ကိုယ့်မြေကွက်ပါ 
ရောင်းမထွက်သေးတာလိုမျိုး ဖြစ်တတ်တဲ့
အခက်အခဲကိုတော့ နားလည်ပေးစေချင်ပါတယ်ဗျာ…..။ 
ဘယ်လိုအခက်အခဲမှ ရေရှည်မတည်မြဲသလို 
မြေစျေးဆိုတာလည်း အတက်ဘက်ကိုပဲ ဦးတည်
နေတာလည်းဖြစ်၊ ဒီမြေကွက်က ကိုယ့်ကိုဒီထက်ပို 
အမြတ်ရစေချင်လို့ ခေါင်းစဉ်အမျိုးမျိုးနဲ့ ကိုယ့်ဆီမှာ
ရှိနေသးတာ၊ ကိုယ်နဲ့ထိုက်နေသေးတာလည်းဖြစ်တတ်
တဲ့အတွက် စိတ်ညစ်မသွားဖို့ ကျွန်တော်သိမျှလေး
မျှဝေလိုက်ရပါတယ်ဗျာ…။
မြေနဲ့ဆက်နွယ်သူများအားလုံး ရောင်းပန်းလှလို့ 
ဝယ်ပန်းသာကြပါစေ….
ယခုအချက်တွေကိုချဲ့ပြီးစဉ်းစားဖို့အတွက် 
စိတ်ထဲတစ်ခုခုကျန်ခဲ့တယ်ဆိုရင်ပဲ 
အထူးကျေနပ်ရပါတယ်ဗျာ။(10.3.2025)


လေးစားစွာဖြင့် - နေမင်းထွန်း  5:08PM

👉 သင့်ရဲ့ ပိုင်ဆိုင်မှုတွေကို ဥပဒေ ဗဟုသုတနဲ့ ဝန်းရံထားပါ 👈


#Kalawland #kalawrealtor #ကလောအိမ်ခြံမြေအရောင်းအဝယ် #ကလောအိမ်ရာစီမံကိန်း #ဂျာနတ် 
#ကွက်ကျန် #ဝယ်ရောင်း

Related Posts

Unique Boulder-Embedded Land

Unique Boulder-Embedded Land

အရောင်းပိုစ့်မဟုတ်ပါ။Unique Boulder-Embedded Land á€Ąá€­á€™á€şá€á€źá€śá€™á€źá€ąá€”ဲအပက်သက်ပဟဎး ၈၀ % သော လူတိုင်း á€žá€á€­á€™á€‘ဏးမိသ္းတဲအ အချက်လေးတစ်ချက်ကို á€™á€ťá€žá€á€ąá€•ဍရစ္ခင်ဗဝဏ‌.အကယ်၍ မိတ်ဆွေက သိရှိနားလည်ပြီးသားဆိုရင်တော့ ၂၀ % ထဲပါနေလို့ သိပ်ထူးဆန်းမှု့မရှိနိုင်ပါ။ပမာ...

ကလောမြို့ကိုယ်စား - ကလောသားတစ်ယောက် အနေဖြင့်....

ကလောမြို့ကိုယ်စား - ကလောသားတစ်ယောက် အနေဖြင့်....

ကလောမြို့ကိုယ်စား - ကလောသားတစ်ယောက်အနေဖြင့်....❤️ကလောကို ချစ်တဲ့သူ (သို့မဟုတ်) á€›á€ąá€›á€žá€Šá€şá€”္ခဲအတဲအသူတိုင်း အတွက် သတင်းကောင်း....ယခင်က ရေလည်းပေါ မီးလည်းမှန် ဆိုပြီး နာမည်ကြီးခဲ့လို့ ရပ်ကွက် ၃ သာဆိုရင် ဘယ်နားရရ á€Ąá€€á€˝á€€á€şá€žá€ąá€¸á€–ဟစ်န္ပဍစ္ ပြေးပြီး ဝယ်ထားကြ...

စိတ်ဝင်စားမှု့တွေ တစ်ရှိုန်ထိုးမြင့်တက်နေတဲ့ ရွာမြေကို ဝယ်မယ်ဆိုရင် သတိထားလိုက်နာ ရမယ့်အချက်များ

စိတ်ဝင်စားမှု့တွေ တစ်ရှိုန်ထိုးမြင့်တက်နေတဲ့ ရွာမြေကို ဝယ်မယ်ဆိုရင် သတိထားလိုက်နာ ရမယ့်အချက်များ

စိတ်ဝင်စားမှု့တွေ တစ်ရှိုန်ထိုးမြင့်တက်နေတဲ့ရွာမြေကို ဝယ်မယ်ဆိုရင် သတိထားလိုက်နာရမယ့်အချက်များ**********************************(1) ရွာမြေ မှန်မမှန်ဆိုတာကို ကျေးရွာ အုတ်ချုပ်ရေးမှုးနှင့်အတူ သက်ဆိုင်ရာလူကြီးတွေနှင့် သေချာစီစစ်ပါ။(2)ရွာအနီးမှာဆို ပုံစံ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More Âť

Contact Us

Get latest properties in email!

Copyright Š 2020 | All rights reserved by Yuzanar Land Real Estate. Powered by Web Design Company in Bangkok.