Unique Boulder-Embedded Land

အရောင်းပိုစ့်မဟုတ်ပါ။
Unique Boulder-Embedded Land
အိမ်ခြံမြေနဲ့ပက်သက်ပြီး ၈၀ % သော လူတိုင်း
သတိမထားမိသေးတဲ့ အချက်လေးတစ်ချက်ကို
မျှဝေပါရစေခင်ဗျာ…
.
အကယ်၍ မိတ်ဆွေက သိရှိနားလည်ပြီးသားဆို
ရင်တော့ ၂၀ % ထဲပါနေလို့ သိပ်ထူးဆန်းမှု့မရှိနိုင်ပါ။
ပမာအားဖြင့်ပြောရရင် Fashion မှာ Ethereal ၊
ပစ္စည်းမှာပြောရရင် ရှေးဟောင်းကဲ့သို့ပေါ့…
.
မြေကွက်မှာလည်း Unique Boulder-Embedded
Land (UB-EL) လို့ခေါ်ပြီး Tourism လောက
မှာတောင် အရမ်းဆွဲဆောင်တတ်တဲ့ မြေကွက်
ဆိုတာမျိုးရှိပါတယ်။
.
ဒီအမျိုးအစားတွေဟာ အရင်ဘဝကတည်းက
ကိုယ့်ရဲ့အပိုင်ဖြစ်ဖူးခဲ့သလို ခံစားချက်ကို
ပေးတတ်တဲ့အတွက် သူ့အကြိုက်နဲ့ သူ့သဘာဝ
အရ ရူးသွပ်စွာကြိုက်တတ်ကြပါတယ်။
.
တခြားပစ္စည်းတွေမှာ ဆင်တူရိုးမားတွေ
အသစ်တွေ ထပ်ပြီးထွက်ရှိနိုင်ပေမယ့်
မြေကွက်မှာတော့ ဆင်တူရိုးမားတွေ အသစ်တွေ
ထပ်ပြီး ထွက်ရှိနိုင်ဖို့ မဖြစ်နိုင်ပါ…။
စိတ်ဝင်စားသူများ House on The Rock ဆိုတဲ့
နာမည်နဲ့ အသေးစိတ်လေ့လာလို့ရပါတယ်ဗျ။
.
ကျောက်တုံးအကြီး၊ အသေး တွေကိုကိုမဖြိုချပဲနဲ့
ဒီဇိုင်း၊ လက်ရာကောင်းကောင်းနဲ့ တွဲပြီးအိမ်
ဆောက်လိုက်တိုင်းမှာ… ခရီးသွားတွေရဲ့ စိတ်ဝင်
တစားလာရောက်လည်ပတ်မှု့တွေ ယနေ့ထိများပြားပြီး
Website ကြီးတွေ တော်တော်များများ တွေမှာလည်း
ဂုဏ်ယူစွာနဲ့ဖေါ်ပြခဲ့ကြပါတယ်။
ပိုင်ဆိုင်မှု့ခိုင်မာတာ၊ ကားလမ်းပေါက်တာ၊ ရေမီး
သွယ်လို့ရတာ၊ အရှုပ်အရှင်းမရှိတာ …
ဒါတွေက အရောင်း မြေကွက်တိုင်းမှာရှိသင့်တဲ့
အင်္ဂါရပ်တွေပါ။
UB-EL 100% ရှိသင့်တဲ့ မြေကွက်အတွက်
အဓိကရှိသင့်တဲ့ 5 ချက်တွေက:
1️⃣ Location
ထူးခြားဆန်းကျယ်မှု့တွေနဲ့ လူကြိုက်များတဲ့
Tourism မြို့ဖြစ်ရပါတယ်။
2️⃣ Environment
အဲဒီမြို့ထဲမှာ အများကသတ်မှတ်ထားတဲ့ VIP
ရပ်ကွက်လည်းဖြစ်သလို မြို့မျက်နှာဖုံးသူဌေးများတဲ့
နေရာမျိုးဖြစ်ရပါတယ်။
3️⃣ Boulder-Embedded
မာကျောတဲ့ ကျောက်သားများရှိဖို့လိုအပ်ပါမယ်။
ကျောက်သားပေါ်မှာပဲ အိမ်ဆောက်ရင်ဆောက်
အိမ်တွင်းထဲငုံရင်ငုံ ကိုယ့်အကြိုက်နှင့်ကိုယ်
လိုအပ်သလို ထုဆစ်ပုံဖော်ပြီး ရေရှည်ထားမှာဖြစ်လို့
ကွဲလွယ်၊ ကြွေလွယ်တဲ့ ကျောက်သားအမျိုးစားဖြစ်လို့မရပါ။
4️⃣ 360ံ View
အပေါ်စီးကနေဖြစ်ပြီး ဂန္တဝင်ဆန်တဲ့ ရှု့ခင်းမျိုး
ဖြစ်ဖို့လိုအပ်ပါတယ်။တော၊ တောင်၊ ချောင်း၊ မြို့အိမ်
ရှု့ခင်းစုံ၊ Sunrise လား၊ Sunset လား တစ်နေကုန်
ထိုင်ကြည့်နေရင်တောင် မရိုးအီနိုင်တဲ့ ရှု့ခင်းမျိုးဖြစ်ရပါတယ်။
5️⃣ Safety
လူတွေဖန်တီးထားတာမျိုးမဟုတ်ပဲ သဘာဝအတိုင်း
တည်ရှိနေတဲ့ နေရာမျိုးဖြစ်ပြီး ရေဒဏ် လေဒဏ်
ငလျင်ဒဏ်ကို ကောင်းကောင်းခံနိုင်ရည်ရှိတဲ့ အနေ
အထားမှာရှိရပါမယ်။
.
တချို့နိုင်ငံကဆို အဲဒီ အင်္ဂါရပ် ၅ ချက်မပြည့်ပဲနဲ့တောင် Creative Design အရ အရမ်းနာမည်ကြီးတာတွေလည်းရှိပါတယ်ဗျ။ UB-EL အနေနဲ့ ရှိသင့်တဲ့ အင်္ဂါရပ် ကလည်းများတာကိုး…
.
ဂုဏ်ယူမှု့များစွာနဲ့ 👉 ကလောမြို့ထဲမှာလည်း
ထိုကဲ့သို့အင်္ဂါရပ် 5 ချက်လုံးကို 90% ပြည့်စုံနေတဲ့မြေ
တစ်ကွက်ရှိနေပါတယ်ဗျာ…
Kalaw House on The Rock ဆိုတာမဖြစ်ခင်
Unique Boulder-Embedded Land အနေအထားမှာ
မည်သူမဆို သွားရောက်လည်ပတ်ဖို့ ပိုင်ရှင်မှ ခွင့်ပြုပြီး
သားဖြစ်လို့ လမ်းကြုံရင် ဝင်ရောက်လေ့လာနိုင်ပါတယ်ဗျ။
ရပ်ကွက် ၃ မဟာစည်အနီး
G-Map - https://www.yuzanarland.com/g/zYhOE
.
ဒါပါပဲဗျာ.... အကယ်၍ မိတ်ဆွေတို့ရဲ့ အနီးတဝိုက်မှာ ဒါမျိုးမြေကွက်မျိုး
တွေ့ရှိခဲ့တယ်ဆိုရင် သူ့ရဲ့တန်ဖိုးကိုနားလည်ပြီး ဒီဇိုင်းဖော်ချင်တဲ့သူရဲ့ လက်ထဲကို ကူညီပြီးထည့်ပေးမယ်ဆိုရင် အဲဒီမြို့ရဲ့ဆွဲဆောင်မှု့အလှတစ်ခုထပ်ပြီးတိုးစေတာပေါ့ဗျာ...
.
လေ့လာမိသလောက်မျှဝေခြင်းသာ…
လေးစားစွာဖြင့် - နေမင်းထွန်း
#HouseOnTheRock #ရှုခင်းလှတဲ့မြေ #kalaw
#traveltokalaw #kalawtravelling
Related Posts

ကလောမြို့ကိုယ်စား - ကလောသားတစ်ယောက် အနေဖြင့်....
ကလောမြို့ကိုယ်စား - ကလောသားတစ်ယောက်အနေဖြင့်....❤️ကလောကို ချစ်တဲ့သူ (သို့မဟုတ်) ရေရှည်နေခဲ့တဲ့သူတိုင်း အတွက် သတင်းကောင်း....ယခင်က ရေလည်းပေါ မီးလည်းမှန် ဆိုပြီး နာမည်ကြီးခဲ့လို့ ရပ်ကွက် ၃ သာဆိုရင် ဘယ်နားရရ အကွက်သေးဖြစ်နေပါစေ ပြေးပြီး ဝယ်ထားကြ...

စိတ်ဝင်စားမှု့တွေ တစ်ရှိုန်ထိုးမြင့်တက်နေတဲ့ ရွာမြေကို ဝယ်မယ်ဆိုရင် သတိထားလိုက်နာ ရမယ့်အချက်များ
စိတ်ဝင်စားမှု့တွေ တစ်ရှိုန်ထိုးမြင့်တက်နေတဲ့ရွာမြေကို ဝယ်မယ်ဆိုရင် သတိထားလိုက်နာရမယ့်အချက်များ**********************************(1) ရွာမြေ မှန်မမှန်ဆိုတာကို ကျေးရွာ အုတ်ချုပ်ရေးမှုးနှင့်အတူ သက်ဆိုင်ရာလူကြီးတွေနှင့် သေချာစီစစ်ပါ။(2)ရွာအနီးမှာဆို ပုံစံ...

📢 အခုတစ်လော ရွာမြေတွေပဲ အဝယ်များလို့ … ရွာမြေစစ်မစစ် ဘယ်လိုသိရမှာလဲ ဆိုတာနှင့် ရွာမြေအရှုပ်အရှင်း မဖြစ်အောင်စစ်ဆေးဝယ် ယူရန်အတွက်ပါဗျ။
📢 အခုတစ်လော ရွာမြေတွေပဲ အဝယ်များလို့ …ရွာမြေစစ်မစစ် ဘယ်လိုသိရမှာလဲ ဆိုတာနှင့်ရွာမြေအရှုပ်အရှင်း မဖြစ်အောင်စစ်ဆေးဝယ်ယူရန်အတွက်ပါဗျ။✅ အရောင်းဖွင့်ထားတဲ့ထဲက မိမိစိတ်တိုင်းကျ မြေကွက်ကို တွေ့ပြီဆိုတာနှင့်1️⃣ အရင်ဆုံး ရပ်ရွာဥက္ကဌ ကိုမေးမြန်းရပါတယ်။ရ...