စိတ်ဝင်စားမှု့တွေ တစ်ရှိုန်ထိုးမြင့်တက်နေတဲ့ ရွာမြေကို ဝယ်မယ်ဆိုရင် သတိထားလိုက်နာ ရမယ့်အချက်များ

စိတ်ဝင်စားမှု့တွေ တစ်ရှိုန်ထိုးမြင့်တက်နေတဲ့
ရွာမြေကို ဝယ်မယ်ဆိုရင် သတိထားလိုက်နာ
ရမယ့်အချက်များ
**********************************
(1) ရွာမြေ မှန်မမှန်ဆိုတာကို ကျေးရွာ အုတ်
ချုပ်ရေးမှုးနှင့်အတူ သက်ဆိုင်ရာလူကြီးတွေ
နှင့် သေချာစီစစ်ပါ။
(2)ရွာအနီးမှာဆို ပုံစံ(7)မြေကွက်တွေရှိပါတယ်
ရွာမြေအမှတ်နဲ့ မဝယ်မိပါစေနဲ့၊အိမ်ဆောက်
လို့မရ၊နေလို့မရ ဖြစ်သွားပါလိမ့်မယ်။
ပုံစံ(7)ကို သဘောကျတယ် စိုက်ပျိုးရေးပဲ
လုပ်ချင်တယ်ဆိုရင်တော့ ဝယ်ပါ၊အရင်က
ပုံစံ(7)တွေ ဝယ်ခွင့်မရှိပေမယ့် ၂၀၁၂ ကတည်း
က ရောင်း၊ဝယ်၊ငှား၊ပေါင်နှံလို့ရတဲ့ ဥပဒေ
ထွက်လာတော့ စိတ်ချဝယ်လို့ရပါတယ်ဗျ။
လောလောဆယ်မှာတော့ လန လျှောက်လို့
မရသေးပါဘူးခင်ဗျ။
(3) ဝယ်ဖို့ဆုံးဖြတ်လိုက်တဲ့ အခါ
အရှုပ်အရှင်း ကန့်ကွက်မယ့်သူရှိမရှိ
သေချာစုံစမ်းမေးမြန်းပြီးမှ စာချုပ်ချုပ်
ပါဗျ။(တစ်ချို့ မစုံစမ်းဘဲနောက်မှဖြစ်
လာတဲ့ ပြသာနာတွေ ရှင်းရခက်နေ
တတ်လို့ပါဗျ)
(4)အပေါ်ကအချက်ကိုသေချာစီစ်
ပြီးပြီဆိုရင် မိမိအနေနဲ့ ရှေ့နေနဲ့ပဲချုပ်ချုပ်၊
အကျိုးဆောင်၊အုတ်ကြီးနဲ့ပဲချုပ်ချုပ်
စာချုပ်ကို သေချာပြန်စစ်၊ကိုယ်လိုချင်
တဲ့အချက်တွေမပါရင်လည်း ထည့်ခိုင်း
ဖို့ အားမနာပါနဲ့ခင်ဗျာ။
(5) ဝယ်ယူပြီးသွားတဲ့အခါ ကြည့်ရှု့
စောင့်ရှောက်မှု့အပိုင်းအနေနဲ့ ခြံစည်းရိုး
မရှိဘူးဆိုရင် ခတ်သင့်ရင်ခတ်ရပါမယ်
ခင်ဗျ၊ဒါမှ ဘေးကနေကျူးဝင်လာတာ
ကို ကာဝယ်နိုင်မှာပါ၊နောက်ပြီး မိမိအနေ
နဲ့ ဝယ်ယူလိုက်တဲ့ ရွာမြေရဲ့ အဝေးမှာနေ
ထိုင်တာမျိုးဆိုရင် ဝယ်ယူတုန်းက ခင်ခဲ့
ဖူးသူ အကျိုးဆောင်ဖြစ်ဖြစ် ခြံကွက်
ကို ကြည့်ရှု့စောင့်ရှောက်ပေးဖို့ တစ်ခုခု
ဆို အကြောင်းကြားဖို့ မှာခဲ့ကြပါခင်ဗျာ။
ကျွန်တော့်ဆီ ဝယ်ယူသွားတဲ့ ရွာမြေ
တွေ အပါအဝင် မြို့ပေါ်က ခြံကွက်တွေ
ကိုလည်း အမြဲစောင့်ကြည့်ပေးတာမျိုး
လုပ်ပါတယ်၊တစ်ချို့ဆို ပြန်ရောင်းကြ
တာတွေလည်း ရှိတော့ ကျွန်တော့်
နေနဲ့လည်း အကျိုးဆောင်အလုပ်ကို
လုပ်ကိုင်တာဆိုတော့ နှစ်ဦးနှစ်ဖက်
အဆင်ပြေစေပါတယ်ခင်ဗျာ။
အားလုံး ရွာမြေဝယ်ယူတဲ့အခါ
အဆင်ပြေချောမွေ့ကြပါစေခင်ဗျာ…။
(ပုံကတော့ ကလောအနီး ကြေးကုန်း
ကျောက်တန်းရွာက ပုံတွေပါဗျ၊
ကလောနဲ့လည်းနီးသလို ရာသီဥတု
ရှု့ခင်း အရမ်းကောင်းတော့ စိတ်ဝင်
စားမှု့ များနေတဲ့ ရွာလေးပါဗျ၊
ကလောမြို့နဲ့ဆို (7)မိနစ်လောက်
လေးပဲမောင်းရင် ရောက်တဲ့နေရာပါဗျ)
🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠
📈 သိန်း (400) မှ သိန်း (25000) ထိ
ပေါက်စျေးရှိတဲ့ အိမ်ခြံမြေတွေ
Up To Date ရှိတဲ့အတွက်ကြောင့်
အကြောင်းစုံ မေးမြန်းနိုင်ပါတယ်ခင်ဗျာ...
.
ဂျာနတ်အိမ်ခြံမြေအကျိုးဆောင်
နေမင်းထွန်း
09781620225 , 09970777731
ရုံးခန်း - ရပ်ကွက် ၉ ၊ နှီးဘုရားလမ်းဆုံ၊ ဓမ္မစင်္ကြာလမ်း၊ ကလောမြို့။
.
Related Posts

Unique Boulder-Embedded Land
အရောင်းပိုစ့်မဟုတ်ပါ။Unique Boulder-Embedded Land အိမ်ခြံမြေနဲ့ပက်သက်ပြီး ၈၀ % သော လူတိုင်း သတိမထားမိသေးတဲ့ အချက်လေးတစ်ချက်ကို မျှဝေပါရစေခင်ဗျာ….အကယ်၍ မိတ်ဆွေက သိရှိနားလည်ပြီးသားဆိုရင်တော့ ၂၀ % ထဲပါနေလို့ သိပ်ထူးဆန်းမှု့မရှိနိုင်ပါ။ပမာ...

ကလောမြို့ကိုယ်စား - ကလောသားတစ်ယောက် အနေဖြင့်....
ကလောမြို့ကိုယ်စား - ကလောသားတစ်ယောက်အနေဖြင့်....❤️ကလောကို ချစ်တဲ့သူ (သို့မဟုတ်) ရေရှည်နေခဲ့တဲ့သူတိုင်း အတွက် သတင်းကောင်း....ယခင်က ရေလည်းပေါ မီးလည်းမှန် ဆိုပြီး နာမည်ကြီးခဲ့လို့ ရပ်ကွက် ၃ သာဆိုရင် ဘယ်နားရရ အကွက်သေးဖြစ်နေပါစေ ပြေးပြီး ဝယ်ထားကြ...

📢 အခုတစ်လော ရွာမြေတွေပဲ အဝယ်များလို့ … ရွာမြေစစ်မစစ် ဘယ်လိုသိရမှာလဲ ဆိုတာနှင့် ရွာမြေအရှုပ်အရှင်း မဖြစ်အောင်စစ်ဆေးဝယ် ယူရန်အတွက်ပါဗျ။
📢 အခုတစ်လော ရွာမြေတွေပဲ အဝယ်များလို့ …ရွာမြေစစ်မစစ် ဘယ်လိုသိရမှာလဲ ဆိုတာနှင့်ရွာမြေအရှုပ်အရှင်း မဖြစ်အောင်စစ်ဆေးဝယ်ယူရန်အတွက်ပါဗျ။✅ အရောင်းဖွင့်ထားတဲ့ထဲက မိမိစိတ်တိုင်းကျ မြေကွက်ကို တွေ့ပြီဆိုတာနှင့်1️⃣ အရင်ဆုံး ရပ်ရွာဥက္ကဌ ကိုမေးမြန်းရပါတယ်။ရ...