ကလောမြို့ကိုယ်စား - ကလောသားတစ်ယောက် အနေဖြင့်....

ကလောမြို့ကိုယ်စား - ကလောသားတစ်ယောက်
အနေဖြင့်....
❤️ကလောကို ချစ်တဲ့သူ (သို့မဟုတ်)
ရေရှည်နေခဲ့တဲ့သူတိုင်း အတွက် သတင်းကောင်း...
.
ယခင်က ရေလည်းပေါ မီးလည်းမှန် ဆိုပြီး နာမည်
ကြီးခဲ့လို့ ရပ်ကွက် ၃ သာဆိုရင် ဘယ်နားရရ
အကွက်သေးဖြစ်နေပါစေ ပြေးပြီး ဝယ်ထားကြနဲ့
ဘိုကုန်းမှာနေတယ်ဆိုတာနဲ့ လူတိုင်းရဲ့ အထင်ကြီး
လေးစား အားကျမှု့ ကိုခံယူရတဲ့ VIP
ရပ်ကွက်ဆိုပါတော့ဗျာ…
.
🤩ရေဘေးသင့် တဲ့အချိန် အောက်ဘက်ခြမ်းဖြစ်တဲ့
နေရာတွေမှာ များစွာဆုံးရှုံးရခဲ့ပေမယ့်
ကလောမြို့ ကိုချစ်တဲ့သူတွေအားလုံး
ဝိုင်းဝန်းထောက်ပံ့ ကူညီလှူဒါန်းပေးလို့
ခုမှအဝေးကနေလာတဲ့သူ အတွက်တော့
ဘယ်နားမှာ ရေတက်သွားတာလဲဆိုတာ
မနဲကိုပြန်ရှာရမည့်အနေအထားတွေနဲ့ ပြန်လည်
ဆန်းသစ်လို့ လှပလာခဲ့ပါပြီ။
.
🔍ချောင်းကလည်း ပေ ၃၀ ကျယ်ပြီး
(အနက်ကိုသိတဲ့သူ Comment ရေးပေးခဲ့ပါဦးခင်ဗျာ) 🙏
ချောင်းရဲ့ တစ်ဖက်တစ်ချက်မှာ ကွန်ကရစ် လျှောက်လမ်း
၈ ပေ ဖော်ဆောင်နေပါတယ်ဗျ။ အဲ့ဒီရဲ့ဘေးမှာလည်းပန်းစိုက်
ဖို့အတွက် စီစဉ်မှု့လေးတွေ ရှိနေပါတယ်ဗျ။
.
🚂သံလမ်းလည်းကောင်းသွားပြီမို့
ရွှေညောင်သွားမလား၊ သာစည်သွားမလား…
ရထားလည်း နားချိန်သိပ်မရှိတော့သလိုပဲ…။
ကိုလိုနီခေတ်ကတည်းက တည်ဆောက်ခဲ့တဲ့
ရှေးဟောင်းအိမ်တွေအများဆုံးရှိတဲ့အပြင်
လက်ရှိသူဌေးကြီး တွေလည်း အများဆုံးရှိတဲ့
နေရာလို့ပြောလည်း မမှားပါဘူး။ ကလောတစ်မြို့လုံးမှာရှိတဲ့
တခြားရပ်ကွက်တွေနဲ့ ယှဉ်လိုက်ရင်
နိုင်ငံခြားမျိုးနွယ်အပင်နဲ့ ဒေသအပင်ကြီးတွေ
ထင်းရူးပင်ကောင်းတွေအများဆုံးနဲ့
ကလောမြို့ထဲက အအေးဆုံးနေရာလို့လည်းပြောလို့ရတယ်။
.
☀️မနက်ခင်းနေကိုလည်း
နောက်အကျဆုံးမှရတာကိုး…။
တခြားရပ်ကွက်တွေမှာလည်း အိမ်ဆောက်ဖို့ မလွတ်လို့
ခုတ်လိုက်ရတဲ့အပင်တွေအစား အိမ်ပြီးတာနဲ့
ချက်ချင်းလွတ်တဲ့နေရာမှာ ပြန်စိုက်မယ်ဆိုရင်
VIP မြို့များဖြစ်နေမလားဗျာ…။
.
အဲဒီ… ရေတက်ခဲ့တဲ့နေရာတွေက မြေကွက်စျေးတွေ
ထိုးကျသွားမယ်လို့ ပညာရှင်တွေများက
ခန့်မှန်းကြပေမယ့်လက်တွေ့မှာတော့ ခုလိုအချိန်တိုအတွင်း
ယခင်စျေးသာမက သူ့ထက်ပိုတဲ့စျေးတွေနဲ့
အရောင်အဝယ်တွေ ဖြစ်နေကြပါပြီ…
Online မသုံးတဲ့ အကျိုးဆောင်ရယ်
ယခင်ကတည်းက အရောင်းအဝယ်
ဖြစ်တဲ့ ပိုစ့်တွေကို မတင်ကြတဲ့ သူရယ်၊
ခုကာလမှာ မတင်ချင်ကျတဲ့သူတွေနဲ့ဆိုတော့
သိပ်မပေါ်လွင်သလိုရှိမယ်ထင်တယ်။
ဒါပေမယ့် တင်တဲ့သူလည်းတင်ကြပါတယ်။
.
အဲဒီရပ်ကွက်က စျေးကျဦးမှာပဲ…
ကျမှပဲဝယ်တော့မယ်လို့ အောက်စျေးကို
စောင့်ကြည့်နေသူအတွက်တော့
မျှော်လင့်ချက် မရှိတော့ချေပြီ။
ဘာဖြစ်လို့လဲဆိုတော့…
ရပ်ကွက် ၃ ဆိုတဲ့ ဘိုကုန်း လေ… 😁
.
အခုလိုဖြစ်အောင် အဖက်ဖက်က တတ်နိုင်သလောက်
လှုဒါန်းကူညီထောက်ပံ့ပေးတဲ့ ကျွန်တော်တို့
ဂေါ်ရခါးလူငယ်ပရဟိတ အဖွဲသားများနှင့်အတူ
တတ်စွမ်းသလောက် ကူညီလှူဒါန်းကြတဲ့
ကလောမှာရှိတဲ့ ပရဟိတ အဖွဲများ၊
အဝေးကနေတကူတကလာရောက်
ကူညီလှူဒါန်းကြတဲ့ ပရဟိတ အဖွဲ့များ၊
အမည်မဖေါ်ပဲနှင့် ပရဟိတစိတ်ဓါတ်အပြည့်ရှိပြီး
နောက်ကွယ်မှ ကူညီလှူဒါန်းပေး ကြတဲ့
ကလောချစ်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို
အထူး အထူးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ…. 🙏
အခွင့်အရေးရရင် ကျေးဇူးပြန်ဆပ်ချင်ပါတယ်ဗျာ 🙏
.
ကလောချစ်သူ (သို့မဟုတ်) ကလောမြို့သူ / သားတိုင်း
ကျွန်တော့်ရဲ့အမြင် မှားတာရှိရင် ဝေဖန်ထောက်ပြပေးနိုင်ပါတယ်ခင်ဗျာ…
🙏 လေးစားစွာဖြင့် - နေမင်းထွန်း
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...