အိမ်ခြံမြေ နယ်ပယ်မှ လုပ်ကိုင်နေကြသော အိမ်ခြံမြေ အကျိူးဆောင်များ၏ ကျင့်ဝတ်

အိမ်ခြံမြေ နယ်ပယ်မှ လုပ်ကိုင်နေကြသော
အိမ်ခြံမြေ အကျိူးဆောင်များ၏ ကျင့်ဝတ်
ကောင်းများ ကို ဖော်ပြပေးလိုက်ပါတယ်။
ကျွန်တော်လည်း လိုက်နာကျင့်သုံးနေပါတယ်။
အိမ်ခြံမြေ ဝယ်ယူကြမည့်သူများအနေဖြင့်
များပြားတဲ့ငွေပမာဏကို ပေးဆောင်ပြီး
ဝယ်ယူကြရတာဖြစ်ပါတယ်။
အကျိုးဆောင်များအနေဖြင့် အောင်မြင်တဲ့
အိမ်ခြံမြေ အကျိုးဆောင်ကောင်း တစ်ယောက်
ဖြစ်ရန်အတွက် လုပ်သင့် လုပ်ထိုက်တာ
တွေများစွာ ရှိပါတယ်။
လိုက်နာကျင့်သုံးသင့်တဲ့ ကျင့်ဝတ်များကတော့
1- အရောင်းအဝယ်ပြုလုပ်ပေးရပြီဆိုလျှင်
အရောင်းအဝယ်ကိစ္စ အစအဆုံးအတွက်
ဝယ်ယူသူ၊ရောင်းချလိုသူတို့ရဲ့
အကျိုးစီးပွားကိုသာလျှင် ဦးစားပေးခြင်း။
(အိမ်ခြံမြေအကျိုးဆောင်များအနေဖြင့်
ဝယ်ယူသူတွေကို ဝန်ဆောင်မှု့ပေးတဲ့အခါ
ကိုယ့်အကျိုးစီးပွားထက် ဝယ်ယူသူရဲ့
အဆင်ပြေမှု့ကိုသာလျှင် အဓိကကြည့်တာပါ။)
2- အိမ်ခြံမြေပိုင်ဆိုင်မှု့ များနှင့် ပတ်သက်ပြီး
အချက်အလက်တွေ လွဲမှားစွာတင်ပြခြင်း၊
ချဲ့ကားပြောဆိုခြင်း၊ဖုံးကွယ်ထားခြင်းများ မရှိခြင်း။
3- အိမ်ခြံမြေ မပြသမှီနဲ့ ပြသနေစဉ်အတောအတွင်း
အရောင်းအတွက် ကြော်ငြာကုန်ကျစရိတ်များကို
ကိုယ်တိုင်သာလျှင် ကျခံခြင်း။
4- လာဘ်ပေးလာဘ်ယူများလည်း မရှိခြင်း။
5- အရောင်းအဝယ်အတွက် ပြုလုပ်သော
စာရွက်စာတမ်းများမှာလည်း မှားယွင်းမှု့မရှိဘဲ
တိကျသေချာခြင်း။
6- ရောင်းသူ၊ဝယ်ယူသူ customer များအားလုံးကို
တန်းတူ ဝန်ဆောင်မှု့ပေးခြင်း။
မရောင်းချခင် ပြင်ဆင်သင့်တာတွေကိုလည်း
သေချာပြောပြပေးတတ်ကြပါတယ်။
7- အသုံးပြုနေသော social media စာမျက်နှာတွင်
အိမ်ခြံမြေအရောင်းနှင့် ပတ်သက်ပြီး
လွဲမှားသော၊မဟုတ်မမှန်သော ကြောငြာစာသားများ မရှိခြင်း။
ဝယ်ယူသူတွေကို သေချာစွာပြသပေးနိုင်ရန်အတွက်
အချက်အလက်နဲ့ သေချာမှတ်ထားတာမျိုးတွေ လုပ်ကြပါတယ်။
8- အိမ်ခြံမြေနှင့် ပတ်သက်သည့် ဥပဒေများစွာကို
ကိုယ်တိုင်သိရှိပြီး လိုက်နာခြင်း။
9- အိမ်ခြံမြေနှင့် ပတ်သက်ပြီး မှားယွင်းစွတ်စွဲ
ပြောဆိုခံရမှု့များလည်း မရှိခြင်း။
(အကျိုးဆောင်ဆိုတာ နာမ်မည်နှင့်အလုပ်လုပ်ရခြင်း
ဖြစ်တဲ့အတွက်ကြောင့် ကြီးကြီးမှားမှားဖြစ်နေမယ့်
အိမ်ခြံမြေအရှုပ်အရှင်း အရောင်းများကို တာဝန်ယူ
လက်ခံပြီး ဝယ်ယူသူကို မပြခြင်းဖြင့် နောက်ပိုင်းကိစ္စ
တွေကို ဖြေရှင်းပြီးသား ဖြစ်စေပါတယ်။)***
10- တခြားမသမာသူများနှင့် ပူးပေါင်းပြီးဝယ်ယူသူကို
လိမ်ညာခြင်း ၊ရောင်းချသူကို လိမ်ညာခြင်းများလည်း
မရှိခြင်းစတာတွေပဲ ဖြစ်ပါတယ်။{5.10.2024}
.
.
လေးစားစွာဖြင့်
ဂျာနတ်အိမ်ခြံမြေအကျိုးဆောင်
နေမင်းထွန်း
ကလောမြို့
.
Related Posts

Unique Boulder-Embedded Land
အရောင်းပိုစ့်မဟုတ်ပါ။Unique Boulder-Embedded Land အိမ်ခြံမြေနဲ့ပက်သက်ပြီး ၈၀ % သော လူတိုင်း သတိမထားမိသေးတဲ့ အချက်လေးတစ်ချက်ကို မျှဝေပါရစေခင်ဗျာ….အကယ်၍ မိတ်ဆွေက သိရှိနားလည်ပြီးသားဆိုရင်တော့ ၂၀ % ထဲပါနေလို့ သိပ်ထူးဆန်းမှု့မရှိနိုင်ပါ။ပမာ...

ကလောမြို့ကိုယ်စား - ကလောသားတစ်ယောက် အနေဖြင့်....
ကလောမြို့ကိုယ်စား - ကလောသားတစ်ယောက်အနေဖြင့်....❤️ကလောကို ချစ်တဲ့သူ (သို့မဟုတ်) ရေရှည်နေခဲ့တဲ့သူတိုင်း အတွက် သတင်းကောင်း....ယခင်က ရေလည်းပေါ မီးလည်းမှန် ဆိုပြီး နာမည်ကြီးခဲ့လို့ ရပ်ကွက် ၃ သာဆိုရင် ဘယ်နားရရ အကွက်သေးဖြစ်နေပါစေ ပြေးပြီး ဝယ်ထားကြ...

စိတ်ဝင်စားမှု့တွေ တစ်ရှိုန်ထိုးမြင့်တက်နေတဲ့ ရွာမြေကို ဝယ်မယ်ဆိုရင် သတိထားလိုက်နာ ရမယ့်အချက်များ
စိတ်ဝင်စားမှု့တွေ တစ်ရှိုန်ထိုးမြင့်တက်နေတဲ့ရွာမြေကို ဝယ်မယ်ဆိုရင် သတိထားလိုက်နာရမယ့်အချက်များ**********************************(1) ရွာမြေ မှန်မမှန်ဆိုတာကို ကျေးရွာ အုတ်ချုပ်ရေးမှုးနှင့်အတူ သက်ဆိုင်ရာလူကြီးတွေနှင့် သေချာစီစစ်ပါ။(2)ရွာအနီးမှာဆို ပုံစံ...