မြေရှင်များ မလုပ်သင့်ဆုံးသော အချက်လေး ၃ ချက်

မြေရှင်များ မလုပ်သင့်ဆုံးသော အချက်လေး ၃ ချက်
အိမ်ခြံမြေများကို ရောင်းချတဲ့မြေရှင်တွေအနေနဲ့
အိမ်ခြံမြေကို စနစ်တကျနှင့် အမြန်ရောင်းချင်တယ်ဆိုရင်
ဒီအချက်လေးတွေကိုတော့ မလုပ်ဖို့ ရှောင်ကြဉ်သင့်ပါတယ်။
(1) “မိမိခြံကွက်ရှိတဲ့ နေရာက အကျိုးဆောင်အားလုံးကို
အရောင်းအပ်ခြင်း။”
- အကျိုးဆောင်အားလုံးဆီကို အရောင်းအပ်လိုက်တဲ့အခါ
မိမိရဲ့ ခြံကွက်က နေရာတကာမှာ ပြန့်နေပြီး စျေးတွေလည်း
တစ်ခုနှင့်တစ်ခု စျေးပြောင်းတာတွေ ရှိနေတတ်တဲ့အခါ ဝယ်ယူသူ
တွေက စိတ်ဝင်စားမှု့လျှော့ကျကြပါတယ်။
- စျေးတစ်အားဆစ်တတ်ကြတဲ့ ဝယ်သူတွေကို
အကြောင်းပြချက်ပေးပြီး စျေးပိုပြီးခေါ်ရောင်း
ကြတော့ စျေးမဆစ်တဲ့ဝယ်သူတွေနှင့် တွေ့
တဲ့အခါ ပွဲညွှန့်တင်သလိုဖြစ်သွားပြီး နာမ်မည်
ပျက်ရပါတယ်။
PS; Professional ကျတဲ့ အကျိုးဆောင် တစ်ယောက်
ပြီးတစ်ယောက်ဆီမှာအပ်ထားတာကတော့ ကိစ္စမရှိပေမယ့်
အရပ်ထဲက အလုပ်ပေါင်းစုံလုပ်ပြီး အကျိုးဆောင်ဆိုတဲ့
နာမည်ခံကာ အတည်တကျမလုပ်သူကို အပ်ထားမယ်
ဆိုရင်တော့ ရောင်းထွက်ဖို့ ခက်ခဲ သွားနိုင်ပါတယ်။
သေချာတဲ့ အကျိုးဆောင်ဆီမှာ အပ်ဖို့အကြုံပြုပါတယ်။
ကိုယ့်အပ်မယ့်အကျိုးဆောင်ရဲ့ Behavior ကို အရင်
လေ့လာဖို့အတွက်တော့လိုအပ်တာပေါ့...
(2)” ခြံရောင်းမည် ဟူသော ဆိုင်းဘုတ်ကိုတပ်ထားခြင်း”
- မိမိအနေနဲ့ မိမိကိုယ်တိုင်ရောင်းမည်ဟူသော ဆန္ဒဖြင့်
“ခြံရောင်းမည်” ဆိုင်းဘုတ်ကို တပ်ထားလိုက်မယ်ဆိုရင်
ကိုယ့်ခြံဆီကို အမှန်တကယ်ဝယ်သူက ဖြတ်သွားမိလို့
ဆက်သွယ်လာမယ်လို့ ထင်ပါသလား။percentage အရမ်း
နည်းပါတယ်။ခြံအနေအထားကြိုက်လို့ ဆက်သွယ်
လာတာမျိုးက ရှိကောင်းရှိပါလိမ့်မယ် ဒါပေမယ့်
အမှန်တကယ် ဝယ်သူက အရှုပ်အရှင်း
ရှိနေမလား၊စာရွက်စာတမ်းခိုင်မာမလား အစရှိသဖြင့်
ရှောင်လိုက်တာ များပါတယ်။ စျေးတန်းသိချင်လို့
လှမ်းဆက်လာတာလည်း များနေပါလိမ့်မယ်။
(ဘယ်အကျိုးဆောင်မှလည်း မကြိုက်တာအမှန်ပါ။
ကိုယ့်ကိုကျော်ပြီးတော့ ရောင်းသူတွေဆီ တိုက်ရိုက်
ရောက်သွားတဲ့ အတွေ့အကြုံတွေကလည်း ရှိကြ
တာပဲလေ…..)
(တစ်ချို့ဆိုရင် ပွဲစားမလိုဆိုတာလေးပါသေးဗျာ)
(3) “အကျိုးဆောင်အားကျော်ပြီး ဝင်လာသည့်
ဝယ်ယူသူအား ရောင်းသူက သိသိကြီးနှင့်
လက်ခံအရောင်းအဝယ် ပြုလုပ်ခြင်း။”
-သိသိကြီးနဲ့လက်ခံမိခဲ့ပေမယ့် အရောင်းမ
တည့်သွားဘူးဆိုရင်တော့ နောက်တစ်ကြိမ်
အကျိုးဆောင်များက ရောင်းပေးဖို့ ယုံကြည်မှု့
ရှိတော့မှာမဟုတ်တော့ပါဘူး။
ဒီအဆင့်မှာ ခြံရောင်းမည်ဆိုတဲ့ ဆိုင်းဘုတ်
တပ်တဲ့ အမှားတစ်ခုကို လုပ်ရတော့မှာပါ။
ကျော်ပြီးလာတဲ့သူကိုပဲ သူဆစ်တဲ့စျေးအတိုင်း၊
ရတဲ့စျေးနှင့်ရောင်းရတာတွေ ဖြစ်တတ်ပါတယ်။
ဝယ်လိုက်တဲ့သူလည်း နောက်တစ်ချိန်
ပြန်ရောင်းချင်တဲ့အခါ ကျော်သွားတယ်ဆိုတဲ့
သတင်းက နှစ်ဘယ်လောက်ပဲကြာကြာ
အကျိုးဆောင်တွေက မှတ်မိနေပါလိမ့်မယ်။
အဲဒါကြောင့် အကျိုးဆောင်များအားလုံးက
အရောင်း အပ်တာကို လက်ခံတယ်ထားအုံး ဝယ်ယူ
သူလာရင်အဲဒီအကွက်ကို မပြရဲတော့ပါဘူး။
အရှုပ်အရှင်းတစ်ခုခုပြကာ ကျော်တက်သွား
တာနဲ့တင် အဲဒီမြေကွက်က ရောင်းမထွက်တတ်
တော့ပါဗျ။ ( 4:00 PM 28/5/2024 )
လေးစားစွာဖြင့် - နေမင်းထွန်း
👉 သင့်ရဲ့ ပိုင်ဆိုင်မှုတွေကို ဥပဒေ ဗဟုသုတနဲ့ ဝန်းရံထားပါ 👈
Related Posts

Unique Boulder-Embedded Land
အရောင်းပိုစ့်မဟုတ်ပါ။Unique Boulder-Embedded Land အိမ်ခြံမြေနဲ့ပက်သက်ပြီး ၈၀ % သော လူတိုင်း သတိမထားမိသေးတဲ့ အချက်လေးတစ်ချက်ကို မျှဝေပါရစေခင်ဗျာ….အကယ်၍ မိတ်ဆွေက သိရှိနားလည်ပြီးသားဆိုရင်တော့ ၂၀ % ထဲပါနေလို့ သိပ်ထူးဆန်းမှု့မရှိနိုင်ပါ။ပမာ...

ကလောမြို့ကိုယ်စား - ကလောသားတစ်ယောက် အနေဖြင့်....
ကလောမြို့ကိုယ်စား - ကလောသားတစ်ယောက်အနေဖြင့်....❤️ကလောကို ချစ်တဲ့သူ (သို့မဟုတ်) ရေရှည်နေခဲ့တဲ့သူတိုင်း အတွက် သတင်းကောင်း....ယခင်က ရေလည်းပေါ မီးလည်းမှန် ဆိုပြီး နာမည်ကြီးခဲ့လို့ ရပ်ကွက် ၃ သာဆိုရင် ဘယ်နားရရ အကွက်သေးဖြစ်နေပါစေ ပြေးပြီး ဝယ်ထားကြ...

စိတ်ဝင်စားမှု့တွေ တစ်ရှိုန်ထိုးမြင့်တက်နေတဲ့ ရွာမြေကို ဝယ်မယ်ဆိုရင် သတိထားလိုက်နာ ရမယ့်အချက်များ
စိတ်ဝင်စားမှု့တွေ တစ်ရှိုန်ထိုးမြင့်တက်နေတဲ့ရွာမြေကို ဝယ်မယ်ဆိုရင် သတိထားလိုက်နာရမယ့်အချက်များ**********************************(1) ရွာမြေ မှန်မမှန်ဆိုတာကို ကျေးရွာ အုတ်ချုပ်ရေးမှုးနှင့်အတူ သက်ဆိုင်ရာလူကြီးတွေနှင့် သေချာစီစစ်ပါ။(2)ရွာအနီးမှာဆို ပုံစံ...