မြန်မာနိုင်ငံရဲ့ အောင်မြင်သည့် အိမ်ခြံမြေ အကျိုးဆောင်ကောင်း တစ်ယောက် ဖြစ်ရန်အတွက် လုပ်သင့် လုပ်ထိုက်တာတွေ ။
![မြန်မာနိုင်ငံရဲ့ အောင်မြင်သည့် အိမ်ခြံမြေ အကျိုးဆောင်ကောင်း တစ်ယောက် ဖြစ်ရန်အတွက် လုပ်သင့် လုပ်ထိုက်တာတွေ ။](https://cdn.myanmarseo.com/file/yuzanarland-cdn/storage/wApUSlWiPNRqfUwm8tJLyvqZu1OTILazmIfOtN6g.jpg)
မြန်မာနိုင်ငံရဲ့ အောင်မြင်သည့် အိမ်ခြံမြေအကျိုးဆောင်ကောင်း
တစ်ယောက် ဖြစ်ရန်အတွက် လုပ်သင့်လုပ်ထိုက်တာတွေ။
(1) ပထမဦးဆုံး အိမ်ခြံမြေ အကျိုးဆောင် လိုင်စင်ကို
ကိုင်ဆောင်ထား ပြီးပြီဆိုလျှင် အိမ်ခြံမြေနှင့် ပတ်သက်သည့်
စျေးကွက်ကို မိမိကိုယ်တိုင် သေချာစွာ ရှာဖွေရပါမယ် ။
မိမိ အလုပ်လုပ်မယ့် နေရာဒေသမှာ ရှိတဲ့ အိမ်ခြံမြေ
ရောင်းချချင်သူ ၊ ရောင်းချလိုသူ များထံသို့ သွားရောက်
ဆက်သွယ် ခြင်းဖြင့် မိမိဒေသရှိ အရောင်းစာရင်းများကို ရယူပါ။
ရယူပြီး လျှင်လည်း အဆက်အသွယ်မပြတ် ရှိနေပါစေ။
ကိုယ်တိုင် မိတ်ဆက်ပြီး အရောင်းများကို သေချာစွာမှတ်သား သင့်ပါတယ်။
ဒေတာပျောက်သွားမျိုး၊အဆက်အသွယ်မရတော့တာမျိုး
မဖြစ်အောင် လည်း မိမိဘက်က အတတ်နိုင်ဆုံး
ပြင်ဆင် ထားဖို့ လိုအပ်ပါတယ် ။
လွယ်ကူတဲ့ ဒေတာသိမ်းနည်း တွေဖြင့် သိမ်းဆည်းထား
ဖို့လိုအပ်ပါတယ်။
(2) မိမိလုပ်ကိုင် နေတဲ့ အိမ်ခြံမြေလုပ်ငန်း ကို
လက်တွဲ ကူညီနိုင်မယ့်သူ ကို ရှာဖွေထားပါ။
လက်တွဲကူညီ နိုင်တဲ့ သူက ( သင့်မိသားစု ဝင်တွေလည်း
ဖြစ်နိုင်သလို ၊ သင့်နှင့် အတူလုပ်ကိုင်မယ့် အလုပ်တူ
လုပ်သူ တွေလည်း ဖြစ်နိုင်ပါတယ် ) ။
ထိုသူ နဲံ့ အတူ အတွေ့အကြုံကောင်း တွေ မျှဝေရင်း သင်ခန်းစာ
ယူခြင်းဖြင့်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကို ရေရှည်တည်တံနိုင်ပါတယ်။
အိမ်ခြံမြေနှင့်ပတ်သက်သည့် ဗဟုသုတရစရာများ ကိုလည်း
အမြဲမပြတ် လေ့လာ နေဖို့လိုပါတယ် ။
(3) အကျိုးဆောင်ဘဝအောင်မြင်ဖို့ရန်အတွက်
ပြောဆို ဆက်ဆံရေး စွမ်းရည် ကိုလည်း အမြဲမြှင့်တင်ထားပါ။
အကျိုးဆောင်တွေ တော်တော်များများက အပြင်မှာဝယ်သူ ၊
ရောင်းသူတွေ နှင့် တွေ့ဆုံပြီး စကားပြော ဆိုတာတွေ ၊ စာဖြင့်ရိုက်ပြီး
ပြောဆို ဆက်သွယ် ရတာတွေ ၊ ဖုန်းဖြင့် ဆက်သွယ်ပြီး ပြောဆိုရတာတွေ
နဲ့ အချိန်ကုန်ကြ ရပါတယ် ။ မိမိရဲ့ အပြောအဆို အရေးအသား များကို
မြှင့်တင်မထားဘူး ဆိုရင် ရောင်းသူ ၊ ဝယ်သူတွေက မိမိနဲ့
ပြောဆို ဆက်သွယ်ရတာ အခက်အခဲ ဖြစ်သွားပါလိမ့်မယ် ။
(4) အိမ်ခြံမြေနှင့်ပတ်သက်တဲ့ ဗဟုသုတများ နှင့်
သင်စရာရှိတာ များအပေါ်မှာ မိမိအချိန်ကို ရင်းနှီးမြုပ်နှံပါ။
အိမ်ခြံမြေ ဆွေးနွေးပွဲများ ၊ ကိုယ်စာလှယ်တက်ရောက်ပွဲ များကိုလည်း
တက်ရောက်ဖို့ မမေ့ပါနဲ့ ၊ ဒီနေရာ ကနေ တစ်ဆင့် အတွေ့အကြုံသစ်တွေ
မေးစရာ ရှိတဲ့ မေးခွန်းတွေ မေးခြင်းဖြင့် အသိများမြှင့်မား စေနိုင်ပါတယ် ။
အိမ်ခြံမြေ နှင့် ပတ်သက်သည့် ဥပဒေရေးရာ များနှင့်
ဖြေရှင်းနည်း များကိုလည်း အမြဲမပြတ် လေ့လာနေဖို့ လိုအပ်ပါတယ် ။
ဒါအပြင်ကိုမှ Professional ကျကျ ဓာတ်ပုံရိုက် တတ်ဖို့လည်း
လိုအပ်ပါသေးတယ် ။ ကိုယ့်အရောင်း တွေကို ဝယ်သူတွေကို
ရှင်းရှင်းလင်းလင်း ရိုက်ပြပြီး ပို့ပေးနိုင်မှ သာလျှင်
ဝယ်ယူသူ ဆီကနေ စိတ်ဝင်စားခြင်း ခံရမှာပါ။
(5) အသုံးပြုနေတဲ့ social network ကိုလည်း
ထပ်မြှင့်တင်ဖို့လိုအပ်ပါတယ်။
မိမိရဲ့ အကောင့် မိမိတို့ရဲ့ အိမ်ခြံမြေ group တွေမှာ
ဝေးဝေးမှ တစ်ခါလောက် အရောင်းပြ နေတာမျိုး မဟုတ်ဘဲ
နေ့တိုင်းနီးပါး ပြသနေမှ သာလျှင် အပြိုင်အဆိုင် လုပ်တဲ့ခေတ်ကြီးမှာ
ဝယ်ယူသူတွေက မိမိအား မြင်တွေ့နိုင်မှာပါ။ တစ်နေရာတည်းမှာ
ဆက်တိုက် အရောင်းပြ နေတာမျိုး မဟုတ်ဘဲ ဝယ်ယူသူတွေ
ရှိတတ်တဲ့ နေရာဖြစ်တဲ့ အိမ်ခြံမြေရောင်းဝယ်ငှားAPPနှင့် website မှာလည်း
မိမိ အရောင်းတွေ ထပ်မံပြသ ထားဖို့ လိုအပ်ပါသေးတယ် ။
Related Posts
![ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့](https://cdn.myanmarseo.com/file/yuzanarland-cdn/storage/97RqiY95Ss3QkfZkV9n60vmyDSy6L1aRJxNcJruj.jpg)
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...
![အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?](https://cdn.myanmarseo.com/file/yuzanarland-cdn/storage/9zGzvwjXttYarpWGaed2mbujN50pHkkEo7uqC6SJ.jpg)
အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...
![ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်](https://cdn.myanmarseo.com/file/yuzanarland-cdn/storage/qImP0ZP4qf4JQQ7QNiiVfx3TuyokJ1KGTElgCX1j.jpg)
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...