အိမ်ခြံမြေအကျိုးဆောင်တစ်ယောက်ဖြစ်ရခြင်း၏ အကျိုးကျေးဇူးများနှင့် အရည်အချင်းကောင်းများ (၆)ချက်

21-Sep-23 Knowledge
အိမ်ခြံမြေအကျိုးဆောင်တစ်ယောက်ဖြစ်ရခြင်း၏ အကျိုးကျေးဇူးများနှင့် အရည်အချင်းကောင်းများ  (၆)ချက်

  အိမ် ခြံ မြေ အကျိုးဆောင်တစ်ယောက်ဖြစ်ရခြင်း၏ အကျိုးကျေးဇူးများနှင့် အရည်အချင်းကောင်းများ  (၆)ချက်
   
(၁) အကျိုးဆောင်များဟာ မိမိတို့ရဲ့အလုပ်ချိန်ကို ကိုယ်ပိုင်ဇယားနှင့် သတ်မှတ်ပြီး အသုံးချနိုင်ပါတယ်။ အလုပ်ချိန်ကို အချိန်အကန့်အသတ် မထားဘဲ ကိုယ်ဆွဲထားတဲ့ အစီအစဉ်အတိုင်း စိတ်တိုင်းကျ လုပ်ဆောင်နိုင်တဲ့ ဂျိုသားတွေပါ။အလုပ်လုပ်နေရရင် ပိတ်ရက်ဆိုတာ လည်းမရှိ ၊ ထမင်းမေ့ ၊ ဟင်းမေ့ အချိန်ကုန်လို့ ကုန်မှန်းတောင်မသိ ဖြစ်တတ်ကြပါသေးတယ်။
(၂) တခြားသူတွေလိုမျိုး သူတို့မှာ သတ်မှတ်ထားတဲ့လစာ ဆိုတာမရှိပါဘူး။ အိမ် ခြံ မြေ အရောင်းအဝယ်ဖြစ်မှသာလျှင် ကော်မရှင်ခ(အခုခေါ်ပွဲခ၊အကျိုးဆောင်ခ)သာ ရရှိကြတာပါ။ ဆိုလိုတာကတော့ ပိုမိုပြီး ကြိုးစားအားထုတ်လေ လမ်းကြောင်းမှန်လေ အချိန်ဝင်ငွေပိုရလေပါပဲ။ ပျင်းနေရင်‌တော့ အကျိုးဆောင်လောကထဲ ဝင်လာပြီးခနထဲနဲ့‌ ပျောက်ကွယ်သွားကြတဲ့ အကျိုးဆောင်တွေ လည်းရှိပါတယ်(အကုန်လုံးကိုတော့ မဆိုလိုပါဘူး အ‌ကြောင်းအမျိုးမျိုးကြောင့် အကျိုးဆောင် အလုပ်မလုပ်နိုင်တော့တဲ့သူတွေ လည်းရှိပါတယ်။)
(၃) နောက်ထပ် လူတွေသတိမထားမိစေလောက်တဲ့ အကျိုးရှိတာတစ်ခုကတော့ အကျိုးဆောင်များဟာ ဝယ်သူ စိတ်မကျေမနပ်မချင်း လိုချင်တဲ့အိမ် ၊ အလိုရှိတဲ့အိမ်ကို ပြပေး ရှာပေး ရောင်းပေး တတ်ကြပါတယ်။အဲဒီအခါမှာ အရောင်းအဝယ် ဖြစ်သွားခဲ့လျှင် အိမ်ရောင်းချသူမှာလည်း အရောင်းထွက်ချင်တဲ့ အခက်အခဲ‌ ပြေလည်သွားကာ ဝယ်ယူသူမှာလည်း စိတ်တိုင်းကျ အိမ် ခြံ မြေ ကိုရရှိပြီးမှဝယ်ယူ‌ ခြင်းဖြစ်တဲ့အတွက်ကြောင့်‌
ရောင်းသူ ၊ ဝယ်သူ ၊ အကျိုးဆောင် သုံးဦးစလုံး အကျိုးရှိစေပါတယ်။
(၄) အကျိုးဆောင်များဟာ ရောင်းသူ ၊ ဝယ်သူ ၊ ငှားသူ ၊ ရှေ့နေ ၊ အကျိုးဆောင်အချင်းချင်း စသူတို့နှင့်တွေ့ဆုံပြီး အလုပ်လုပ်ပါတယ်။စတဲ့ကောင်းမွန်တဲ့ ပတ်ဝန်းကျင် ဆက်ဆံရေးတွေကြောင့် အလားအလာရှိပြီး အကျိုးအမြတ်
ကောင်းသော စီးပွားရေးအခွင့်အလမ်းများ ကို ဖြစ်ပေါ်စေပါတယ်။
(၅) အကျိုးဆောင်များအနေဖြင့် မိမိတို့အထက်တွင် မိမိတို့သာ ရှိသည့်အတွက်ကြောင့် အလုပ်လုပ်ကိုင်သည့်အခါ လွတ်လပ်ပြီး ကိစ္စအဖြစ်အပျက် တစ်ခုချင်းစီတိုင်းက စိတ်ဝင်စားဖို့ ကောင်းပါတယ်။(ဥပမာ- မိမိအရောင်းဆီ အရောင်းအပ်ထားတဲ့ အိမ်‌ ခြံ မြေ က စည်းကမ်းမရှိသူထံကနေ ကျော်ခွတာ ခံလိုက်ရတာမျိုး ၊ ရောင်းချတဲ့အိမ် ခြံ မြေ က အရှုပ်အရှင်း ဖြစ်နေတာမျိုး၊ စရံချခါနီး ပွဲပျက်သွားတာမျိုး)
ဒါမျိုးတွေလည်း ခနခနဆိုသလို ကြုံနိုင်ပြီး ရေရှည်အလုပ်လုပ်လာလေ အိမ် ခြံ မြေ နယ်ပယ်မှာ ဗဟုသုတ ပိုရလေလေဖြစ်ပါတယ်။(ခံရပါများတော့ နပ်သွားပြီပေါ့)

(၆) အိမ် ခြံ မြေ အကျိုးဆောင်များဟာ မိမိတို့နယ်ပယ်မှာရှိတဲ့ အိမ် ခြံ မြေ စျေးကွက် အကြောင်းစုံကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်ကြပါတယ်။ဒါကြောင့် ဝယ်သူများအား တိကျသေချာစွာ ရှင်းပြနိုင်သည့်အတွက်ကြောင့် ရေရှည်လုပ်ကိုင်နိုင်ပြီး အကျိုးဖြစ်ထွန်းကြပါတယ်။

အကျိုးတစ်ယောက်ဖြစ်ရခြင်းရဲ့ အကျိုးကျေးဇူးတွေများစွာ ရှိပေမယ့်လည်း အလုပ်အပေါ်မှာ စိတ်ပါဝင်စားစွာနဲ့ တိကျသေချာစွာလုပ်ဆောင်မှသာလျှင် ရေရှည်အကျိုးဖြစ်ထွန်းနိုင်မှာပါ။ခနလေးနဲ့ဝင်လာပြီး ရေပေါ်ဆီလုပ်ရုံဖြင့် အများကြီးမျှော်လင့်လို့ မရကြောင်းပါခင်ဗျာ။


အကျိုးဆောင်များအနေဖြင့်လည်း မိမိတို့ရဲ့အရောင်းတွေကို market share နေရာတစ်နေရာပိုရနိုင်ရန်အတွက် မိမိတို့ရဲ့အကောင့်လေး Yuzanaraland Application မှာမရှိသေးဘူးဆိုရင် အခုပဲ Register လုပ်ထားလိုက်ပါ။

Application မရှိသေးသူအတွက် အောက်မှ Link 👇 ကိုနှိပ်ပြီး အခမဲ့ ဒေါင်းယူလိုက်ပါ...
.
� Android အတွက် Play Store မှ ဒေါင်းရန် 👇-
https://www.yuzanarland.com/g/pwipE
.
� IOS အတွက် App Store မှ ဒေါင်းရန် 👇-
https://www.yuzanarland.com/g/zuMK5

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate