ဒီ(6) ချက်တွေနှင့် ကိုက်ညီနေမယ် ဆိုရင်တော့ သင့်ရဲ့အိမ်ခြံမြေ အကျိုးဆောင်ဘဝ တိုးတက်မှာအမှန်အကန်ပါပဲ။
(1) ကျွမ်းကျင်တဲ့ အကျိုးဆောင် ဖြစ်ဖို့ဆိုရင်တော့ ဆက်သွယ်ရေး၊
ပြသာနာဖြေးရှင်းနိုင်ခြင်း နှင့်ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊
စျေးကွက်ရှာဖွေခြင်း နှင့် ကိုယ်ကိုင်တဲ့နယ်ပယ်ဒေသ
ကျွမ်းကျင်ခြင်း တို့ဖြစ်ပါတယ်။ ဒီကျွမ်းကျင်မှု့ကနေပြီး
ကိုယ့်ဝယ်လက်ကို ဆွဲဆောင်နိုင်မှာပါ။
(2) တရားဝင်တာနှင့် တရားမဝင်တာဆို လူတွေက
တရားဝင်ဆီမှာပဲ လာရောက်ဝယ်ယူမှာပါ။
ဒါကြောင့် အကျိုးဆောင် လုပ်တယ်ဆိုကတည်းက အကျိုးဆောင်လိုင်စင် တော့ရှိထားသင့်ပါတယ်။(ဒါကတော့ သိကိုသိထားသင့် လုပ်ထားသင့်တဲ့အခြေခံအချက်လေးပါပဲ။
(3) မိမိနှင့်လုပ်ငန်းတူ အကျိုးဆောင်များနှင့်လည်း ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်တတ်ပါစေ။
ပူပေါင်းဆောင်ရွက်ရာကနေ အကျိုးအမြတ်ကောင်းများနှင့်
အတွေ့အကြုံကောင်းများ ကိုလည်း ရရှိစေပါတယ်။
(4) နေ့စဉ်နှင့်အမျှ ပြောင်းလဲနေတတ်တဲ့ ကမ္ဘာကြီးမှာ ကိုယ်သိထားတာတွေ လည်းပြောင်းလဲ သွားတာမျိုးတွေ
ဖြစ်တတ်တာကြောင့် နေ့စဉ်အမြဲ အိမ်ခြံမြေနှင့် ပတ်သက်တဲ့ ဗဟုသုတ ၊ဆောင်းပါးများ ကိုလည်း ဖတ်ရှု့ဖို့မမေ့ပါနဲ့နော်။
နောက်ဆုံးပေါ် ခေတ်ရေစီးကြောင်းက ဖြစ်ပျက်နေတဲ့ အိမ်ခြံမြေလောကအကြောင်းလည်း နားလည်တာပေါ့။
(ဥပမာ-ဂရန်အမည်ပေါက်မဟုတ်ရင် ရောင်းဝယ်လို့မရဘူးဆိုတဲ့ ပွဲတုန်းကဆိုရင် ကိုယ်ကအရင် ရောက်နေတာမျိုး .နောက်တာပါ)
(5) ထိရောက်စွာ ပြောဆိုဆက်ဆံတတ်ခြင်းဖြင့် အကျိုးဆောင် ဘဝတိုးတက်မှု့ကို ပွင့်လန်းစေပါတယ်။ တုံးတိကြီး customer ကိုပြောမယ်ဆိုရင်တော့ ခနလေးအတွင်း မှာတင် ကိုယ့်အကျိုးဆောင်ဘဝက ရပ်နားသွားရပါလိမ့်မယ်။
စေ့စပ်ညှိနှိုင်း ဆောင်ရွက်တတ်တဲ့ အတတ်ပညာကိုလည်း ပိုမို သင်ယူထားသင့်ပါတယ်။
(6) IT ခေတ်ကြီးထဲမှာ အိမ်ခြံမြေဝယ်ယူသူအများစုဟာ ကိုယ့်အတွက် အကျိးအမြတ်ရှိစေမယ့် အိမ်ခြံမြေကို ကြည့်ဖို့ပေးရတဲ့ အချိန်ဟာတန်ဖိုးရှိလှပါတယ်။ တန်ဖိုးရှိတဲ့ အချိန်တွေမှာ အိမ်ခြံမြေကြည့်ရှု့တာနဲ့ပဲ
အချိန်ကုန်နေမယ်ဆိုရင် မကြိုက်ကြတော့ပါဘူး။ ဒါကြောင့် Internet ကနေပဲ အရင်ဦးစွာ အိမ် ခြံ မြေ တွေကို ကြည့်ရှု့ပြီးမှသာလျှင် အကြိုက်တွေ့မှ မြေပြင်သွားကြတာပါ။
အဝယ်တော် customer တွေ အကြိုက်တွေ့စေဖို့ မိမိရဲ့ အရောင်းဒေတာတွေကို ပြသနေဖို့ကလည်း အရေးကြီးနေပါတယ်။
မိမိရဲ့ အကျိုးဆောင်ဘဝကြီး အဆင်ပြေချော မွေ့စေဖို့ update လေးတော့ အမြဲ လုပ်နေဖို့ လိုအပ်ပါတယ်။
ကိုယ့် ဝယ်လက် တွေရနိုင်မယ့် တခြားကိုယ့်အရောင်းတွေ ပြသလို့ရမယ့်
မြန်မာနိုင်ငံက အိမ်ခြံမြေ အကျိုးဆောင် များအတွက် အသုံးပြုရတာလည်း
လွယ်ကူတဲ့ အိမ်ခြံမြေApplication လေးရှိပါတယ်။
ဒေါင်းဖို့အတွက် linkပါထည့်ထားပေးလိုက်ပါတယ်။
Play store-https://www.yuzanarland.com/g/pwipE
Apple store-https://www.yuzanarland.com/g/zuMK5
ဝယ်လက်တွေ အသုံးပြုတာများ အကြည့်များတဲ့နေရာမှာ
မိမိအရောင်းလေးကို မြင်သာနိုင်အောင် ပြသထားဖို့ လိုအပ်ပါမယ်နော်။
Related Posts
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...
အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...