အိမ်ခြံမြေအကျိုးဆောင် အလုပ်ကို အတည်တကျလုပ်ကိုင်နေကြသော အကျိုးဆောင်များအနေဖြင့် အိမ်ခြံမြေ ဝယ်ယူသူများအကြောင်းနှင့် သူတို့ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို ထပ်မံဖော်ပြပေးလိုက်ပါတယ်။
(1) ပထမဆုံးအကြိမ် အိမ်ခြံမြေဝယ်ယူသူများ
ပထမဆုံးအကြိမ်ဝယ်ယူခြင်းဖြစ်တဲ့အတွက်ကြောင့် သူတို့တွေရဲ့ ဘတ်ဂျက်နဲ့ပတ်သက်ပြီး လက်တွေ့မကျတာတို့ ၊တွေဝေနေတာတို့ဖြစ်နိုင်ပါတယ်။ဥပမာပြောရရင်- ကိုယ်တိုင်ဝယ်ယူဖူးတဲ့အတွေ့အကြုံက မရှိ ကြားဖူးနားဝတော့ရှိပေမယ့်
တကယ့် လက်တွေ့ဝယ်ရတဲ့ အခါ ကိုယ့်မှန်းတားတဲ့ စျေးနဲ့ ကိုယ်ကြိုက်တဲ့စျေးက မကိုက်တဲ့အခါ စိတ်ပျက်သွားနိုင်ပါတယ်။
ကိုယ်ကိုင်တဲ့နယ်ပယ်ရဲ့ အိမ်ခြံမြေစျေးကွက်နဲ့ ပတ်သက်ပြီး သေချာလေးနားလည်အောင် ရှင်းပြတတ်ပါစေ။(အသိ အကျိုးဆောင်တစ်ယောက်ကတော့ သူ့ဝယ်လက်ကို သေချာလေးရှင်းပြလိုက်တာ သူ့ဝယ်လက်ပါ အကျိုးဆောင်ဖြစ်သွားပါတယ်ဆိုပြီးပြောပြတာ ကြားဖူးပါတယ်။)ဒီလိုမျိုးကတော့ တစ်ရာမှာ တစ်ယောက်ပါပဲ ဘာပဲပြောပြော ကိုယ့်ဆီကနေဝယ်ယူမယ့် ဝယ်သူအသစ်ကိုနားလည်အောင်ရှင်းပြရမှာကတော့ ကိုယ့်အပိုင်းပေါ့။ဒီလိုကနေပြီး သူတို့လိုချင်တဲ့ အိမ်ခြံမြေများကို အကျိုးဆောင်ဖြစ်တဲ့ မိမိအနေနဲ့ကူညီနိုင်မှာပါ။
(2) ကိုယ့်ဒေသမှာ တန်ဖိုးကြီးတဲ့အိမ်ခြံမြေများစွာထဲကိုမှ ကိုယ့်ဘတ်ဂျက်ကို အနည်းငယ်ပဲ သုံးချင်တဲ့ ဝယ်သူ။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဆီလာတဲ့ ဝယ်သူကို ကိုယ့်အနေဖြင့် သေချာဧည့်ခံရှင်းပြရမှာပါ။ဒီ ဝယ်သူတွေကို
ယဉ်ယဉ်ကျေးကျေးလေးပြောရရင် သူတို့ရဲ့ ဘဏ္ဍာရေးအခြေအနေနှင့် လိုက်လျောညီထွေမရှိတဲ့ မျှော်လင့်ချက်ကြီးကြီးမားမားရှိနေသူတွေပါ။သူတို့တွေကို ဒီဒေသမှာရှိတဲ့ အိမ်ခြံမြေပေါက်စျေးများကို သေချာလေးနားလည်အောင် ရှင်းပြပေးနိုင်ရင် ပိုကောင်းပါတယ်။ဝယ်သူအနေနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားတဲ့ ဘတ်ဂျက်က ဒီအိမ်ခြံမြေမျိုးကိုသာ ရရှိနိုင်ကြောင်းကိုလည်း သေချာလေးပြောပြနိုင်ရင်အဆင်ပြေပါတယ်။သို့ပေမယ့် သာမန်ထက်ကို ပိုလာတဲ့အခါ ကိုယ့်အတွက် အချိန်ကုန်မယ့်အတူတူ မပြသပေးတော့တာမျိုးလည်း လုပ်နိုင်ပါတယ်။
(3)ပြတ်ပြတ်သားသား မရှိတဲ့ ဝယ်ယူသူ
ဒီတစ်ယောက်ကတော့ နံပါတ်(2)က ဝယ်သူထက်ကို ပိုဆိုးပါတယ်။အခု (2000)ဝန်းကျင် သုံးမယ် ပြောလိုပြောပြီး
ခနနေလောက်မှာ (1000)ဝန်းကျင်ပဲ သုံးတော့မယ်လို မျိုး လုပ်တတ်တဲ့သူပါ။ဒါမှမဟုတ်လည်း သူတို့ရဲ့ စိတ်ထဲမှာ ဆုံးဖြတ်ချက်ချရန်အခက်အခဲ ရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သူတို့တွေကို အဖွင့်မေးခွန်းတွေ မေးပေးပြီး ၊သူတို့ရဲ့လိုအပ်ချက် လိုလားချက်တွေကို နားထောင်ကာ အဆုံးအဖြတ်လွယ်အောင် ပြုလုပ်ပေးသင့်ပါတယ်။သို့ပေမယ့် ဟိုမေးဒီမေး ဒေတာနိုက်တာလိုမျိုးဆိုရင်တော့ တစ်ကွက်နှစ်ကွက်ပြပြီး ဖြတ်လိုက်တာပဲကောင်းပါတယ်။
(4) နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ နံပါတ်(4)အချက်က ဝယ်သူကတော့ လုံးဝကိုသေချာပေါက်ဝယ်မယ့်သူ
Psycho ဖောက်သည်တွေပါ။
သေချာပေါက်ဝယ်မယ့်သူကို Psycho ဖောက်သည်လို့ပြောလို့ စိတ်မဆိုးကြပါနဲ့အုံး အကျိုးဆောင်တို့ရေ။သူတို့တွေ အနေနဲ့ ငွေအလုံးအရင်းကြီးပေးချေမယ့် အိမ်ခြံမြေအတွက် သေချာလေးစဉ်းစား ဆုံးဖြတ်ရပါတယ်။ထို့အပြင် ပြတ်ပြတ်သားပြောဆိုတာတွေလည်း ကြုံရနိုင်ပါတယ်။ဒီလိုအချက်တွေက ကောင်းတဲ့ အချက်ပါ။သူတို့တွေလို ဝယ်သူတွေကို အေးဆေး
တည်ငြိမ်စွာဖြင့် Professional ကျကျ ပံပိုးကူညီတတ်မှဖြစ်ပါမယ်။တစ်ခါတစ်ရံမှာ သူတို့တွေအနေနဲ့လည်း လက်တွေ့မကျတဲ့ သတ်မှတ်ချက်တွေ (ဥပမာ-တိတ်ဆိတ်တာလည်းလိုချင်တယ်၊စျေးနဲ့လည်းအရမ်းနီးချင်တယ် လိုမျိုးပေါ့)။သူတို့အဓိက လိုအပ်ချက်များကိုအခြေခံကာ အိမ်ခြံမြေအရောင်းရဲ့ အားသာချက်များကို ထုတ်ဖော်ရင်း ညှိနှိုင်းပေးနိုင်ပါတယ်။
ဒါကတော့ အိမ်ခြံမြေ ဝယ်ယူသူများအကြောင်း ပါ။
Related Posts
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...
အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...